ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေပြီး တနင်္ဂနွေနေ့က စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံး တိုက်ခိုက်ခဲ့တယ်လို့ TNLA က စွပ်စွဲလိုက်ပါတယ်။
ဂျာမနီရွေးကောက်ပွဲအနိုင်ရ အတိုက်အခံ Friedrich Merz က ညွန့်ပေါင်းအစိုးရ အမြန်ဆုံးဖွဲ့စည်းဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ အုပ်ချုပ်ရေးပိုင်းအတွေ့အကြုံနည်းတဲ့ Merz အနေနဲ့ ဥရောပစီးပွါးရေးကျဆင်းမှု၊ ရွှေ့ပြောင်းနေထိုင်သူတွေ အရေးနဲ့ အမေရိကန်၊ ရုရှားနဲ့တရုတ်ကြား လုံခြုံရေးကိစ္စတွေဖြေရှင်းရဖို့ရှိပါတယ်။
မြန်မာနိုင်ငံနယ်စပ်အခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ပြန်လွတ်လာကြတဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းနယ်စပ်မှာစုပုံနေတယ်လို့ နီးစပ်သူတွေကိုကိုးကားပြီး ရိုက်တာသတင်းဌာန က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
အသက်ရှူလမ်းကြောင်း ပိုးဝင်ရာက ၁၀ ရက်ကြာ ဆေးကုသမှုခံယူနေရတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ ဒီကနေ့ တနင်္လာနေ့မှာ အနားယူနေတယ်လို့ ဗာတီကန်ကျောင်းတော်က ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ အဆုပ်မှာ ပိုးဝင်ရာကနေ အခုအခါ ကျောက်ကပ်ရောဂါပါ ဆက်လက် ခံစားနေရတဲ့အတွက်လည်း စိုးရိမ်နေကြတာပါ။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန်က မူကြမ်းရေးဆွဲထားသလို ယူကရိန်းကရေးဆွဲပြီး ဥရောပသမဂ္ဂက ထောက်ခံထားတဲ့မူကြမ်းတွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မဲခွဲ ဆုံးဖြတ်ကြဖို့ရှိပါတယ်။
အမေရိကန်သမ္မတ Donald Trump က ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ အကြိမ်ကြိမ် ပြောကြားနေတဲ့ တချိန်တည်းမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ငြိမ်းချမ်းရေးရမယ်ဆိုရင် သူ့အနေနဲ့ ရာထူးကနေ ဆင်းပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားပါတယ်။ Veronica Balderas Iglesias ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ဘရာဇီးလ်နိုင်ငံ အရှေ့မြောက်ပိုင်းက Buriticupu မြို့မှာ မြေတွင်းပျက်စီးမှုကြီးတွေ ဖြစ်ပေါ်နေပြီး နေအိမ်တွေကို ခြိမ်းခြောက်နေတဲ့အတွက် ပြီးခဲ့တဲ့အပတ် (ဖေဖော်ဝါရီ ၁၁) က အရေးပေါ်အခြေအနေ ကြေညာခဲ့ရပါတယ်။
“ဒီနှစ်ဟာ ရေရှည်တည်တံ့တဲ့တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက်နှစ် ဖြစ်သင့်ပါတယ်။ ပူတင်က ငြိမ်းချမ်းရေးကို လက်ဆောင်အဖြစ်ပေးမှာမဟုတ်ပါဘူး။ တခုခုနဲ့ အလဲအလှယ်လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ကိုယ့်စွမ်းအား၊ အသိဉာဏ်၊ ညီညွတ်မှုတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့သာ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ” (Zelesky)
ရခိုင်ပြည်နယ်မှာ တရုတ်နိုင်ငံရဲ့စီမံကိန်းတွေအများဆုံးရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အဖွဲ့ကြား ပြီးခဲ့တဲ့ သီတင်းပတ်ကစ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ခရိုင်နဲ့ ဟင်္သာတခရိုင်တွေမှာ အသက် ၁၈ နှစ်ပြည့်ပြီးလူငယ်တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီအာဏာပိုင်တွေ ဖိအားပေးတိုက်တွန်းနေတဲ့တချိန်တည်းမှာ တကယ်လို့ နေအိမ်မှာ မရှိဘူးဆိုရင် မိသားစုတိုင်း လစဉ် ကျပ် ၁၀၀,၀၀၀ ပေးရမယ်ဆိုပြီး ဖိအားပေးတောင်းဆိုနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ကြာသပတေးနေ့က ကျားဖြန့်လုပ်ငန်းတွေကကယ်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၂၀၀ ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်းနဲ့ တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး Liu Zhongyi ရဲ့ ထိုင်းနဲ့မြန်မာနိုင်ငံကို အကြိမ်ကြိမ်သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေ၊ ပူးပေါင်း ဆောင်ရွက်နေကြောင်း South China Morning Post ကရေးပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ပိတ်ဆို့မှု ၈၅ ကြိမ် ရှိခဲ့ပြီး ကမ္ဘာမှာ အများဆုံးပိတ်ပင်ခံရတဲ့ နိုင်ငံဖြစ်တဲ့အကြောင်း ဒီဂျစ်တယ်လွတ်လပ်ခွင့်အခြေအနေနဲ့ ကန့်သတ်မှုတွေကို စစ်တမ်းကောက်ယူတဲ့ နယူးယောက်အခြေစိုက် Access Now အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
အမေရိကန် ပြည်ထောင်စုထဲ တင်သွင်းတဲ့ သံမဏိ နဲ့ အလူမီနီယံ ဒန်သတ္တုတွေအပေါ် အခွန် ၂၅ % ကောက်ခံဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အမေရိကန် စီးပွားရေး လုပ်ငန်းငယ်တွေအနေနဲ့ အဲဒီကအကျိုးသက်ရောက်မှုကို စောင့်ကြည့်နေကြပါတယ်။ Michelle Quinn သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြမှာပါ။
ပဲခူးတိုင်း ပြည်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက ရိုက်နှက်တာကြောင့် နိုင်ငံရေးအကျဉ်းသား တချို့ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း ထောင်တွင်းအခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကပြောလိုက်ပါတယ်။
ဆီးရီးယား တပ်မတော်အသစ် ဒါမှမဟုတ် ယခင် သူပုန်အုပ်စု Hayat Tahrir al-Sham HTS အဖွဲ့ ကို ဆီးရီးယားမြို့တော် ဒမတ်စကတ်တောင်ပိုင်း နယ်ပယ်တွေမှာ တပ်ချထားဖို့ ခွင့်မပြုဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက ပြောလိုက်ပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ ဂျာမနီရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဖရက်ဒရစ် မာ့ဇ်က သူနိုင်ကြောင်း ပြောလိုက်သလို ဝန်ကြီးချုပ့် အိုလာ့ဗ် ရှို့လ်ဇ်ကလည်း ရှုံးနိမ့်ကြောင်း သဘောတူလိုက်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်က စစ်ဗိုလ်ချုပ်ကြီးတွေကို ဖြုတ်လိုက်တာဟာ အရင်က မလုပ်ခဲ့ဖူးတဲ့ ကိစ္စ မဟုတ်ပါဘူးလို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth က အခိုင်အမာ ပြောလိုက်ပါတယ်။
ရုရှားကျူးကျော်စစ်ကို ကာကွယ်နိုင်အောင် အမေရိကန် အထောက်အပံ့ လက်နက်တွေအတွက် မြေရှားသတ္တု ထုတ်လုပ်ခွင့် အခွင့်အရေး အမေရိကန်ကိုပေးဖို့ သဘောတူညီချက် နီးနေပြီလို့ အမေရိကန်နဲ့ ယူကရိန်းတို့က တနင်္ဂနွေနေ့မှာ ပြောလိုက်ကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား တင်းမာမှုတွေ တိုးမြင့်လာနေပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ ရှေ့ရေး မရေမရာ ဖြစ်နေတဲ့ကြားမှာ ဖမ်းထားတဲ့ ဓားစာခံ ၆ ဦးကို ဟားမတ်စ်အဖွဲ့က စနေနေ့မှာ လွှတ်ပေးခဲ့ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် လိမ်လည်တဲ့ လုပ်ငန်းတွေကြောင့် ဖိအားတွေ ရင်ဆိုင်နေရချိန်မှာပဲ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa ဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဖေဖော်ဝါရီလ ၂၂ ရက် (စနေနေ့) မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်