မြေရှား သတ္တု တူးဖော်ရေး အမေရိကန် နဲ့ သဘောတူညီချက်လက်မှတ်ထိုးဖို့ အမေရိကန် သမ္မတ အိမ်ဖြူတော်ကို ရောက်လာတဲ့ ယူကရိန်း သမ္မတဇာလန်စကီး ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၊ ဒုသမ္မတဂျေဒီဗန့်တို့ နဲ့ စကားအခြေအတင်ဖြစ်ပြီး သဘောတူလက်မှတ်မထိုးဖြစ်ပဲ ပြန်သွားခဲ့ပါတယ်။ အဲ့ဒီထဲက တချို့ကို ကောက်နှုတ် ဖော်ပြလိုက်ပါတယ်။
ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူမြို့နယ်မှာ စစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပတ်ခတ်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
မြန်မာစစ်တပ်က အရပ်သားတွေကိုပါမချန် အကြမ်းဖက် ပစ်ခတ် တိုက်ခိုက်တာတွေ လုပ်နေတာကို ရှုတ်ချကြောင်း အီးယူ ဥရောပသမဂ္ဂက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
ကမ္ဘာတလွှား လူ့အခွင့်ရေးအခြေအနေ အဆိုးဝါးဆုံးဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Volker Türk က ဖေဖေါ်ဝါရီ ၂၈ ရက် သောကြာနေ့က ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ် အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ စတင်ဆွေးနွေးနေပြီလို့ အီဂျစ်အစိုးရ သတင်းနဲ့ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ အပစ်ရပ်သဘောတူညီချက် ပထမဆင့် အချိန်စေ့သွားပြီး နောက်တနေ့မှာပဲ စတင်ခဲ့တာ ဖြစ်ကြောင်းလည်းပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ Zelenskyy တို့ဟာ ယူကရိန်း မြေရှားသတ္တုတွေ အမေရိကန် တူးဖေါ်နိုင်ခွင့် သဘောတူညီချက်အတွက် သမ္မတအိမ်ဖြူမှာ ဆွေးနွေးမှုဟာ ဒေါသနဲ့ အပြန်အလှန် အော်ဟစ် အဆုံးသတ်သွားခဲ့ပါတယ်။ သမ္မတထရမ့်က ယူကရိန်းသမ္မတကို သဘောတူညီမှု ယူရင်ယူ၊ မယူရင် ဆက်မပြောဖို့ ပြောကြားခဲ့ပါတယ်။
ကရင်နယ်ခြားစောင့် BGF တပ်တွေ လက်ထဲမှာ သောင်တင်နေကြတဲ့နိုင်ငံခြားသားထောင်နဲ့ချီကို ထိုင်းကတဆင့် နေရပ်ပြန်ပို့ပေးဖို့ မြန်မာ၊ တရုတ်နိုင်ငံတို့နဲ့ သဘောတူလိုက်တယ်လို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှု လျော့ပါးရေး အတွက် အဖိနှိပ်ခံရသူတွေနဲ့ အတူ အမေရိကန်ကရပ်တည်ပေးဖို့၊ အကူအညီတွေပေးဖို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က ကြီးမှုးကျင်းပတဲ့ အွန်လိုင်းကြားနာပွဲမှာ မြန်မာနိုင်ငံဘက်က တက်ရောက်ဆွေးနွေးသူတွေက တောင်းဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို လုံခြုံရေးသတိရှိကြဖို့ ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးက လုံခြုံရေးသတိပေးချက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေက ကုန်ပစ္စည်းတွေအပေါ် အမေရိကန်ပြည်ထောင်စုက သွင်းကုန်ခွန်ကို အစီအစဉ်အတိုင်း ရှေ့သီတင်းပတ် အင်္ဂါနေ့ မတ်လ ၄ ရက်နေ့ကစပြီး ကောက်ခံသွားမယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။
တနင်္သာရီတိုင်းထဲက စစ်ကောင်စီဆက်လက်အုပ်ချုပ်ထားနိုင်တဲ့ နေရာတွေမှာ စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အတင်းအကြပ် ဖမ်းဆီးခေါ်ဆောင်ခံရတာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံကတာက လာရောက်သူတွေကိုကြိုဆိုခွင့်ပြုတယ်လို့ မြင်ကြတဲ့ ကနေဒါနိုင်ငံမှာလည်း တင်းကြပ်မှုတွေ လုပ်လာတဲ့အတွက် နိုင်ငံတကာကျောင်းသားတွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိလာပါတယ်။ ကနေဒါနိုင်ငံက Calgary ကနေ Arzouma Kompaore သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်က တင်ပြပေးပါမယ်။
ထိုင်းအစိုးရရဲ့ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်း နှိမ်နှင်းရေးဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီး ကျားဖြန့်ဂိုဏ်းတွေ အသုံးပြုတဲ့ သန်းနဲ့ချီတဲ့ ဘဏ်အကောင့်တွေကို ပိတ်ပစ်နိုင်ခဲ့တဲ့အကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က မနေ့က ထိုင်းအောက်လွှတ်တော်မှာ ပြောဆိုသွားပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ မြန်မာစစ်တပ်အကြား မနေ့က မနက်က တိုက်ပွဲတွေ ဖြစ်ပွားပြီး ဒေသခံတွေ ထိုင်းနယ်စပ်ကို ထွက်ပြေးကြတဲ့အတွက် ထိုင်းလေတပ်က F-16 တိုက်လေယာဉ် နှစ်စီး နယ်စပ်ကို ကင်းလှည့်ဖို့ စေလွှတ်ခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ မွတ်စလင်ဥပုသ်လ ရာမဒန်ကာလ ခရီးစဉ်အဖြစ် မတ်လ ၁၃ ရက်ကနေ ၁၆ ရက်အထိ ဘင်္ဂလာဒေ့ရှ်ကို လာရောက်မှာ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သတင်းသမားကနေ နိုင်ငံရေးသမား ဖြစ်လာတဲ့ Kari Lake ကို VOA အမေရိကန်အသံ အပါအဝင် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ၅ ခုရဲ့ မိခင် အဖွဲ့အစည်း ဖြစ်တဲ့ USAGM အမေရိကန် ကမ္ဘာ့မီဒီယာဌာန ရဲ့ အထူးအကြံပေးအဖြစ် ခန့်အပ်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာပါတယ်။
ထိုင်းအစိုးရက ဝှီဂါ ၄၀ ထက်မနည်းကို တရုတ်နိုင်ငံ ပြန်ပို့တာအတွက် အမေရိကန်က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ဖေဖေါ်ဝါရီ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ဒီလ အစောပိုင်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ Vladimir Putin တို့ တယ်လီဖုန်း ဆက်သွယ်ပြောကြားတာ အပါအဝင် ၂ နိုင်ငံ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေရာကနေ အခု ၂ ဘက် သံအရာရှိတွေ တွေ့ဆုံကြတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး လက်ရှိ ဖြစ်ပွါးနေဆဲ ယူကရိန်းစစ်ပွဲနဲ့ ၂ နိုင်ငံ ကုန်သွယ်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဥရောပလုံခြုံရေးအတွက် အမေရိကန်အပေါ် သိပ်အားမကိုးဖို့ တရမ့်က ပြောဆိုနေချိန်မှာ အခုလို တွေ့ဆုံကြတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အစိုးရဌာနတွေမှာ ဝန်ထမ်းတွေကို နောက်ထပ် သိသိသာသာ လျှော့ချဖို့ သမ္မတ Donald Trump က ဖက်ဒရယ်အေဂျင်စီတွေကို ဗုဒ္ဓဟူးနေ့က အမိန့်ပေးလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်