တူရကီငလျင်ကယ်ဆယ်ရေးအတွက် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး အနံ့ခံခွေးကြီးတွေလည်း လိုက်လာကြတာပါ။ ခွေး ၇ ကောင်ပါတဲ့ ဂျာမနီအဖွဲ့ကတော့ ဆီးရီးယားနယ်စပ်နဲ့ မိုင် ၅၀ တောင်မဝေးတဲ့ ဟတ်ထိုင်ပြည်နယ်ဘက်ကို သွားပါတယ်။
ချီလီနိုင်ငံမှာ ဘီယာကုန်ကားမှောက်တော့ ဖြတ်သွားဖြတ်လာ ကားတွေအကုန် ရပ်ပြီး အကောင်းကျန်သေးတဲ့ ဘီယာကတ်တွေ အပြေးယူကြတာပါ။ ကျန်တဲ့ ဘီယာတွေကတော့ အလှူလုပ်သလို ဖြစ်သွားပြီး ကားပေါ်က အကောင်းကျန်တဲ့ ဘီယာတွေရော၊ အောက်မှာ ပြန့်ကျဲနေတဲ့ထဲကရော အကောင်းကျန်တာတွေ အကုန် ယူသွားကြပါတယ်။
တောင်အမေရိကတိုက်၊ ပီရူးနိုင်ငံတောင်ပိုင်း အာရေကီးပါးဒေသမှာ ပထမသီတင်းပတ်က မိုးကြီးပြီးနောက် မြေပြိုကျလို ရွာအများအပြားကို့ ရွှံ့မြေတွေ၊ ကျောက်တုံးတွေ၊ ရေတွေဖုံးလွှမ်းခဲ့ပါတယ်။ မပြိုပဲ ကျန်ရစ်တဲ့ နေအိမ်၊ အဆောက်အဦး ၆၀၀ ကျော်လည်း အခြေမခိုင် ဖြစ်ကျန်ခဲ့ပါတယ်။
အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း သေနတ်နဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့လို့ စုစုပေါင်း လူ ၂၀ မက သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်တွေဖြစ်ကတည်းက အုပ်ချုပ်ရေးနဲ့ ဥပဒေပြုသူတွေ ကယ်လီဖိုးနီးယားပြည်နယ်မှာ သေနတ်ကိုင်ဆောင်ခွင့် စည်းမျဉ်းတွေ ပိုတင်းတင်းကြပ်ကြပ်လုပ်ဆောင်သွားဖို့ ပြောနေကြပါတယ်။
ဒီလုပ်ရပ်ဟာ ဘရာဇီးနိုင်ငံအတွင်း ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးနဲ့ ဒီမိုကရေစီအပေါ် တိုက်ခိုက်မှုဖြစ်ပြီး ရှုတ်ချတဲ့အကြောင်းနဲ့ ဘရာဇီးနိုင်ငံက ဒီမိုကရေစီနည်းကျ အသင်းအဖွဲ့အားလုံးကို အပြည့်အဝ ပံ့ပိုးပေးမယ့်အကြောင်း သမ္မတဘိုင်ဒန်က ရေးပါတယ်။
“အခုက ပေါက္ခရဝဿမိုး ကွက်ကျားရွာတဲ့မိုးပါပဲ။ လွှတ်ချင်တဲ့လူမှ လွှတ်မယ်။ ဟိုဘက်က ၆ ပုံ ၁ ပုံကလည်း ပေးချင်တဲ့လူမှ ပေးမယ်။ လတ်တလောအရ နိုင်ငံတကာဖိအားကို လျော့ရုံသက်သက်ပဲ။ နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေအတွက်တော့ ဘာမှ ထိရောက်တဲ့ရလဒ်တခုမဟုတ်ဘူးလို့ပဲ မြင်ပါတယ်။”(ဥပဒေပညာရှင်တဦး)
NLD အစိုးရ သာသာနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဖြစ်သူ သူရဦးအောင်ကိုဟာ မနေ့ညပိုင်းကတည်းက အကျဉ်းထောင်က ပြန်လည်လွတ်မြောက်ပြီး နေအိမ်ရောက်ရှိနေပြီလို့သိရပါတယ်။
