သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း
Trump SPeech
Trump SPeech

အမေရိကန် သမ္မတ Donald Trump လွှတ်တော်မိန့်ခွန်းတိုက်ရိုက်ထုတ်လွှင့်ချက်

သမ္မတ Donald Trump က အမေရိကန်အစိုးရသစ်ရဲ့ မူဝါဒပိုင်းနဲ့ပတ်သက်လို့ အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်းမှာ ပြောကြားတဲ့ မိန့်ခွန်းကို အချိန်နှင့်တပြေးညီ ကောက်နှုတ်တင်ပြသွားမှာ ဖြစ်ပါတယ်။

၁၀:၃၁ ၅.၃.၂၀၂၅

အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ နေ့စဉ်နဲ့အမျှ ကြိုးစားတိုက်ပွဲဝင်ကြပါမယ်။ တောက်ပတဲ့ အနာဂတ်အတွက် အသင့်ပြင်ကြပါ။ အမေရိကန်ရွှေခေတ်ရောက်ပါပြီ။ "ဘုရားသခင်က အမေရိကန်ကို ကောင်းချီးပေးပါစေ" လို့ ပြောကြားပြီး သမ္မတမိန့်ခွန်းကို အဆုံးသတ်သွားပါတယ်။

၁၀:၂၈ ၅.၃.၂၀၂၅

ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေ အပင်ပန်းခံတည်ဆောက်ခဲ့တဲ့ ဒီနိုင်ငံကြီးကို ကျွန်တော်တို့က ဆက်လက်စောင့်ထိန်းပြီး အကောင်းဆုံး လုပ်ဆောင်ရပါမယ်။ ပိုမြင့်မားအောင်လုပ်ဆောင်ရပါမယ်။ အမြင့်ဆုံးလူနေမှု အဆင့်အတန်းရှိအောင် တည်ဆောက်ပါမယ်။

၁၀:၂၀ ၅.၃.၂၀၂၅

ယူကရိန်းက ငြိမ်းချမ်းရေးလိုလားကြောင်း သမ္မတဇလန်းစကီး မနေ့ကပဲ စာပို့ပါတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့ ရုရှားနဲ့လည်း ဆက်တိုက်ပြောဆိုနေတာပါ။ ဒီစစ်ပွဲကြီးကို ရပ်တန့်နိုင်မယ်ဆိုရင် သတ်ဖြတ်မှုတွေ ချုပ်ငြိမ်းအောင်လုပ်ဆောင်မယ်ဆိုရင် မကောင်းဘူးလား

၁၀:၁၈ ၅.၃.၂၀၂၅

ဝမ်းနည်းစရာက ဥရောပက ယူကရိန်းကာကွယ်ဖို့ သုံးတာထက် ရုရှားဆီက ဆီနဲ့ဓာတ်ငွေ့ဝယ်ဖို့ ပိုသုံးတယ်—အများကြီး ပိုပါတယ်။ ဒေါ်လာ ၃၅၀ ဘီလျံ အမေရိကန်က သုံးစွဲပေးခဲ့ပါတယ်။ ဘိုင်ဒန်က ဒီတိုက်ပွဲအတွက် ဥရောပသုံးတာထက် ပိုပြီး သုံးခဲ့တာပါ။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG