ရုရှားရဲ့ ရန်လို ခြိမ်းခြောက်မှုတွေကြောင့် ဗြိတိန်ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၂၇ မှာ တိုးမြှင့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က အင်္ဂါနေ့က ပြောပါတယ်။
လက်နက်အားလုံး နိုင်ငံတော် ထိန်းချုပ်မှုအောက်မှာ ရှိရမယ်လို့ ဆီးရီးယား ကြားဖြတ်အစိုးရ သမ္မတ Ahmed al-Sharaa က နိုင်ငံလုံးဆိုင်ရာ စကားဝိုင်း ညီလာခံမှာ ပြောလိုက်တဲ့အချိန်မှာပဲ ညီလာခံ ဆုံးဖြတ်ချက်တွေကို လက်ခံမှာ မဟုတ်ဘူးလို့ ကာဒ့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
အစ္စရေးလ်က ပါလက်စတိုင်း အကျဥ်းသားတွေကိုလွှတ်ဖို့ ဆိုင်းလိုက်တာဟာ အပစ်အခတ်ရပ်စဲရေး ပျက်ပျယ်သွားနိုင်ပြီး စစ်ထဲပြန်သွားရမယ့် အလားအလာ ရှိနေတယ်လို့ ဟားမတ်စ် အကြီးတန်းအရာရှိ Bassem Naim က စာနဲ့ရေးသား ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် မိုးစပါးစိုက်တဲ့အချိန်မှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့သလို နောက်ပိုင်းစိုက်တဲ့ လယ်တွေမှာလည်း ဓာတ်မြေဩဇာကို လိုသလောက် မသုံးနိုင်တာ၊ ပိုးမွှားကျတာတွေကြောင့် အထွက်နှုန်းလျော့ပြီး လယ်သမားအများစု အရှုံးပေါ်ကြပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးပြီး ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးခဲ့သလို ဒေသခံ ၅ ဦးထက်မနည်း သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီ အမှတ် (၂၆၈) ခြေလျပ်တပ်ရင်း ကိုသိမ်းပိုက်နိုင်ဖို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ကြိုးစားနေပြီး နှစ်ဘက် စစ်ရေးတင်းမာနေသလို စစ်ကောင်စီတပ်က ဖလမ်းမြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ငွေလိမ်ဂိုဏ်းတွေရဲ့ လက်ချက်ကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒေါ်လာ (၈၂၂) သန်း မနှစ်က ဆုံးရှုံးခဲ့ကြရ တယ်လို့ စင်္ကာပူရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။ အဲဒီအထဲမှာ Cryptocurrency လို့ခေါ်တဲ့ ဒီဂျစ်တယ် ငွေကြေးနဲ့သက်ဆိုင်တဲ့လိမ်လည်မှုတွေကြောင့် လေးပုံတပုံလောက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းတာကြောင့် ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့ နိုင်ငံခြားသား (၇,၀၀၀) လောက်အထိ ရှိနိုင်တဲ့အကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai မနေ့က သတိပေးတာကို The Nation သတင်းစာမှာ ရေးပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ရုရှား-ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်က တင်သွင်းခဲ့တဲ့ “ငြိမ်းချမ်းရေးအတွက်လမ်း” လို့အမည်ပေးထားတဲ့ ဆုံးဖြတ်ချက်ဟာ ပိုပြီး မျှတမှု ရှိတယ်ဆိုပြီး ရုရှားကကြိုဆိုလိုက်ပါတယ်။ ဒီအဆိုပြုချက်ကို ဗြိတိန်နဲ့ဥရောပ မဟာမိတ်တွေကတော့ သိပ်သဘောမတူကြပါဘူး။
ပြင်သစ်သမ္မတ Emmanuel Macron နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှု အပြီး ဥရောပကို တာဝန်ပိုယူဖို့ သမ္မတထရမ့်က တိုက်တွန်းလိုက်သလို ပြင်သစ်သမ္မတကလည်း ရုရှားဘက်က အာမခံချက်ပိုရအောင်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတ အိမ်ဖြူတော်ကနေ Anita Powell သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက ပြောပြမှာပါ။
အမေရိကန်သမ္မတ Donald Trump က ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေအပေါ် သတ်မှတ်ထားချိန်ကျရင် ကုန်သွယ်ခွန်တိုးကောက်မှာဖြစ်တယ်လို့ ပြောပါတယ်။
ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop ဟာ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ အထူးအကြံပေး Muhammad Yunus နဲ့ မနေ့က ဒက်ကာမြို့မှာတွေ့ဆုံပြီး ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းသစ်တွေနဲ့ နိုင်ငံတကာ အလှူရှင်တွေရဲ့ ထောက်ပံ့မှုရရေး ဆွေးနွေးခဲ့ကြပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနှိမ်နင်းရေး ဖိအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံဘက်ကို ဓါတ်ဆီနဲ့ဒီဇယ်တွေ ဖြတ်ထားတဲ့ အတွက် မြဝတီမြို့က ကားတော်တော်များများ နေ့စဉ် ထိုင်းနိုင်ငံဘက်ကိုလာပြီး ဆီဖြည့်နေရပါတယ်။ အဲဒီ အကျိုးဆက်အဖြစ် ယာဉ်ကြောပိတ်ဆို့နေရကြောင်း The Nation သတင်းစာမှာ ဖေါ်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဟာ ရုရှားက ယူကရိန်းကို ကျုးကျော်ခဲ့တာ ၃ နှစ်ပြည့်နေတဲ့နေ့ပါ။ ယူကရိန်း လူထုအများစုက သမ္မတဇာလန်စကီးကို ယုံကြည်နေပြီး စစ်ပွဲကာလအတွင်း သမ္မတ အသစ်ရွေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သုတေသနတွေက ပြနေပါတယ်။ Lesia Bakalets က Kyiv မြို့တော်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
မကွေးတိုင်း မြိုင်မြို့နယ် ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ မင်္ဂလာပွဲကျင်းပနေတဲ့အချိန် ဒီနေ့မနက်က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိတဲ့အကြောင်း ဒေသခံ မြိုင်ပကဖ အဖွဲ့ဝင်တဦးက VOA ကို အတည်ပြုပြောဆိုပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ် သုံးနှစ်မြောက်နေ့ တနင်္လာနေ့က စစ်ပွဲနဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချရာမှာ ဥရောပက ပြင်ဆင်လိုက်တဲ့ အမေရိကန် အဆိုပြုချက်ကို အမေရိကန်က မဲမပေးဘဲ နေခဲ့ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။
ယူကရိန်းက ရုရှားစစ် အဆုံးသတ်ဖို့ နီးနေပြီလို့ မျှော်လင့်ကြောင်း တနင်္လာနေ့မှာ ပြင်သစ်သမ္မတနဲ့ တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။
အမေရိကန် နည်းပညာကုမ္ပဏီ အက်ပဲလ်ဟာ အလုပ်ပေါင်း ၂၀,၀၀၀ ကျော် ဖန်တီးဖို့ လာမယ့် ၄ နှစ် အမေရိကန်နိုင်ငံမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ Apple က ကြေညာပါတယ်။
မကွေးတိုင်း စေတုတ္တရာမြို့နယ်ထဲမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် ၈ ဦး သေဆုံးပြီး ဒဏ်ရာရထားသူတွေထဲမှာလည်း အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေပါတယ်။
ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ရခိုင်စစ်ရှောင်တချို့ကို စစ်ကောင်စီဘက်က ထောက်ပံ့ကြေးပေးဖို့အတွက် လူဦးရေစာရင်း ကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်