သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
Trump SPeech
Trump SPeech

အမေရိကန် သမ္မတ Donald Trump လွှတ်တော်မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်ချက်

သမ္မတ Donald Trump က အမေရိကန်အစိုးရသစ်ရဲ့ မူဝါဒပိုင်းနဲ့ပတ်သက်လို့ အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်းမှာ ပြောကြားတဲ့ မိန့်ခွန်းကို အချိန်နှင့်တပြေးညီ ကောက်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။

၀၈:၀၁ ၅.၃.၂၀၂၅

သမ္မတ Trump မိန့်ခွန်းမှာတော့ လက်ရှိအစိုးရသစ်ရဲ့ မူဝါဒတွေနဲ့ လက်တလော ဆောင်ရွက်ချက်တွေကို ပြောဆိုဖို့ရှိသလို၊ ယူကရိန်းသမ္မတနဲ့ကိစ္စ နိုင်ငံရပ်ခြားအကူအညီတွေ ရပ်တန့်တဲ့ကိစ္စတွေကို ခုခံပြောမယ်လို့ ယူဆရပါတယ်။

၀၈:၁၉ ၅.၃.၂၀၂၅

သမ္မတထရမ့်ဟာ သမ္မတတာဝန်ပြန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကွန်ဂရက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ ပြောကြားတဲ့ မိန့်ခွန်း ဖြစ်ပါတယ်။

၀၈:၂၄ ၅.၃.၂၀၂၅

CBS သတင်းဌာနနဲ့ YouGov စစ်တမ်းအရ အမေရိကန်ပြည်သူ ၈၀ ရာခိုင်နှုန်းက ထရမ့်အနေနဲ့ စီးပွားရေးနဲ့ ငွေကြေးဖောင်းပွမှုကိစ္စတွေအပေါ် အာရုံစိုက်ဖို့ လိုလားကြပေမယ့် သမ္မတက ငွေကြေးဖောင်းပွမှုကို သေချာဦးစားပေးလုပ်ဆောင်တယ်လို့ ပြောသူက ၂၉ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။

၀၈:၂၉ ၅.၃.၂၀၂၅

သမ္မတထရမ့်က ဒီမိန့်ခွန်းမှာ သူ့ရဲ့ စီးပွားရေးနဲ့ လူဝင်မှုကြီးကြပ်ရေး အစီအမံတွေကို ချပြမှာဖြစ်တဲ့အပြင် ဖက်ဒရယ်ဝန်ထမ်းတွေ လျှော့ချဖို့ ဆုံးဖြတ်ချက်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးကို ထိပ်တိုက်ရင်ဆိုင်တဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေကိုလည်း ဒီမိန့်ခွန်းမှာ ခုခံကာကွယ်မယ်လို့ ခန့်မှန်းနေကြတာပါ။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG