ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တွင်းကို လွှဲပြောင်းပေးပို့တဲ့ လစာဝင်ငွေတွေကို တခြားသူတွေကို ရောင်းချတာ၊ ဒါမှမဟုတ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖေါက်ကားတာတွေ ၂၁ ရက်အတွင်း အပြီးသတ် လုပ်ဆောင်ဖို့ ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စ ဗစ်ကီ ဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ဦးထိန်လင်းကို မနေ့က ဗုဒ္ဓဟူးနေ့ ညပိုင်းက ရန်ကုန်မြို့နေအိမ်မှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှု အပြင် နိုင်ငံရေးပုဒ်မ နဲ့ စစ်ကောင်စီက တရားစွဲဆိုလိုက်ပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးမှာ ကြေညာချက်တွေထုတ်ပြန်တာမျိုး သံတမန်ရေးအရ တိုးတိုးတိတ်တိတ်ဖိအားပေးတာမျိုးတွေထက်၊ ထိရောက်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ကြဖို့ NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းတောင်းဆိုပါတယ်။
မြန်မာကို ဂမ်ဘီယာက နိုင်ငံတကာတရားရုံး - အိုင်စီဂျေမှာ တရားစွဲဆိုထားတဲ့အမှု အပေါ် တရားရုံးက ဆက်လက်ကြားနာဖို့ ဆုံးဖြတ်တဲ့ အပေါ် ဥပဒေကြောင်းအရ ဆက်လက်ခုခံချေပ သွားမယ်လို့ စစ်ကောင်စီဘက်ကပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ဆုံခွင့်ရခဲ့ကြတဲ့ နိုင်ငံ့အရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင် တချို့နဲ့ ဒေါ်ခင်စိုးဝင်းက စကားဝိုင်းဖွဲ့ ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံမှာကျင်းပနေတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဒေသတွင်း နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်တာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အစိုးရကို အသိအမှတ်ပြုတာ ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ပုဂ္ဂိုလ်က ပြောလိုက်ပါတယ်။
မြန်မာစစ်တပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတာမျိုး မလုပ်ဖို့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
တရားမျှတစွာ တရားစီရင်နိုင်ဖို့လိုအပ်တဲ့ အခြေခံအချက်တွေနဲ့ မကိုက်ညီပဲ သေဒဏ်ပေးတာမျိုး ဒါမှမဟုတ် ဖမ်းဆီး ချုပ်နှောင်ထားတာမျိုးက လူသားထုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု ဒါမှဟုတ် စစ်ရာဇဝတ်မှု ၊ တခုထက်မကသော ပြစ်မှုကို မြောက်စေမှာဖြစ်တယ်လို့ IIMM တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီဟာ နယ်မြေတွေကို ဆုံးရှုံးနေသလို၊ မြန်မာစစ်တပ်ဟာလည်း အတော်လေးကို ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ Derek Chollet က ရိုက်တာအပါအဝင် တခြား မီဒီယာတွေက သတင်းထောက်တွေကို ဘန်ကောက်မြို့မှာ သောကြာနေ့က ပြောလိုက်ပါတယ်။
ဘယ်အချိန် ဘယ်အတိုင်းအတာအထိ လုပ်ငန်းပြီးမြောက် အောင်မြင်အောင်လုပ်ဆောင်မယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်၊ ဘယ်သူတွေက ပါဝင်သင့်တယ် ဆိုတာတွေကို အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ထဲမှာ ထည်သွင်း ဖော်ပြထားတာ မရှိပါဘူး။
စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဗြိတိန်အခြေစိုက် MAP လူ့အခွင့်အရေးအဖွဲ့က တူရကီမှာ တရားစွဲဖို့ ပြင်နေတဲ့အမှုကို တူရကီအာဏာပိုင်တွေက ကနဦး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။
ဖင်လန်နိုင်ငံကို သဘာဝဓါတ်ငွေ့တင်ပို့တာတွေကို ရုရှားနိုင်ငံဘက်က ဒီနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။
အရှေ့ တရုတ်ပင်လယ်ပြင်ထဲက ရေပိုင်နက်အငြင်းပွားနေတဲ့နေရာမှာ တရုတ်နိုင်ငံဘက်က ရေနံနဲ့ ဓါတ်ငွေ့တူးဖော်ရေးစင်တွေ ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို ကန့်ကွက်လိုက်ပါတယ်။
ဒေသတွင်း မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေရှိနေတဲ့အချိန်မှာပဲ အမေရိကန်နဲ့တောင်ကိုရီယားနိုင်ငံ ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံအကြား စစ်ရေးအရမြှင့်တင်ဆောင်ရွက်ဖို့ အပြန်အလှန်ဂတိပြုခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ သိန်းနဲ့ချီရိုဟင်ဂျာဒုက္ခသည်တွေနဲ့ မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာကူညီမှု နောက်ထပ် ယူရိုငွေ ၂၂သန်းကို ဥရောပကော်မရှင်က ထုတ်ပေးလိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။
သြစတြေးလျနိုင်ငံမှာ ဒီနေ့ ကျင်းပတဲ့ ပါလီမန်ရွေးကောက်ပွဲမှာတော့ အတိုက်အခံ လေဘာပါတီက အနိုင်ရသွားတယ်လို့ သြစတြေးလျ သတင်းတွေက ဖော်ပြနေကြပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့ရက်ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet ကရှုံချလိုက်ပြီး၊ နောက်ထပ်အကြမ်း ဖက်တိုက်ခိုက်မှုတွေမဖြစ်အောင်ကာကွယ်ဖို့ သီရိလင်္ကာအစိုးရ ကိုတိုက်တွန်းလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်