အများအားဖြင့် ဝတ်ဖြူစင်ကြယ်ဝတ်ထားကြတဲ့ ဒေသခံနဲ့ နိုင်ငံခြားသားတွေ မက္ကဆီကိုနိုင်ငံမှာ တည်ရှိတဲ့ နေမင်းရဲ့ပိရိမစ်ပေါ်တက်ပြီး နွေဦးကျရောက်ချိန်ကို ကြိုဆိုခဲ့ကြတာပါ။
ရုရှားသမ္မတ ဗလယ်ဒီမီယာ ပူတင်ဟာ မော်စကိုမြို့တော်ရဲ့ အရှေ့ဘက် မိုင်ပေါင်း ၃၀၀၀ နီးပါးမှာရှိတဲ့ Buryatia သမ္မတနိုင်ငံလေးက လေကြောင်းစက်ရုံကို အလည်အပတ်သွားရောက်ပြီး စက်ရုံအလုပ်သမားတွေရဲ့ အမေးတွေကိုလည်း ဖြေကြားသွားပါတယ်။
စွန့်စားသရုပ်ပြလေယာဉ်မှူးတစ်ဦးဟာ ဒူဘိုင်းမြို့က နာမည်ကျော် မိုးမျှော်တိုက်ခေါင်မိုး နေရာကျဉ်းကျဉ်းလေးမှာ လေယာဉ်ငယ်လေးတစ်စင်းကို အောင်အောင်မြင်မြင် ဆင်းသက်ပြနိုင်ခဲ့ပါတယ်။
အမေရိကန်ထုတ် မောင်းသူမဲ့ဒရုန်းယာဉ်ဟာ တောင်ပံနှစ်ဖက်အလျား ၆၆ ပေရှိပြီး မော်ဒယ်အလိုက်အနည်းဆုံးအမြင့်ပေ ၅ သောင်းလောက်ကနေပျံသန်းနိုင်တဲ့ ထောက်လှမ်းရေးဒရုန်းအမျိုးအစားဖြစ်ပြီး ဗုံးသီးမျိုးစုံတင်ဆောင်နိုင်တဲ့ စစ်သုံးဒရုန်းယာဉ်လည်းဖြစ်ပါတယ်။
ရုရှားတပ်တွေက ယူကရိန်းနိုင်ငံတလွှားကို ကြာသပတေးနေ့က မစ်ဇိုင်းဒုံးကျည်တွေနဲ့ တရစပ်ပစ်ခတ်ခဲ့တဲ့ အတွက် သေဆုံးရသူ ၆ ဦးထက် မနည်း ရှိနေသလို သိန်းနဲ့ချီတဲ့ ဒေသခံတွေလည်း မီးပြတ်ပြီး အပူဓါတ် မရပဲ အအေးလွန်ကဲတဲ့ ဒဏ်ကို ခံနေရပါတယ်။
ကမ္ဘာမှာ ရုရှား၊ ယူကရိန်းစစ်ပွဲကြီးဖြစ်ပွားနေချိန်မှာ အနောက်နိုင်ငံထုတ် တင့်ကားနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်လိုအားမြင့်တက်နေသလို၊ အယောင်ဆောင် စစ်ပစ္စည်းတွေလည်း အဝယ်လိုက်နေပါတယ်။ ချက်နိုင်ငံ ကုမ္ပဏီထုတ် စစ်ဘက်ဆိုင်ရာပစ္စည်း အတုအယောင်တွေထဲမှာ နောက်ဆုံး ဟီးမားစ်ရွှေ့လျားဒုံးပစ်စနစ်ပါ ပါလာပါပြီ။
ကမ္ဘာ့အမျိုးသမီးအခွင့်အရေးကို ဂုဏ်ပြုတဲ့ မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများနေ့မရောက်ခင် ၂ ရက်မှာပဲ မတ်လ ၆ ရက် တနင်္လာနေ့ကတော့ အာဖရန်နစ္စတန်နိုင်ငံမှာ ကျောင်းသူတွေ ကျောင်းတက်ခွင့်မရတော့ပဲ ကျောင်းသားတွေချည်းသက်သက်နဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ဘေးလွန်ကာလ မဟာပူဇာနေ့ပွဲတော်ကို ပြန်ကျင်းပခဲ့တော့ ဗုဒ္ဓဘာသာဝင်တွေ ထောင်နဲ့ချီပြီ ဝတ်စုံဖြူတွေနဲ့ လာရောက်ပြီး ဆီမီးပူဇော်ခဲ့ကြပါတယ်။ နှစ်စဉ်ကျင်းပတဲ့ အစဉ်အလာရှိပြီး ကိုဗစ်ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလို့ ၂ နှစ်ကြာ ရပ်နားထားခဲ့ရတာ ဖြစ်ပါတယ်။
တယ်လီဖုံးတာဝါတိုင်ထောင်ဖို့ မလွယ်ကူ ဝေးလံတဲ့ ဒေသတွေအတွက် နေရာဒေသတခုတည်းက ထိန်းချုပ်ထားတာမဟုတ်ပဲ၊ အဖိုးခသက်သာပြီး နေရာဒေသစုံကနေ အင်တာနက်ချိတ်ဆက်မှု ပေးနိုင်ဖို့ World Mobile ကုမ္ပဏီက လုပ်ဆောင်နေပါတယ်။ ဇန်ဇီဘာနိုင်ငံမှာ စတင်လုပ်ဆောင်ပြီး တခြားဒေသတွေကို လျှင်လျှင်မြန်မြန်တိုးချဲ့လုပ်ဆောင်ဖို့ ရှိပါတယ်။
ဆီရီးယားနိုင်ငံမှာ ငလျင်ဒဏ်သင့်ကလေးတစ်ဦး ကမ္ဘာ့ဘောလုံးအကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒိုကို တွေ့ချင်တဲ့ ဆန္ဒတွေပြည့်သွားရပါတယ်။ သူရဲ့ ဆန္ဒကိုပြောထားတဲ့ ဗွီဒီယို ကြောင့် သူ့ကို ဆော်ဒီအာရေးဗျနိုင်ငံ ဖျော်ဖြေရေးအာဏာပိုင်အဖွဲ့ ဥက္ကဌက ကလေးနဲ့ မိခင်ကို ခေါ်ယူပေးတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃ ခုနှစ်က အစိမ်းရောင်အပါအဝင် လှပဆန်းကြယ်တဲ့အရောင်တွေနဲ့ ဥတ္တရအလင်းတန်းတွေ အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းစွန်း အလက်စကာကောင်းကင်မှာ ပေါ်ထွက်နေပုံတွေ လူမှုကွန်ရက်တွေမှာ အများကြီးတွေ့ရပါတယ်။
စစ္စတာ ဂျင်းဒလောရက်စ် ရှမစ်တ်က လိုယိုလာတက္ကသိုလ်အမျိုးသား ဘတ်စကတ်ဘော အသင်းအတွက် ဘာသာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးဖို့ ခန့်အပ်ထားရသူပါ။ ချီကာဂိုနဲ့ ကယ်လီဖိုးနီးယားက အခြေခံပညာ ကတ်သလစ်ကျောင်းတွေမှာလည်း နှစ်ပေါင်း ၈၀ ကျော် ဆရာမ လုပ်ခဲ့သူဖြစ်ပါတယ်။
ရုရှားတို့ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ထိုးတာ တစ်နှစ်ပြည့်ခါနီးမှာပဲ ၂၀၂၃ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ သမ္မတပူတင်က “အဖတိုင်းပြည်ကာကွယ်စောင့်ရှောက်သူများ ဂုဏ်ပြု” အခမ်းအနား ကျင်းပ မိန့်ခွန်းပြောပြီး လူထုပရိသတ်ကို “ရုရှား၊ ရုရှား” လို့ စိတ်ဓာတ်တက်ကြွအောင် ကြွေးကြော်ခိုင်းခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်က ယိုဆဲမတီတောင်ကြားက Horsetail Fall မြင်းမှီးရေတံခွန်က နှစ်တိုင်း ဖေဖော်ဝါရီလဆို သဘာဝအံ့ဖွယ်ဖြစ်စဉ်တခု ဖြစ်ပေါ်တတ်လို့ နှစ်စဉ် လူထောင်ပေါင်းများစွာ ဒီအချိန်ဆို ရောက်လာတတ်ကြပါတယ်။
