ကျနော်က ယူကရိန်းက ရက်စက်တဲ့ပဋိပက္ခကို အဆုံးသတ်ဖို့လည်း မနားတမ်း လုပ်ဆောင်နေပါတယ်။ ဒီဆိုးရွားရက်စက်လှတဲ့ စစ်ပွဲမှာ ယူကရိန်းနဲ့ ရုရှားသန်းပေါင်းများစွာ မလိုအပ်ပဲ သေဆုံးဒဏ်ရာရခဲ့တယ်၊ အဆုံးသတ်မယ့်လက္ခဏာလည်း မမြင်ရသေးဘူး။ အမေရိကန်က ယူကရိန်းကာကွယ်ရေးအတွက် ဒေါ်လာဘီလျံနဲ့ချီ ထောက်ပံ့ထားတယ်။
ဂရင်းလန်းကျွန်းနဲ့ပတ်သတ်ပြီး ပြောကြားရာမှာ နိုင်ငံတကာလုံခြုံရေးအတွက် အမေရိကန်က ဂရင်းလန်းကို လိုချင်ပါတယ်။ ဂရင်းလန်းပြည်သူတွေကို အမေရိကန်က အကာအကွယ်ပေးမှာပါ။ အကြမ်းဖက်သမားတွေရဲ့ ရန်က ကြောက်ဖို့ကောင်းပါတယ်။
ပြည်တွင်းလုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ ပနားမားတူးမြောင်းကို အမေရိကန်က ပြန်ယူပါမယ်၊ အမေရိကန်က တည်ဆောက်ခဲ့တာပါ။ အမေရိကန်လုပ်သားတွေ ဒီတူးမြောင်းတည်ဆောက်ရင်း အများအပြားသေဆုံးခဲ့ရပါတယ်။ အခု ပြန်ယူပါမယ်။ သူများတွေကိုလည်း ပေးသုံးမှာပါ။ ဒီကိစ္စကို နိုင်ငံခြားရေးဝန်ကြီး မာကို ဦးဆောင်လုပ်နေပါတယ်။ ကျေးဇူးပါ မာကိုရေ။
အမေရိကန်လုပ် ဒုံးခွင်းဒုံးစနစ်အကြောင်းလည်း ဂုဏ်ယူပြောကြားသွားတာပါ။ အန္တရာယ်ကြီးတဲ့ ကမ္ဘာကြီးမှာ အမေရိကန်နိုင်ငံသားတွေကို အကာအကွယ်ပြုဖို့ ဒီလို နည်းပညာမြင့် ကိရယာတွေ လိုအပ်ပါတယ်။