အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပြန်လည်ထူထောင်ရေးနဲ့ နေရပ်ကနေ တိမ်းရှောင်သွားသူတွေကို နေရာပြန်လည် ချထားရေး၊ ပုံမှန်လုပ်ငန်းခွင် လည်ပတ်နိုင်ရေးတွေအတွက် အစိုးရတာဝန်ရှိ သူတွေဘက်က ဆောင်ရွက်နေပေမဲ့လို့ ဒေသခံ ပြည်သူတွေနဲ့ ဌာနတိုင်းရင်းသားတွေ အတွက် နေ့စဉ်လူမှုဘဝ ပြန်လည်ရှင်သန် ရပ်တည်လုပ်ကိုင်ရေးနဲ့ လုပ်ငန်းခွင်အတွက် ခိုင်မာတဲ့ လုံခြုံရေး အာမခံ ချက်တွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောဆိုလိုက်ပါတယ်။
လူ့အခွင့်အရေးကိုယ်စားလှယ် Yanghee Lee ရဲ့ တင်သွင်းဖို့ရှိနေတဲ့အစီရင်ခံစာနဲ့ပတ်သက်လို့ အခုစွပ်စွဲနေတဲ့ ဒီလူမျိုးတုံးသတ်ဖြတ်မှုတွေ လူမျိုးတုံးသန့်စင်မှုတွေဟာ အစိုးရရဲ့ မူဝါဒ သဘောထားမဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းကပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သွားရောက်စစ်ဆေးပြီးတဲ့နောက် အကျဉ်းထောင်စနစ်ပြုပြင်ပြောင်းလဲဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPPB တို့က ပြောဆိုလိုက်ပါတယ်။
ကချင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ထိန်းချုပ်နယ်မြေအနီး ကချင်ပြည်နယ် လိုင်ဇာမြို့က ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးတွေ အပြင်းအထန်ကြွေကျလို့ စခန်းထဲက ယာယီနေထိုင်တဲ့တဲအိမ်တွေ ပြိုကျပျက်စီးခဲ့ရပါတယ်။
နယ်စပ်လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရဖူးတဲ့အတွက် ARSA အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကာကွယ်တဲ့အနေနဲ့ မြန်မာ-ဘင်္ဂလားနိုင်ငံ နယ်စပ်လုံခြုံရေးတပ်အင်အားတွေကို မြန်မာဘက်က ပိုပြီးတော့ တင်းမြှင့်ချထားတာဖြစ်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် နယ်နမိတ်မျဉ်း ကြား မှာ ခိုလှုံနေထိုင်နေတဲ့ ဒုက္ခသည်တွေကို မြန်မာအစိုးရဘက်က ထွက်သွားဖို့ ဖိအားပေးလာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်းတွေဘက်က ထွက်ပြေးလာကြတယ်လို့ ကုတုပလောင်နဲ့ ဘာလုခါလီစခန်းက ဒုက္ခသည်တွေကပြောပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရိုဟင်ဂျာကလေးငယ်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီရင်ခံစာအသစ်က ဖော်ပြလိုက်ပါတယ်။
ရှမ်းပြည်နယ် လားရှိုးမြို့က ဘဏ်ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အပြစ်မဲ့ပြည်သူတွေ သေကြေ၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန် လိုက်ပါတယ်။
ရှေ့နေကြီးဦးကိုနီ ကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူသတ်သမားကြည်လင်းရဲ့ ဆရာတော်အဖြစ်ရော နောက် တရားရုံးထုတ်ချိန် လာရောက်ဝန်းရံသူတွေရဲ့ လက်သုံးစကား " ထမင်းဝအောင်စားထား" စတဲ့ အသုံးအနှုံးတွေကို တရားပွဲတွေမှာ သုံးနှုံးပြောဆိုခဲ့တဲ့ ဦးဝီရသူကို အစိုးရနဲ့ သာသနာရေးဝန်ကြီးဌာနတို့ဘက်က ကိုင်တွယ်ဖြေရှင်းအရေးယူပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလာမယ့်တနင်္ဂနွေနေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် ဦးဆောင် သံဃာတော်တပါးဖြစ်တဲ့ မင်းသုည (ဗုဒ္ဓတက္ကသိုလ်) ကို အင်တာနက်ကနေတဆင့်ရော ဖုန်းကနေပါ အသက်အန္တရာယ်ရန်ရှာမယ့်သဘော ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ ဆရာတော်မင်းသုညက မိန့်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း UN အဖွဲ့အစည်းခြောက်ဖွဲ့ရဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ဂျပန်အစိုးရကနေ မြန်မာအစိုးရကို ဂျပန်ယန်းငွေ၂.