မြဝတီမြို့နားက လောင်းကစားလုပ်ငန်းတွေ၊ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေမှာ ရှိနေခဲ့တဲ့ ဂျပန် နိုင်ငံသား ၂၀ ဘယ်ရောက်သွားသလဲ မသိသေးဘူးလို့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့အပြောကို ဂျပန် Kyodo သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို မြောက်ကိုရီယားက ခိုးယူခဲ့တယ်လို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ် ဆေးရေးဗျူရို FBI က စွပ်စွဲလိုက်ပါတယ်။ ဒါဟာ အွန်လိုင်းဒစ်ဂျစ်တယ်ငွေကြေးသမိုင်းမှာ ပမာဏ အများဆုံး ခိုးယူမှုဖြစ်ပါတယ်။
ယူကရိန်းက မြေရှားသတ္တုတွေ အမေရိကန်ကို ရယူခွင့်ပေးမယ့် သဘောတူညီချက်ကို ယူကရိန်းသမ္မတနဲ့ လက်မှတ်ထိုးဖို့ရှိတယ်လို့ သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မိသားစုအမွေဆိုင်အိမ်ဖြစ်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ကို ၂၇ ဘီလီယံကျပ် ဈေးထပ်လျှော့ပြီး နောက်တကြိမ် လေလံတင်ဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကြိုးစားနေပါတယ်။
မလေးရှားနိုင်ငံ (Selangor) ဆလန်ဂေါပြည်နယ်မှာ တရားမဝင်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံတွေ နေ့စဉ်ဆိုသလို ဖမ်းဆီးခံနေရတာ ၃- ၄ ရက်အတွင်း ၁၀၀၀ နီးပါး ဖမ်းဆီးခံရတယ်လို့ မြန်မာနိုင်ငံသားအရေး ကူညီဆောင်ရွက်နေသူတွေက VOA ကို ပြောပါတယ်။
နျူကလီးယားနဲ့ပတ်သက်ပြီး ပြဿနာအကြီးကြီးဖြစ်သွားအောင် ယူကရိန်းတို့လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂမှာ ရုရှားက စွပ်စွဲသွားပါတယ်။ နိုင်ငံတကာအနုမြူစွမ်းအင်အေဂျင်စီ IAEA ကတော့ ရုရှားရဲ့ လုပ်ရပ်တွေကြောင့် ဒီပြဿနာကြီး ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးနေတာပါ။ VOA ရဲ့ ပိုလီဂရပ်ဖ် ဗီဒီယိုမှာ ကိုစည်သူ တင်ဆက်ထားပါတယ်။
ဂျာမနီဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ Friedrich Merz က ဥရောပရဲ့ ကံကြမ္မာကို အမေရိကန်က ဂရုမစိုက်ဘူးဆိုတာကို သိထားကြဖို့ သတိပေးလိုက်သလို၊ ဥရောပနိုင်ငံတွေအနေနဲ့ ကာကွယ်ရေးစွမ်းရည်ကို ပိုအရေးတကြီး စုစည်းတည်ဆောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ Henry Ridgwell ရဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ထိုင်းနိုင်ငံမှာ ဘတ်စ်ကားတိမ်းမှောက်တာကြောင့် (၁၈) ဦးထက်မနည်း သေဆုံးသွားပြီး (၂၃) ဦး ဒဏ်ရာရသွားပါတယ်။ ထိုင်းနိုင်ငံအရှေ့ဘက်ဒေသမှာ လေ့လာရေးခရီးသွားတဲ့ဘတ်စ်ကားဟာ ဒီကနေ့ ဖေဖေါ်ဝါရီ (၂၆) ရက်နေ့မှာ ဘရိတ်မမိဘဲ လမ်းဘေးတောင်နံရံတွေကိုဝင်တိုက်ပြီး မှောက်သွားတာလို့ ရဲတွေက ပြောပါတယ်။
ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းဒေသက ဂျနင်ဒုက္ခသည်စခန်းကို အစ္စရေးတပ်တွေက ရှင်းလင်းနေတဲ့အပြင် ရေရှည်အခြေချဖို့ ပြင်လာတာ တွေ့ရတဲ့ အတွက် ပါလက်စတိုင်းဒေသခံတွေက သူတို့ကိုလည်း ဂါဇာမှာ လုပ်တဲ့နည်းအတိုင်း အစ္စရေးက ဖယ်ရှားမှာကို စိုးရိမ်နေကြပါတယ်။ ရိုက်တာသတင်း တပုဒ်ပေါ် အခြေခံပြီး ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ယူကရိန်းသဘာဝသယံဇာတတွေကရတဲ့ အကျိုးအမြတ်တွေ ပြန်ပြီးရင်းနှီးမြှုပ်နှံမယ့် ဖက်စပ်ရံပုံငွေထူထောင်ဖို့ အမေရိကနနဲ့ ယူကရိန်းကြား မူဘောင်သဘောတူညီချက်ရထားပြီလို့ ဒီညှိနှိုင်းမှုနဲ့နီးစပ်တဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်း ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဓာတ်သတ္တုတွေကရတဲ့ ငွေ ၅၀ % ကို ရင်းနှီးမြှုပ်နှံဖို့ပါဝင်မှာပါ။
အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အရပ်ပဟိုးကောင်တီက အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ကို အမျိုးသား ၃ ဦး သပ်သပ်စီအယောင်ဆောင် ရောက်လာပြီး၊ ဈေးကြီးခွေးလေးတွေ ခိုးပြေးခဲ့ပါတယ်။ တဦးက ဝက်ရူးပြန်ချင်ယောင်ဆောင်ပြီး လူတွေ အာရုံများအောင်လုပ်ထားချိန်မှာ ကျန်တဦးက ခွေးလေးတွေ ခိုးယူတာဖြစ်ပါတယ်။
"ရှေ့မှာ လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ ဒါပေမဲ့လည်း အမေရိကန်သာ ပထမဦးစားပေး ဆိုတဲ့ မူဝါဒကို အောင်မြင်အောင်လုပ်မှာပါ။ တဝက်တပျက်မဟုတ်ဘဲ အားလုံးအောင်မြင်အောင် လုပ်မှာပါ။ ဒါက ဒီလုပ်ငန်းစဉ်ရဲ့ ပထမခြေလှမ်းပါ။"(လွှတ်တော်ဥက္ကဋ္ဌ Mike Johnson)
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာကို အဝေးထိန်းဒရုန်းတွေနဲ့ နှစ်ကြိမ်တိုက်ခိုက်ခံ ခဲ့ရကြောင်း KIA ပြန်ကြားရေး တာဝန်ခံက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ အကြီးအကဲရဲ့ ရှေ့လ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်မှာ ရိုဟင်ဂျာတွေကို နိုင်ငံတကာက အကူအညီပေးရေးဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus ရဲ့ ဖိတ်ကြားချက်အရ မတ်လ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres သွားရောက်မှာပါ။
ပါလက်စတိုင်းအကျဉ်းသား ရာနဲ့ချီ ပြန်လွှတ်ပေးဖို့ အစ္စရေးဓားစာခံလေးဦးရဲ့ ရုပ်အလောင်းတွေကို ကြာသပတေးနေ့မှာ အစီအစဉ်အတိုင်း ဟာမတ်စ်တွေဘက်က ပြန်ပေးမယ်လို့ ပြောလိုက်ပါတယ်။ အပစ်ရပ်စဲရေး ပထမအဆင့်သက်တမ်းမကုန်ဆုံးခင်မှာ အခုလို ပြောလိုက်တာပါ။
အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းတပ်မှူးကြီးတဦးကို ရာထူးက ဖယ်ရှားလိုက်တဲ့အပေါ် ကာကွယ်ရေးဝန်ကြီး Pete Hegseth က လူမှန် နေရာမှန်မဟုတ်ပါဘူး ဆိုတဲ့ အကြောင်းပြချက်ပေးလိုက်ပါတယ်။ VOA ပင်တဂွန် သတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို မခင်လေးက ပြောပြပေးပါမယ်။
“ကျနော်တို့ Gold Card ရောင်းပါမယ်။ Green Card လည်း ရမယ်၊ Gold Card လည်း ရပါမယ်။ စျေးကတော့ ဒေါ်လာ ၅ သန်း ဖြစ်ပြီး Green Card လို အခွင့်အရေးတွေ ရပါမယ်။ နိုင်ငံသားလည်း ဖြစ်လာမှာပါ။ ဒီကဒ်ကိုဝယ်ပြီးရင် သူဌေးတွေ ကျနော်တို့ တိုင်းပြည်ကို ရောက်လာမှာပါ”(သမ္မတ Donald Trump/ဖေဖေါ်ဝါရီ ၂၅ ရက်)
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်သောစစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံဖြစ်လာတဲ့အတွက် အရပ်သားတွေကိုကာကယ်စောင့်ရှောက်ပေးဖို့ အရေးတကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးရုံး UNOCHA က သတိပေးထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့စစ်တွေမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်ကြား တိုက်ပွဲတွေအရှိန်မြင့်နေသလို စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေရှိိနေပြီး တချိန်တည်းမှာ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ထိစပ်နေတဲ့ နေရာတွေမှာပါ တိုက်ပွဲတွေ ကျယ်ပြန့်လာနေတယ်လို့ ဒေသခံအကဲခတ်တွေက ပြောပါတယ်။
အစိုးရလုပ်ငန်းတွေ တပိုင်းတစ ရပ်မသွားနိုင်အောင် ဘတ်ဂျက် ချထားနိုင်ဖို့အတွက် အောက်လွှတ်တော်ဥက္ကဋ္ဌဟာ ရီပတ်ဘလီကန်အမတ်တွေရဲ့ မဲတွေကို ရနိုင်အောင် အင်္ဂါနေ့မှာ ကြိုးစားနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်