မြန်မာ့စတူဒီယိုလောကရဲ့ ခေတ်ဦးပိုင်းမှာ နာမည်ကျော်ကြားခဲ့တဲ့ အဆိုတော် လားရှိုးသိန်းအောင် (ခေါ်) ဂျင်မီဂျက်ဟာ သူလက်ရှိနေထိုင်တဲ့ အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် Houston မြို့မှာ ဒီဇင်ဘာလ ၂၈ ရက် သောကြာနေ့ နေ့လည်ပိုင်းက အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအတွင်း စစ်ကိုင်းတိုင်း တမူးမြို့နယ် UNLD ပါတီရဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးထောင်ကိုထန်း တယောက် ဒီဇင်ဘာ ၂၇ ကြာသပတေးနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားပါတယ်။
ဒီဇင်ဘာ ၂၇၊ ၂၀၁၈ - ရန်ကုန်မြို့တော်ဟာ ယာဉ်ကြောပိတ်ဆို့တာတွေ များလာတဲ့အတွက် မြို့သူမြို့သားတွေ နေရေးထိုင်ရေး ကျပ်တည်းလာပါတယ် ... ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာအစိုးရတပ်က ၄ လကြာ ယာယီအပစ်အခတ် ရပ်စဲထားမယ်ဆိုတဲ့ ကြေညာချက်အပေါ် ပြည်ပရောက် တိုင်းရင်းသားတချို့က သတိနဲ့ ကြိုဆိုလိုက်ကြပြီး အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်တွေဖြစ်လာအောင် တပ်မတော်ဘက်က လုပ်ဆောင်ဖို့ လိုတယ်လို့ တိုက်တွန်းလိုက် ပါတယ်။
မြန်မာအစိုးရက အခုနောက်ဆုံး ဖွဲ့စည်းထားတဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ဟာ လေးနက်တဲ့ စုံစမ်းမှုတွေလုပ်ဖို့ ဆန္ဒ မရှိဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်နေပေမယ့် ရှေ့နှစ် လဆန်းပိုင်းမှာ ထုတ်ပြန်ဖွယ်ရှိတဲ့ ICOE ရဲ့အစီရင်ခံစာကိုတော့ စောင့်ကြည့်သင့်တယ်လို့ မြန်မာ့အရေး သုံးသပ်သူတချို့က မြင်ပါတယ်။
ဒီဇင်ဘာ ၁၉၊ ၂၀၁၈ - ရန်ကုန်မြို့တော် ပြုပြင်ပြောင်းလဲရေးအတွက် အမျိုးမျိုး လေ့လာဆန်းစစ်ပြီး၊ စာတမ်းတွေ ထုတ်ဝေကြပါတယ်။ ရန်ကုန်မှာ ကြုံတွေ့နေရတဲ့ လက်ရှိအခြေအနေမျိုးကို ဘန်ကောက်က ဖြတ်သန်းလာခဲ့တာမို့ ဘန်ကောက်ကို သင်ခန်းစာယူဖို့ အကြံပေးကြတဲ့အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါ
အသရေဖျက်မှုပုဒ်မနဲ့ ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်ခံရတဲ့ ကချင်လူငယ်ခေါင်းဆောင် (၃)ဦးကို အမြန်ဆုံး ပြန်လွှတ်ဖို့နဲ့ ငြိမ်းစုစည်ပုဒ်မ ၁၉ နဲ့ တရားစွဲခံရတဲ့ နောက်ထပ်လူငယ် (၃)ဦးအမှုကို ပြန်ရုပ်သိမ်းပေးဖို့ နိုင်ငံတကာကချင်ကွန်ဂရက်အဖွဲ့က နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ထံ စာရေးသား တောင်းဆိုပါတယ်။
ဂျပန်နိုင်ငံရဲ့အလုပ်သမား ရှားပါးမှုပြဿနာကိုဖြေရှင်းဖို့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား (၅)သိန်းကို လာမယ့် ၆ နှစ်အတွင်း ခေါ်ယူနိုင်မယ့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရေး ဥပဒေကို ဂျပန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန်သမ္မတ George H.W. Bush ဟာ ပြည်ပဆိုင်ရာမူဝါဒတွေမှာ အောင်မြင်မှုရခဲ့ပေမဲ့ ပြည်တွင်း သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာတော့ တင်းမာတဲ့ နိုင်ငံရေး လှုံ့ဆော်မှုတွေရှိခဲ့တယ်ဆိုတဲ့ ဝေဖန်မှုတွေရှိပါတယ်။ Brian Padden သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဒီဇင်ဘာလ ၁၃၊ ၂၀၁၈ - ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အခြေခံ စီးပွားရေးပြသနာကို ဖြေရှင်းနိုင်မှသာ ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ တောက်ပတဲ့အနာဂတ် ရည်မှန်းချက်တွေ ပြည့်ဝလာအောင် အိန္ဒိယနိုင်ငံက အကူအညီပေးသွားဖို့ အဆင်သင့်ရှိကြောင်း အိန္ဒိယသမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ်က ရန်ကုန်မြို့မှာ မနေ့ညက ပြောဆိုလိုက်ပါတယ်။
