ပြီးခဲ့တဲ့ သတင်းပတ်တွေအတွင်းမှာတင် ပြည်တွင်း ရင်းနှီးမြှပ်နှံမှုတွေ အများကြီတိုးလာပါတယ်။ မနေ့ကပဲ ထိုင်ဝမ်ကလည်း အမေရိကန်ပြည်ထောင်စုမှာ ရင်းနှီးမြှပ်နှံမှုကြီး အကြီးအကျယ်လုပ်မယ်လို့ ကြေညာသွားပါတယ်၊
ကျွန်တော်တို့ကို နိုင်ငံတိုင်းလိုလိုက အမြတ်ထုတ်နေခဲ့တာ ကျွန်တော်က ထပ်အဖြစ်မခံပါဘူးလို့ သမ္မတက ပြောပါတယ်။
သူတို့က ကျနော်တို့ကို အခွန်တပ်ရင် ကျနော်တို့လည်း သူတို့ကို အခွန်တပ်မယ်။ သူတို့က ကျနော်တို့ကို အခွန်ကောက်ရင် ကျနော်တို့လည်း သူတို့ကို ကောက်မယ်။ သူတို့က ငွေမဟုတ်တဲ့ အတားအဆီးတွေနဲ့ ကျနော်တို့ကို သူတို့ဈေးကွက်ထဲ မဝင်အောင်လုပ်ရင် ကျနော်တို့လည်း သူတို့ကို ကျနော်တို့ဈေးကွက်ထဲ မဝင်အောင် အတားအဆီးတွေ လုပ်မယ်။ ဒီလိုနဲ့ ဒေါ်လာထရီလီယံနဲ့ချီတဲ့ ဝင်ငွေရမယ်၊ အလုပ်အကိုင်တွေလည်း တစ်ခါမှ မမြင်ဖူးတဲ့အတိုင်း ဖန်တီးနိုင်မယ်။
ပြည်တွင်းထုတ်ကုန်တွေကို ဦးစားပေးထုတ်လုပ်မယ်။ ပြည်တွင်းထုတ်လုပ်မှုအတွက် အခွန်အကောက်လျှော့ပေါ့မယ်လို့ ပြောပါတယ်။