၂ ဘီလီယံ အလှူငွေပေးအပ်လိုက်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေး လုပ်ငန်းစဉ် စတင်နိုင်ဖို့ ဒုက္ခသည် ၈၀၀၀ ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာဘက်ကို ပေးအပ်လိုက်ပါပြီ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သုံးရက်တာခရီး သွားရောက်နေတဲ့ပြည်ထဲရေးဝန်ကြီးဟာ ဒီကနေ့မှာတော့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးနဲ့တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေအရေး အဓိကဆွေးနွေးမှာဖြစ်ပြီး နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် တရားမဝင်လက်နက်ရောင်းဝယ်နေတဲ့ကိစ္စတွေနဲ့ မူးယစ်ဆေးပြသနာတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှအခွင့်အရေးရပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တရပ်တည်ထောင်နိုင်ဖို့ ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေအတိုင်း အပြောမဟုတ်ပဲ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုပါတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။
သတင်းသွားယူချိန် အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံလိုက်ရပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖောက်ဖျက်မှုနဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ Reuters သတင်းသမားနှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေး ဒီကနေ့ ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ သတင်းသမားတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲမှာ ဒီကနေ့မှာတော့ ကာမိုင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ ကချင်လက်နက်ကိုင်တပ် KIA ကထိန်းသိမ်းထားတဲ့ မြန်မာ့တပ်မတော်က စစ်သည်တွေကို ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ကနေ တဆင့်ပြန်အပ်ခဲ့ပါတယ်။
စစ်တွေအကျဉ်းထောင်မှာ အထိန်းသိမ်းခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ (၃)ခုနဲ့ တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ စစ်တွေခရိုင်တရားရုံးတင် စစ်ဆေးခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ကပြောပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးစခန်းတွေဖြစ်တဲ့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရကြားစခန်းတွေကို ဒီကနေ့မှာ EU ဥရောပသမဂ္ဂအပါအဝင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သံတမန်အဖွဲ့တွေ သွားရောက် ကွင်းဆင်းလေ့လာကြတယ်လို့ ဒုက္ခသည်တွေ ပြန်လည်လက်ခံ နေရာချထားရေး ဦးဆောင်စီစဉ်နေတဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ကချင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ဖြစ်နေတဲ့ ကချင်ပြည်နယ်ထဲ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေ ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီးလိုအပ်နေပေမဲ့ ဆရာဝန်တွေဦးဆောင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုစေတနာ့ဝန်ထမ်းအဖွဲ့တွေ အဲ့ဒီ့ကို အရောက်သွားဖို့ အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ရိုဟင်ဂျာဒုက္ခသည်အရေး ငြိမ်းချမ်းစွာ ရေရှည်ဖြေရှင်းဖို့ မြန်မာနဲ့ရော နိုင်ငံတကာနဲ့ပါ သံတမန် နည်းလမ်းတွေနဲ့ဖြေရှင်းပေးဖို့ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်မှာ ပြောဆိုထားပါတယ်။
မြန်မာအစိုးရစစ်တပ်ဘက်က တိုင်းရင်းဒေသတွေက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ထိုးစစ်တွေကို မရပ်တန့်ဘူးဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ပူးပေါင်းပြီး ခုခံစစ်အဖြစ် တိုက်ခိုက်သွားမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့က ကြေညာချက် ထုတ်လိုက်တဲ့အပေါ် ဒေသတွင်းတိုက်ပွဲတွေ ပို ပြင်းထန်ပြီး စစ်ရေးအရှိန်မြှင့် တင်းမာလာနေတဲ့ အခြေအနေအရေး စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက စိုးရိမ်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်