ရန်ကုန်မှာ ပုဂ္ဂလိကဆေးရုံတချို့ ယာယီ ပိတ်သိမ်းကြောင်း ကြေညာပါတယ်။ ဆေးရုံပြင်ဆင်ဖို့ အတွက်ဆိုတဲ့ အကြောင်းပြချက်မျိုး ပြောထားပေမဲ့ ဘယ်အချိန် ဆေးရုံလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်မလဲ ဆိုတာကိုတော့ ကြေညာမထားပါဘူး။
မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရွာသား (၁၅) ယောက်ထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မန္တလေးတိုင်း မြင်းခြံမြို့မှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။
ဒီသီတင်းပတ်အတွင်း ကွန်ဂရက်စ်လွှတ်တော်မှာ အစိုးရ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီးအမေရိကန်သမ္မတ Donald Trump မိန့်ခွန်းပြောရာမှာ အစိုးရ အကောင်အထည်ဖေါ်ဆောင်ရွက်နေတာတွေ ပါဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲအရေး ဆွေးနွေးဖို့ ယူကရိန်း သမ္မတZelenskyy နဲ့ ဥရောပခေါင်းဆောင်တွေ တနင်္ဂနွေနေ့က လန်ဒန်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Arash Arabasadi ရဲ့ သတင်းအပြည့်အစုံကို မခင်လေးက ပြောပြပေးပါမယ်။
ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့ (၉၇) ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို "The Brutalist" ရုပ်ရှင်ဇာတ်ကားနဲ့ Adrien Brody က ရရှိပြီး နှစ်ထပ်ကွမ်း အော်စကာဆုရှင်ဖြစ်လာပါတယ်။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Mikey Madison က "Anora" ဇာတ်ကားနဲ့ ရရှိတာ ပါ။
နိုင်ငံဖြတ်ကျော်ကျူးလွန်တဲ့ တရားမဝင်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နယ်စပ်ဒေသတလျှောက်မှာ တိုးလာနေတာတိုက်ဖျက်ဖို့ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံကြား နှစ်နိုင်ငံနယ်စပ်တချို့မှာ တံတိုင်းတည်ဆောက်ဖို့ လေ့လာနေကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ (၄) နှစ်တာ ကာလအတွင်း ၂၀၂၄ ခုနှစ်မှာ အရပ်သားတွေ အများဆုံး သေဆုံးခဲ့တယ်လို့ ဒီကနေ့ တနင်္လာနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ (၅၈) ကြိမ်မြောက် အစည်းအဝေးအတွင်း မဟာမင်းကြီး Volker Türk က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းပေါင်းစုံကြား စီးပွားရေးကျဆင်းမှု တွေနဲ့အတူ အိမ်ခြံမြေဈေးကွက်ကိုလည်း ထိခိုက်နေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
ယူကရိန်း မြေရှားသတ္ထု တူးဖေါ်ဖို့အရေး အမေရိကန်နဲ့ သဘောတူညီချက်လက်မှတ် ရေးထိုးဖို့ အဆင်သင့်ရှိနေကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတ Donald Trump နဲ့ ဆက်ဆံရေးပြန်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ကြောင်းလည်း မတ်လ ၂ ရက် တနင်္ဂနွေနေ့တုန်းက ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ စစ်ကောင်စီ အဆင့်မြင့်အရာရှိတွေ လိုက်ပါသွားခဲ့ကြပြီး မနက်ဖြန် အင်္ဂါနေ့မှာ ရုရှားသမ္မတနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့လည်း ရုရှားနိုင်ငံက သတင်းတွေမှာ ဖော်ပြနေကြတာပါ။
ရန်ကုန်မြို့က မြို့နယ်တော်တော်များများမှာ ဒီကနေ့ မတ်လ ၃ ရက် မနက်ပိုင်း ၁၀ နာရီအချိန်က အင်အား အနည်းငယ်ရှိတဲ့ ငလျင်အတော်ကြာလှုပ်ခတ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။
အာဖဂန်နစ္စတန်မှာရှိတဲ့ အရင်တုန်းက အမေရိကန်ရဲ့ အရေးကြီးတဲ့ စစ်စခန်းကို တရုတ်က ထိန်းချုပ်ထားတယ် လို့ မကြာမီက အမေရိကန်သမ္မတ ထရမ့် ပြောခဲ့တာကို တာလီဘန် တာဝန်ရှိသူတွေက ငြင်းဆိုလိုက်ကြပါတယ်။
ရုရှားရဲ့ သုံးနှစ်ကြာ ယူကရိန်း ကျူးကျော်စစ်အရေးက တနင်္ဂနွေနေ့အထိ မရေမရာဖြစ်နေပြီး ငြိမ်းချမ်းရေးက ဖြစ်နိုင်ခြေ ရှိမရှိ မသိဘူးလို့ အမေရိကန်က ပြောဆိုနေချိန် ဥရောပခေါင်းဆောင်တွေကတော့ ဆက်ပြီးကူညီဖို့ ကတိပြုကြပါတယ်။
အမေရိကန်ကိုပို့တဲ့ ကနေဒါနဲ့ မက္ကဆီကို ပို့ကုန်တွေအပေါ် ချမယ့် အခွန်အသစ် အင်္ဂါနေ့မှာ ကြေညာဖို့ရှိပေမဲ့ အခွန်နှုန်းက ၂၅ ရာနှုန်းအထိ မြင့်မှာမဟုတ်ဘူးလို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Howard Lutnick က တနင်္ဂနွေနေ့က ပြောပါတယ်။
အမေရိကန် အာကာသလေ့လာရေးဌာန NASA ရဲ့ တခြား စမ်းသပ်မှုပစ္စည်းတွေနဲ့ တူးစက်ကို ပို့ပေးဖို့ ပုဂ္ဂလိက လဆင်းယာဥ် ဆင်းသက်လိုက်ပါတယ်။
ယူကရိန်း အရှေ့ပိုင်းက ကျေးရွာ ၂ ရွာကို ရုရှားတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းယူလိုက်တဲ့အကြောင်း ရုရှားအစိုးရက စနေနေ့မှာ ပြောပါတယ်။ တချိန်တည်းမှာပဲ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသတချို့မှာ လူတဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ယူကရိန်း အစိုးရအရာရှိတွေကလည်း ပြောပါတယ်။
အကျဉ်းကျခံနေရတဲ့ PKK ကဒ်အလုပ်သမားပါတီ ခေါင်းဆောင် Abdullah Ocalan (အဗ္ဗဒူလာ အိုဂျာလန်) က သူ့အဖွဲ့ကို လက်နက်ချဖို့ ပြောကြားခဲ့တဲ့နောက် ကဒ် သူပုန်တွေက စနေနေ့မှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာလိုက်ပါတယ်။ ဒါဟာ ကဒ်အဖွဲ့ရဲ့ နှစ်ပေါင်း ၄၀ ကျော် လက်နက်ကိုင် တော်လှန်နေမှုတွေ အဆုံးသတ်သွားစေတာလည်း ဖြစ်ပါတယ်။
အစ္စရေးနဲ့ အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟားမတ်စ်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့် ဆွေးနွေးပွဲတွေရဲ့ နောက်ဆုံးအချီက တိုးတက်မှုမရှိဘဲ ပြီးဆုံးသွားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက အစ္စာလာမ် ဘာသာတွေရဲ့ ဥပုသ်လ စတင်တဲ့ အခါသမယမှာ ဆုမွန်ကောင်း တောင်းကြောင်း မတ်လ ၁ ရက် (စနေနေ့) မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ထုတ်ပြန်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မတ်လ ၄ ရက်နေ့ တွေ့ဆုံမယ်လို့ ရုရှားသမ္မတရုံးက ကြေညာပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးရှိမယ့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအပြင် နိုင်ငံတကာကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်