လူမှုအဖွဲ့အစည်းမှာလည်းအောင်မြင်ပြီး ဟောလိဝုဒ်ကိုပါ ထိုးဖေါက်နိုင်ခဲ့သူ မူဆလင်အမျိုးသမီးတဦးကတော့ ပါကစ္စတန်နွယ်ဖွား ရုပ်ရှင်ဒါရိုက်တာ Lena Khan ပဲဖြစ်ပါတယ်။ Khan နဲ့ပတ်သက်လို့ VOA သတင်းထောက် Elizabeth Lee ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
လူကုန်ကူးသူတွေရဲ့ အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို လှေနဲ့ထွက်ပြေးဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာဒုက္ခသည် (၃၀) ကို တားဆီးနိုင်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်က သောကြာနေ့မှာပြောပါတယ်။
ဖေဖေါ်ဝါရီ ၇၊ ၂၀၁၉ - ရာသီဥတု ဆိုးဝါးမှုဒဏ်ကို အခံရဆုံးဖြစ်တဲ့ မြန်မာပြည်က ဆင်းရသားတွေရဲ့အခြေအနေကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင် နဲ့အတူ တင်ပြထားပါတယ်။
NLD ပါတီက လွှတ်တော်တွင်း ကြိုးပမ်းနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စမှာ တိုင်းရင်းသားဒေသတွေနဲ့ ဆိုင်တဲ့ ဥပဒေတချို့ကို ပြင်ဆင်နိုင်လိမ့် မယ်လို့ လေ့လာသုံးသပ်သူတချို့က မျှော်လင့်နေကြပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီတွေဟာ ဆက်စပ်နေတယ်လို့ HRW ရဲ့အစီအရင်ခံစာအပေါ် မြန်မာ့ အရေး လေ့လာသုံးသပ်သူတွေကြား ကွဲပြားတဲ့အမြင်တွေ ရှိနေကြပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေး NLD ပါတီက ပြည်ထောင်စုလွှတ်တော်မှာ အဆိုတရပ် တင်သွင်းခဲ့တဲ့ လုပ်ရပ်ဟာ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေက ထောက်ပြပေမယ့် နောင်အနာဂတ် မျိုးဆက်သစ်တွေအတွက် ရည်စူးပြီး အဆိုတင်တာလို့ NLD ကိုယ်စားလှယ်က ပြောပါတယ်။
ဇန်နဝါရီ ၃၁၊ ၂၀၁၉ - မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းထားတာကို ပြန်စနိုင်ဖို့အတွက် မြန်မာပြည်ဆိုင်ရာ တရုတ်သံအမတ်က ကြိုးပမ်းနေပေမယ့် တရုတ်အကျိုးစီးပွားအတွက်သာ ရည်ရွယ်တဲ့စီမံကိန်းကို မြန်မာနိုင်ငံသားတွေက လက်မခံကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ အောင်မြင်ဖို့အရေးမှာ တပ်မတော်က အဓိကကျနေပြီး၊ ဖွဲ့စည်းပုံပြင်ရေး တောင်းဆိုနေကြတဲ့ တိုင်းရင်းသားနဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို တပ်မတော်က ဘယ်လောက်အထိ လိုက်လျောလာ မလဲဆိုတာ...
KIO ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ တပ်မတော်/အစိုးရတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်နိုင်ဖို့ အရေးမှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ့တပ်မတော်တို့ကြား နိုင်ငံ့အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အဟန့်အတားဖြစ်စေတယ်လို့ ပြည်ပရောက် ကချင် ခေါင်းဆောင်တချို့က ပြောပါတယ်။
ဇန်နဝါရီ ၂၄၊ ၂၀၁၉ - နိုင်ငံအများစုမှာ အမျိုးသမီးတွေ အခွင့်အရေးအပြည့်အဝ မရကြပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေ ပါဝင်လုပ်ကိုင်မှ ဖွံ့ဖြိုးတိုးတက်မယ် ငြိမ်းချမ်းမယ် ဆိုတာကိုတော့ အများကလက်ခံထားကြပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
Rangoon Ruby မြန်မာစားသောက်ဆိုင် ဝန်ထမ်း တွေကို သူတို့ရသင့်တဲ့လစာ မပေးခဲ့တဲ့အတွက် လျော်ကြေးငွေ ဒေါ်လာ ၄ သန်း ပေးလျော်ရတဲ့ဖြစ်ရပ်ဟာ ဥပဒေစိုးမိုးမှုရှိတဲ့ အမေရိကန်နိုင်ငံ မှာ မြန်မာလုပ်ငန်းရှင်တွေအတွက် သင်ခန်းစာယူစရာတခု ဖြစ်လာစေတယ်လို့
နိုင်ငံခြားပို့ကုန်အပေါ် အားထားနေတဲ့ ဗီယက်နမ်နိုင်ငံဟာ ပစိဖိတ်ရပ်ဝန်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် TPP ထဲကို ဝင်ရောက်ခွင့် ရလာတဲ့အတွက် ကမ္ဘာ့ဈေးကွက်ရဲ့ ထက်ဝက်ခန့်ရှိတဲ့ ဈေးကွက်ထဲကို အကောက်ခွန်မဲ့ တင်သွင်းခွင့် ရရှိတော့မှာဖြစ်ပါတယ်။
ဇန်နဝါရီ ၁၇၊ ၂၀၁၉ - ကိုယ်ထူကိုယ်ထ ဒီမိုကရေစီသဘာဝဆိုတဲ့ ဆောင်ပုဒ်ကို အကောင်အထည်ဖေါ်ရာမှာ စည်ပင်သာယာ(ခေါ်) ဒေသန္တရ ဖွံ့ဖြိုးရေးအဖွဲ့တွေ အရေးပါပုံကိုဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန်လက်ထက်ကစပြီး ၇ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို NLD အစိုးရအနေနဲ့ ဆက်ပြီး ရပ်ဆိုင်းထားသင့်တယ်လို့ ပြည်ပရောက် ကချင်ခေါင်းဆောင်တချို့က တိုက်တွန်းလိုက်ပါတယ်။
ဇန်နဝါရီ ၁၀၊ ၂၀၁၉ - မြို့တော်စည်ပင်သာယာရေးအတွက် စည်ပင်ရုံးရဲ့ လုပ်နည်းလုပ်ထုံးတွေဟာ အရေးကြီးပါတယ်။ စည်ပင်ရုံးရဲ့ အခြေခံမူဝါဒနဲ့ လုပ်ပုံကိုင်ပုံတွေကိုလည်း ပြုပြင်ဖို့လိုအပ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အပေါ် အကောင်းမြင် ကြိုဆိုပေမယ့်၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ရော စစ်ဘေးရှောင်ဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ပါ အခုထက်ပိုထိရောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးစေလိုတယ်လို့ ပြည်တွင်းပြည်ပ ကချင်ခေါင်းဆောင်တချို့က တိုက်တွန်းလိုက်ကြပါတယ်။
မန္တလေးတိုင်း ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ကျောင်းသားတွေရဲ့ဆန္ဒပြပွဲကို သတင်းယူနေတဲ့ သတင်း ထောက်တွေကို ရိုက်နှက်ဖို့ အဏုဇီဝဗေဒဌာနပါမောက္ခ ဒေါ်ခင်သက်ကျော်က တွန်းအားပေးခဲ့တဲ့ဖြစ်ရပ်ဟာ သတင်းသမားတွေအနေနဲ့ လွတ်လပ်စွာ သတင်းယူခွင့် ရှိမရှိဆိုတဲ့အပေါ် စုံစမ်းဖေါ်ထုတ်သွားမယ်
မြန်မာနိုင်ငံမှာ ၇၁ နှစ် ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ ကျင်းပနေပြီဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ မျှော်မှန်းတဲ့ အခြေအနေတွေ ပြည့်မလာ သေးပေမယ့် တိုးတက်ပြီး သာယာဝပြောတဲ့ နိုင်ငံ ဖြစ်ဖို့ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့လိုအပ်တယ်လို့ သုံးသပ်ပါတယ်။
ဇန်နဝါရီ ၃၊ ၂၀၁၉ - ရန်ကုန်မြို့တော်ကို ချဲ့ထွင်ဖို့ရည်ရွယ်တဲ့ ဂျပန်နဲ့ တရုတ်ရေးဆွဲတဲ့ စီမံကိန်းတွေရှိပေမယ့် အခုချိန်ထိတော့ ဒီဇိုင်း-ပုံစံအဆင့်ပဲ ရှိပါသေးတယ်။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရန်ကုန်မြို့က သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တချိန်က စစ်ထောက်လှမ်းရေးမှူးချုပ်ဦးခင်ညွန့်ကို တရင်းတနှီးနှုတ်ဆက်ပြီး အများနည်းတူ ကန်တော့ခဲ့တဲ့ လုပ်ရပ်ဟာ NLD ပါတီအပေါ် ရိုက်ခတ်မှုရှိစေတယ်
နောက်ထပ်ကြည့်ရှုရန်