ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်စဲနိုင်ဖို့ ရှမ်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် ၂ဦး တွေ့ဆုံဆွေးနွေးရေးဟာ အရေးကြီးကြောင်း ပြည်ပရောက် ရှမ်းတိုင်းရင်းသားအရေး လှုပ်ရှားသူတွေက တိုက်တွန်းလိုက် ပါတယ်။
အမေရိကန်ပြည်ထောင်စု Houston မြို့အခြေစိုက် ပရဟိတအဖွဲ့တဖွဲ့ဟာ ပါကစ္စတန်က မသန်စွမ်း ကလေးတွေရဲ့ဘဝ ပြန်လည်ထူထောင် နိုင်ရေးအတွက် သူတို့ကို အမေရိကန်နိုင်ငံကိုခေါ်လာပြီး ခွဲစိတ်အထူးကုတွေ၊ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ဆေးကုသပေးဖို့ ကူညီလုပ်ဆောင်နေပါတယ်။ Nadeem Yaqub ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
နိုဝင်ဘာ၂၃၊ ၂၀၁၈ - နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ မြန်မာပြည်သားတွေ သန်းနဲ့ချီရှိနေပေမယ့် သူတို့ တရားဝင်ပြန်ပို့တဲ့ ဒေါ်လာငွေကတော့ နည်းနေပါသေးတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အစိုးရရဲ့ ဘဏ္ဍာရေးစနစ်ကို ယုံကြည်လာမှသာ ဘဏ်ကတဆင့် ငွေလွှဲတာတွေ များလာနိုင်ပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်
အသစ်ဖွ့ဲစည်းထားတဲ့ “ပြည်သူ့ပါတီ”ကိုကြိုဆိုကြောင်း ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ ဒါပေမဲ့ NLD နဲ့ပြည်ခိုင်ဖြိုး ပါတီတွေကို ယှဉ်ပြိုင်ကျော်တက်နိုင်ဖို့ဆိုရင် ပိုပြီး ကြိုးပမ်းအားထုတ်ဖို့ လိုတယ်လို့ အကြံပြုကြပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံတကာရဲ့ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ဆိုရင် အခြေခံအဆောက်အဦ လိုအပ်ချက် ဖြည့်ဆည်းပေးဖို့နဲ့ စီးပွားရေးဆိုင်ရာ မက်လုံးပေးမှုတွေကို ပွင့်လင်းမြင်သာစွာ ပြသဖို့လိုတယ်လို့ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦးက ထောက်ပြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်ပို့ရေး ပထမဆုံးနေ့ လုပ်ငန်းစဉ် မအောင်မြင်ရတာဟာ ဘင်္ဂလားဒေ့ရှ်ကြောင့်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေက အပြစ်တင်ခဲ့ပေမယ့် ကိုယ့် သဘောနဲ့ကိုယ် ပြန်ချင်တဲ့ ရိုဟင်ဂျာတွေ ရောက်မလာတာကြောင့်လို့ ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်ဆိုင်ရာ ကော်မရှင်နာမင်းကြီးက ပြောပါ တယ်။
ကျနော်တို့ နိုင်ငံသားဖြစ်ခွင့် မရှိသေးတာရယ် ၊ ကျနော်တို့ပိုင်ဆိုင်တဲ့ မြေယာတွေ ပြန်မပေးသေးတာရယ် နောက်ပြီး ကျနော်တို့ကို ယာယီ စခန်းတွေထဲမှာပဲ ထားမှာရယ် ဒီအချက်တွေကြောင့် ကျနော့်နေရပ်ကို ပြန်ချင်စိတ်မရှိပါဘူး။
နိုဝင်ဘာ ၁၅၊ ၂၀၁၈ - မြန်မာ့ပို့ဆောင်ရေးလုပ်ငန်းဟာ အာဆီယံနိုင်ငံတွေထဲမှာ အညံ့ဆုံး ဖြစ်နေပါတယ်။ ဒါကြောင့် ဂျပန်နဲ့ ADB အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အကူအညီကိုရယူပြီး ပို့ဆောင်ရေးကဏ္ဍ မြှင့်တင်ဖို့ ကြိုးပမ်းနေကြောင်း ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆက်ပြီး အကောင်ထည်ဖေါ်မယ် ဆိုရင် ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ရခိုင်ဒေသခံတွေရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိအောင် အကာအကွယ်ပေးဖို့ကို ရခိုင်အမျိုးသားပါတီ ANP ကရော၊ ဒေသခံတွေကပါ တောင်းဆိုလိုက်ကြပါတယ်
အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီက အောက်လွှတ်တော် နေရာအများစုကို အနိုင်ရပြီး ထိန်းချုပ်နိုင်လိုက်တာ ကြောင့် ၊ သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်မယ့် မူဝါဒတွေကို အပြန်အလှန် ထိန်းကြောင်းနိုင်တော့မှာ ဖြစ်တယ်လို့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတချို့က သုံးသပ်ပါတယ်။
နိုဝင်ဘာ ၈၊ ၂၀၁၈ - NLD အစိုးရလက်ထက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုပြီး ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ဦးကို ချွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးပို့ သတင်းလွတ်လပ်ခွင်ဆိုင်ရာ အဖွဲ့တွေနဲ့ လူ့အခွင့်အရေးအဖွဲ့ စုစုပေါင်း ၅၀ ကျော်က ဒေါ်အောင်ဆန်းစုကြည်ထံ အိပ်ဖွင့်ပေးစာ ရေးသားတောင်းဆို လိုက်ကြပါတယ်။
မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း အင်တာနက် လွတ်လပ်ခွင့်ကျဆင်းလာကြောင်း Freedom House အဖွဲ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ မြန်မာအစိုးရက ဆက်သွယ်ရေးလိုင်စင်တွေချပေးပြီး တယ်လီဖုန်းနဲ့ အင်တာနက်သုံးစွဲနိုင်ခွင့် ပိုရလာတယ် ဆိုပေမယ့် အင်တာနက် လွတ်လပ်ခွင့်အပိုင်းမှာ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၊ ၂၀၁၈ - မရေရာမှုတွေ ရှိနေတဲ့ကြားက မြန်မာ့စီးပွားရေး တိုးတက်လာပုံနဲ့ ပတ်သက်တဲ့ ကမ္ဘာ့ဘဏ် စစ်တမ်းအကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာ ရှေ့လာမယ့်နှစ်ကစလို့ ၆ နှစ်တာကာလအတွင်း နိုင်ငံခြားသားအလုပ်သမား (၅)သိန်းကို တရားဝင်ခေါ်ယူဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ထားပြီး၊ မြန်မာလူငယ်တွေအတွက် အခွင့်လမ်းကောင်းတွေ ပေါ်လာမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံမှာ နှစ်ရှည်ကြာနေလာတဲ့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
အောက်တိုဘာ ၂၅၊ ၂၀၁၈ - မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော စီးပွားရေးဇုန်အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာအစိုးရတပ်နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့တွေကြား ဒီကနေ့ မနက်ပိုင်းမှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီး နားမြို့မှာ ရှိတဲ့ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် စစ်ဘေးဒုက္ခသည်စခန်းကို ဒီကနေ့ သွားရောက် ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ဟာ ဒီကနေ့ နေ့ခင်းပိုင်းက ကချင်ပြည်နယ် ဝိုင်းမော်မြို့ မိုင်းနား IDP စစ်ရှောင်စခန်းကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေကလည်း သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲကို တင်ပြခဲ့ကြပါတယ်။
အောက်တိုဘာ ၁၈၊ ၂၀၁၈ - ကျောက်ဖြူမြို့အနီးက မဒေးကျွန်းကနေ ယူနန်အထိ ပိုက်လိုင်းသွယ်ပြီး ရေနံနဲ့ ဓါတ်ငွေ့ တင်ပို့နေတာ အတော်လေးကြာသွားပါပြီ။ ဒါပေမဲ့ ကျောက်ဖြူ အထူးစီးးပွားရေးဇုန်ကတော့ စိတ်ကူးစီမံချက်အဆင့်မှာ ရှိနေကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်