သမ္မတရော ဒေါ်အောင်ဆန်းစုကြည်ပါ ကျန်းမာရေးကောင်းမွန်ပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေကျန်းမာပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးခဲ့ တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇတိုင်း(KBZ Tai) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေယျကို စစ်ကောင်စီ လုံခြုံရေးအာဏာပိုင်တွေက မနေ့ ဒီဇင်ဘာလ ၂၅ ရက် မနက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်တဲ့ အဂတိလိုက်စားမှု ၅ မှုကို လာမယ့် ဒီဇင်ဘာ ၃၀ရက်နေ့ အပြီးသတ်အမိန့်ချမှတ်ဖွယ်ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံ မြောက်ဖက်စွန်း အာချေးပြည်နယ်ထဲက ကမ်းခြေတခုမှာ အစာရေစာပြတ်လပ်ပြီး အားနည်းနေတဲ့ ရိုဟင်ဂျာဆယ်ဂဏန်းလောက်ကို တနင်းနွေနေ့က တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာပြုလုပ်တဲ့ မြန်မာ့အရေးဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောဆွေးနွေးပွဲကို အာဆီယံအသင်းကြီးရဲ့ အဓိကကျတဲ့ နိုင်ငံတွေမတတ်ရောက်သလို၊ ဆွေးနွေးပွဲကနေ ခိုင်ခိုင်မာမာရလဒ်လည်း ထွက်မလာခဲ့ပါဘူး။
ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ကြိုဆိုလိုက်ပြီး၊ စစ်ကောင်စီအနေနဲ့ မြန်မာ့အရပ်သာေးတွအပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့နဲ့ မြန်မာ့အရေးအကျပ်အတည်းကိုဖြေရှင်းဖို့ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အခု ဗုဒ္ဓဟူးနေ့မှာ လုံခြုံရေးကောင်စီအတွင်း မဲခွဲဆုံးဖြတ်ဖွယ်ရှိတယ်လို့ သံတမန်သတင်းကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
စကော့တလန်၊ Lockerbie မြို့က ဝေဟင်မှာ ၁၉၈၈ ခုနှစ်တုန်းက အမေရိကန် ခရီးသည်တင် လေယာဉ် ဖောက်ခွဲတိုက်ခိုက်ခံရမှုမှာ ဗုံးလုပ်ပေးသူအဖြစ် မသင်္ကာသူ လစ်ဗျားထောက်လှမ်းရေးကို အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က ဖမ်းဆီးလိုက်ပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား ၇ဦးကို ကွပ်မျက်စီရင်မှုမလုပ်ဖို့ နိုင်ငံတကာမှာ တောင်းဆိုဆန္ဒပြနေကြသလိုပဲ၊ သူတို့ရဲ့ မိသားစုဝင်တချို့ကလည်း သူတို့ကို ကွပ်မျက်မှုမလုပ်နိုင်အောင် ကူညီကြဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
“မီးလောင်တဲ့နောက်မှာ လက်နက်ကြီးတလုံး -သမ ဦးစီးရုံးအတွင်း ကျရောက်ပေါက်ကွဲတယ်။ ၉ နာရီ ၁၅ နောက်ပိုင်းမှာ အပစ်အခတ် ကြားရတယ်။ ၁၀ နာရီ ၄၅ လောက်အထိ ၁ နာရီကျော်ကျော် ၁ နာရီခွဲလောက်ကြာတယ်။ အမျိုးသမီး ၁ ဦး ကျဉ်ထိမှန်ပြီးသေဆုံးသွားတယ်။ ၂ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာရတယ်။” (ဒေသခံ)
မြန်မာနိုင်ငံမှာ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဂျပန် အစိုးရက တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်