အမေရိကန်ပြည်ထောင်စုတောင်ပိုင်း မက္ကဆီကို နိုင်ငံမှာက လူဆိုးတွေ မူးယစ်ဂိုဏ်းတွေ ကြီးစိုးနေတာပါ။ မက္ကဆီကိုနဲ့ ကနေဒါအနေနဲ့ အမေရိကန်ကို မူးယစ်ဆေးတွေ စီးဆင်းမှုကို တားဆီးဖို့ ပိုလုပ်ဆောင်ဖို့ လိုပါတယ်
တက္ကဆက်မှာ ကလေးငယ်တဦးကို ဗန်နီဇွဲလားနိုင်ငံက တရားမဝင်လာရောက်နေထိုင်သူ ၂ ဦး သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ကို ပြောကြားသွားပါတယ်။ အဲဒီလူတွေနဲ့ ဆက်စပ်ပြီး တောင်အမေရိကတိုက်သား လူဆိုးဂိုဏ်းတွေကို ဖြိုခွဲမဲ့အကြောင်း ပြောကြားပါတယ်။
အမေရိကန်ပြည်သူများကို ထိခိုက်အန္တရာယ်ပေးတဲ့ နိုင်ငံခြားသားရာဇဝတ်သားတွေကို နှိမ်နင်းဖို့ လုပ်ဆောင်ပါတယ်
လယ်ယာစိုက်ပျိုးရေး မွေးမြူရေးလုပ်ကိုင်တဲ့ အမေရိကန်တွေကို ကျွန်တော်ချစ်ပါတယ်။ အခုသူတို့ အကျိုးအမြတ်တွေ ပြန်ရပါမယ်။ ခနစောင့်ပါ။ အရင်က သမ္မတဘိုင်ဒန်ကြောင့် တောင်သူတွေ နစ်နာခဲ့ရတာပါ။