လမ်းပေါ်က မတော်တဆ ယာဉ်တိုက်မှုတွေကြောင့် နှစ်စဉ် လူ(၁.၄)သန်းနီးပါး သေဆုံးနေရတာကို လျော့ပါးသွားအောင် အမြန်ဆုံး အရေးယူ ဆောင်ရွက်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ လမ်းခရီးအန္တရာယ် ကင်းရှင်းရေး အစီရင်ခံစာမှာတိုက်တွန်း ထားပါတယ်။
အမေရိကန်နိုင်ငံ၊ဆန်ဖရန်စစ္စကိုမြို့က Golden Gate တံတားကြီးဟာခရီးသွားတွေကို ဆွဲဆောင်လေ့ရှိပြီး လူအများစုအတွက် ခေတ်သစ်ကမ္ဘာရဲ့အံ့ဖွယ် (၇) ခုထဲပါနေပေမယ့်လူတချို့အတွက်တော့ဘဝကိုအဆုံးစီရင်ရာ နေရာတခုလို ဖြစ်နေပါတယ်။ Valdya Baraputri ပေးပို့တဲ့ သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာဖြစ်ပါတယ်။
ဒီဇင်ဘာ ၆၊ ၂၀၁၈ - မြန်မာပြည်ရဲ့ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ တရုတ်ပါဝင်မှု တိုးပွားလာပုံကို ဦးအောင်ခင်က သုံးသပ်ပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဂျပန်နဲ့မြန်မာ နှစ်နိုင်ငံကြား တရားမဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မှု စွပ်စွဲချက်နဲ့ ဂျပန်မှာနေထိုင်တဲ့ မြန်မာ ၅ ဦးကို ဂျပန်ရဲက ဖမ်းဆီးလိုက် ပါတယ်။ အခုလို တရားမဝင် ငွေလွှဲလုပ်ငန်း ဖွံ့ဖြိုးနေရတာဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်လုပ်ငန်းတွေရဲ့ ဝန်ဆောင်မှု အားနည်းချက် တွေကြောင့်ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံးအောင် လူ့အခွင့်အရေး ချိုးဖောက်ခဲ့ကြောင်း အမေရိကန် အခြေစိုက် အဖွဲ့ကြီး ၂ ခုရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တိတိကျကျ အထောက်အထားတွေနဲ့ ပြသဖို့ မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။
ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာညီလာခံ COP24 ကို ပိုလန်နိုင်ငံမှာ ကျင်းပပြီး ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးနေကြချိန်မှာပဲ မြန်မာနိုင်ငံက လယ်သမားတွေလည်း ပြောင်းလဲလာတဲ့ ရာသီဥတုရဲ့ ဆိုးကျိုးကို ခံစားနေရပါတယ်။ ဒီဆိုးကျိုးတွေကို ရင်ဆိုင်ဖို့နဲ့ ပတ်သက်ပြီး AP သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
နိုဝင်ဘာ ၂၉၊ ၂၀၁၈ - တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် တည်ဆောက်ဖို့ လွန်ခဲ့တဲ့ စက်တင်ဘာလက နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကမ္ဘာမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံနဲ့ ပူးတွဲပြီး၊ စီးပွားရေးလုပ်တဲ့အခါ ဆင်းရဲတဲ့ မြန်မာနိုင်ငံအနေနဲ့ အကျိုးခံစားရမှာတွေရှိသလို လက်အောက်ခံဘဝ ရောက်သွားနိုင်တ
ကမ္ဘာ့ရာသီဥတု ထိန်းသိမ်းရေးဆိုင်ရာညီလာခံ COP24 ကို ပိုလန်နိုင်ငံမှာ ဒီဇင်ဘာလထဲ ကျင်းပမှာဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ဆွေးနွေးဖို့ ရှိနေချိန်မှာပဲ၊ ရာသီဥတုရဲ့ဆိုးကျိုးကို ခံစားနေရတဲ့ မြန်မာလယ်သမားတွေကတော့ ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ အခြေအနေတွေကို လက်တွေ့ကျကျ ရင်ဆိုင်နေရပါတယ်
ကုလ လူ့အခွင့်အရေးကောင်စီမှာ ပြုလုပ်တဲ့ “စီးပွားရေးလုပ်ငန်း တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု နည်းပါးအောင် ဘယ်လိုစောင့်ကြည့် ကာကွယ်သင့်သလဲ” ဆွေးနွေးပွဲမှာ Equality Myanmar လူ့အခွင့် အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း တက်ရောက်ဟောပြော ဆွေးနွေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်