သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
Trump SPeech
Trump SPeech

အမေရိကန် သမ္မတ Donald Trump လွှတ်တော်မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်ချက်

သမ္မတ Donald Trump က အမေရိကန်အစိုးရသစ်ရဲ့ မူဝါဒပိုင်းနဲ့ပတ်သက်လို့ အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်းမှာ ပြောကြားတဲ့ မိန့်ခွန်းကို အချိန်နှင့်တပြေးညီ ကောက်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။

၀၈:၅၁ ၅.၃.၂၀၂၅

အမေရိကန် ပြန်ထူထောင်လာပြီဆိုတဲ့ စကားနဲ့ သမ္မတက မိန့်ခွန်းကို စတင်လိုက်ပါတယ်

၀၈:၅၂ ၅.၃.၂၀၂၅

လွန်ခဲ့တဲ့ ၆ ပတ်က ကျနော် ဒီကွန်ဂရက်ခန်းမရဲ့ အမိုးအောက်မှာ ရပ်ပြီး "အမေရိကန်ရဲ့ ရွှေခေတ်" စတင်ကြောင်း ကြေညာခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျနော်တို့နိုင်ငံသမိုင်းမှာ အကြီးကျယ်ဆုံးနဲ့ အောင်မြင်ဆုံး ခေတ်ကို ဖန်တီးဖို့ မြန်မြန်ဆန်ဆန်နဲ့ မရပ်မနား လုပ်ဆောင်ခဲ့တယ်။ ၄၃ ရက်အတွင်း အစိုးရအများစု ၄ နှစ်၊ ၈ နှစ်နဲ့မှ မလုပ်နိုင်တဲ့ အလုပ်တွေကို ကျနော်တို့ လုပ်ပြခဲ့တယ်—ဒါက အခု စတင်ရုံပဲ ရှိသေးတယ်။ ဒီည

၀၈:၅၆ ၅.၃.၂၀၂၅

သမ္မတမိန့်ခွန်းပြောနေစဉ် အော်ဟစ်ပြောဆိုမှုတွေရှိပြီး လွှတ်တော်ခမ်းမထဲမှာ သေချာစည်းကမ်းလိုက်နာပြီး စနစ်တကျပြုမူဖို့ တောင်းဆိုရပါတယ်။

၀၈:၅၇ ၅.၃.၂၀၂၅

လွန်ခဲ့တဲ့ ၆ ပတ်အတွင်း ကျနော်ဟာ အမိန့်ညွှန်ကြားချက် ၁၀၀ နီးပါး လက်မှတ်ထိုးခဲ့ပြီး အမိန့်ဆောင်ရွက်မှု ၄၀၀ ကျော်ကို လုပ်ဆောင်ခဲ့တယ်

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG