မြန်မာနိုင်ငံနယ်စပ်မှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နှင်းဖို့ဆိုပြီး ထိုင်းအစိုးရက နယ်စပ်မြို့တချို့မှာ လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်လိုက်တာ ဒီကနေ့နဲ့ဆို အချိန်ကာလ ၁ လရှိပါပြီ။
ယူကရိန်းက ရုရှားနဲ့စစ်ကို မြန်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ဖို့ အဆင်သင့်ရှိပြီး အမေရိကန် သမ္မတ ထရမ့်ရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုအောက်မှာ ငြိမ်းချမ်းရေး သဘောတူညီချက်ရအောင် အလုပ်လုပ်လိုပါတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
သူတို့နိုင်ငံထဲ သွင်းလာတဲ့ အမေရိကန် ထုတ်ကုန်တွေအပေါ် တန်ပြန် အခွန်ချမယ်လို့ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။
ယူကရိန်းကို အမေရိကန်က စစ်ရေးထောက်ပံ့မှု ရပ်ဆိုင်းလိုက်တဲ့အတွက် ဥရောပ ခေါင်းဆောင်တွေဟာ ရုရှားအန္တရာယ်ကနေ ဥရောပကိုကာကွယ်ရေး ခြေလှမ်းတွေ ဆွေးနွေးဖို့အတွက် ကြာသပတေးနေ့ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံကြပါမယ်။
နျူကလီးယား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံငယ်တခု တည်ဆောက်ဖို့ သဘောတူခဲ့ကြောင်း သမ္မတပူတင်က အင်္ဂါနေ့မှာ ပြောကြောင်း အေပီသတင်းက ပြောပါတယ်။
စင်ကာပူမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ လက်ချက်နဲ့ ငွေအမြောက်အများဆုံးရှုံးခဲ့တာကြောင့် အဲဒီလို လိမ်လည်သူတွေကို ကြိမ်ဒဏ်ပေးသွားဖို့ စဥ်းစားသုံးသပ်နေတယ်လို့ စင်ကာပူအာဏာပိုင်တွေက ဒီကနေ့ ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နဲ့ အနီးဝန်းကျင်မှာ ဒီသီတင်းပတ်ထဲ စစ်ကောင်စီတပ်ရဲ့ စစ်ဆင်ရေးတွေ ကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ မိုးဗြဲ မြို့နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီက မြေပြင်ရောဝေဟင်ကပါ ထိုးစစ်ဆင်နေတာလို့လည်း ပြောပါတယ်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရှိနေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်ကနေ ကယ်ထုတ်နိုင်တဲ့ ကင်ညာနိုင်ငံသား (၆၀) ကျော်ဟာ လက်ရှိ ထိုင်း-မြန်မာနယ်စပ်မှာ ပိတ်မိနေကြောင်း ကင်ညာအစိုးရက ဒီကနေ့ မတ်လ (၄) ရက်နေ့မှာ ပြောပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ (CCP) နဲ့ တရုတ်လူမျိုးတွေကြား ကွဲပြားခြားနားမှုရှိကြောင်း ရှင်းလင်းဖော်ပြ ထားပြီး ပြိုင်ဘက်နှစ်နိုင်ငံကြား တရုတ်နိုင်ငံသားတွေအပေါ် အမေရိကန်ပြည်ထောင်စုက ရန်သူအဖြစ် မရှုမြင်ကြောင်း ဗွီအိုအေကတွေ့ရှိခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတွင်း ညွှန်ကြားချက်မှာ ဖော်ပြ ထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားသမ္မတ Putin မော်စကိုမြို့တော် ကရင်မလင်မှာ ဒီနေ့ လက်ခံတွေ့ဆုံပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းခဲ့တာ၊ ၂၀၂၂ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တာတွေကြောင့် အနောက်နိုင်ငံတွေက ဝိုင်းပယ်ခံနေရတဲ့နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်နေတာပါ။
အမေရိကန်သမ္မတ Donald Trump ဒီကနေ့ မတ်လ (၄) ရက် အင်္ဂနေ့ညမှာ ကွန်ဂရက်စ်လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။ ဒီမိန့်ခွန်းထဲမှာ အမေရိကန်စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒအကြောင်း ပြောမယ်လို့ ခန့်မှန်းရပါတယ်။
“အားလုံးသိကြတဲ့အတိုင်း သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမယ့်အစီအစဉ် နောက်မှလုပ်မယ့်အစား အခုသီတင်းပတ်အစောပိုင်းမှာ စပါမယ်။ အစောပိုင်းတုန်းကတော့ ဧပြီလ (၂) ရက်၊ ဒါမှမဟုတ် ဧပြီလ (၁) ရက်နေ့မှာစဖို့ပါ။ ဒါပေမဲ့ ဧပြီလ (၁) ရက်၊ April Fool's Day မှာမလုပ်ချင်လို့ပါ၊ ဒါကငွေကုန်ကြေးကျများနိုင်ပါတယ်။” (သမ္မတ Trump)
ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံအကဲခတ်တွေက ပြောပါတယ်။ စစ်ရေး ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ်နဲ့ ကပ်လျက်ရှိနေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းတို့ကိုပါ ပျံ့နှံ့လာနေတယ် လို့လည်း ပြောပါတယ်။
ယူကရိန်းကိုပေးနေတဲ့အကူအညီတွေ ဆိုင်းငံ့တာနဲ့ပတ်သက်ပြီး “သမ္မတက ငြိမ်းချမ်းရေးအပေါ် အာရုံစိုက်ဆောင်ရွက်တာ ရှင်းပါတယ်။ ကျနော်တို့ လက်တွဲဘက်တွေ အနေနဲ့ အဲဒီရည်မှန်းချက်နဲ့ပတ်သက်ပြီး ထပ်တူရပ်တည်ဖို့ လိုအပ်ပါတယ်။” လို့လည်း ထရမ့်အစိုးရ အဆင့်မြင့် အရာရှိတဦးက VOA ကို အီးမေးနဲ့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့ ကီလိုမီတာအနည်းငယ်ပဲဝေးတဲ့ ရိုမေးနီးယားနိုင်ငံထဲမှာ နေတိုးတပ်ဖွဲ့ရဲ့ အသစ်ဖွဲ့စည်းထားတဲ့ အလျင်အမြန်တုံ့ပြန်နိုင်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားကို စမ်းသပ်နေပါတယ်။ ဒီလေ့ကျင့်မှုနဲ့ နေတိုးရဲ့ ဆင့်ကဲပြောင်းလဲလာပုံအကြောင်း Myroslavsa Gongadze သတင်းပေးပို့ထားပါတယ်။ ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ယူကရိန်းကိုပေးတဲ့ အမေရိကန်အကူအညီ ဆိုင်းငံ့ထားဖို့ အမေရိကန်သမ္မတ Donald Trump က ညွှန်ကြားထားကြောင်း အိမ်ဖြူတော်က မတ်လ ၃ ရက် တနင်္လာနေ့နှောင်းပိုင်းက ကြေညာပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးရဲ့ ပြောဆိုချက်ဟာ အဆိုးဝါးဆုံး ပြောဆိုချက်ဖြစ်ပြီး အမေရိကန်က သိပ်အကြာကြီး သည်းခံနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတက ပြောလိုက်ပါတယ်။
နည်းပညာပစ္စည်းတွေရဲ့ ချစ်ပ် ထုတ်လုပ်ရေးဟာ အမေရိကန်အတွက် အမျိုးသားလုံခြုံရေးကိစ္စဖြစ်တယ်လို့ အမေရိကန်သမ္မတထရမ့်က ပြောလိုက်ပါတယ်။
အမေရိကန်က အခွန် ထပ်မံ တိုးမြှင့်ချမယ့်နေ့မှာပဲ တရုတ်ကလည်း ပြည်သူ့အတိုင်ပင်ခံညီလာခံကို အင်္ဂါနေ့မှာကျင်းပဖို့ ခေါ်ယူလိုက်ပါတယ်။ နောက်တရက်မှာ အမျိုးသား ပြည်သူ့ ကွန်ဂရက်ခေါ် လွှတ်တော်ကိုလည်း ခေါ်ထားပါတယ်။
ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းက Mannheim မြို့မှာ လူအုပ်ထဲကို ကားက ဝင်တိုက်တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရသွားသလို အစ္စရေးနိုင်ငံ Haifa မှာလည်း ဓားနဲ့ တိုက်ခိုက်တဲ့အတွက် လူတယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်