တူရကီနိုင်ငံမှာ အားပြင်းငလျင်ကြီး ၂ ခု ဆက်တိုက်လှုပ်ခဲ့ပြီး တူရကီနဲ့ အိမ်နီးချင်း ဆီးရီးယားနိုင်ငံတို့မှာ သေကြေ ပျက်ဆီးမှုတွေ ဆိုးဆိုးရွားရွား ကြုံခဲ့ရပြီး သီတင်း ၂ ပတ် အကြာမှာပဲ နောက်ထပ်ငလျင် ထပ်လှုပ်ပြန်ပါတယ်။
သဘာဝ လရောင်ရယ်၊ နီကျင်ကျင်ဓာတ်မီးရောင်ရယ် အကူအညီနဲ့ ရေတွင်းရဲ့ အောက်ခြေကို ချစ်သူစုံတွဲတွေ ဗယ်လင်တိုင်းနေ့ အထိမ်းအမှတ် အရောက်သွားခဲ့ကြပါတယ်။ အနက် ၁၇၇ ပေရှိတဲ့ ရေတွင်းအောက်ခြေကို အရောက်သွားပြီး ဗယ်လင်တိုင်းအထိမ်းအမှတ် အနမ်းလက်ဆောင် ပေးကြတာ ဖြစ်ပါတယ်။
ဥရောပအရှေ့ခြမ်း ခရိုအေးရှားနိုင်ငံ ပက်ရှ်မန်ရေလက်ကြားမှာတည်ရှိတဲ့ အသည်းပုံကျွန်းငယ်လေးရဲ့ တစိတ်တပိုင်းကို ရောင်းချဖို့ ကြော်ငြာနေပြီး နေ့စဉ်လို စိတ်ဝင်စားသူတွေ အများအပြား စုံစမ်းနေကြပါတယ်။
ဗြိတိန်နိုင်ငံ အင်္ဂလန်အနောက်တောင်ပိုင်းက ခြံစိုက်သူတစ်ဦးဟာ ကွယ်လွန်သွားတဲ့ဇနီးသည် အမှတ်တရအဖြစ် သူ့ပိုင်မြေပေါ်မှာ ဝက်သစ်ချပင် ထောင်ပေါင်းများစွာကို အသည်းပုံဖော် စိုက်ပျိုးခဲ့ပါတယ်။
အင်ဒီးစ်တောင်တန်း နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ချီလီနိုင်ငံ တောင်ပိုင်းမှာ တောမီးတွေ ဆိုးဆိုးရွားရွား လောင်ကျွမ်းနေပါတယ်။ မိုးခေါင်ရေရှားအခြေအနေနဲ့ ကြုံနေရတာ ဆယ်စုနှစ်တစ်ခု ရှိနေပါပြီ။ သစ်တောထူတဲ့ ဒေသမှာ ဖြစ်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ ကမ္ဘာ့နံပတ်တစ် ကြေးနီထုတ်လုပ်မှုတွေကို ထိခိုက်နေရပါတယ်။
တူရကီနိုင်ငံအရှေ့တောင်ပိုင်းမှာ ၂၀၂၃၊ ဖေဖော်ဝါရီ ၆ ရက်က လှုပ်သွားတဲ့ မြေငလျင်က ၁၉၃၉ ခုနှစ်နောက်ပိုင်း တူရကီမှာ အသေအပျောက်အများဆုံး မြေငလျင်ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် ၆ ရက်မြောက်ည စာရင်းအရ ၆ ရက်မြောက် တနင်္ဂနွေညအထိ ၂ နိုင်ငံပေါင်း သေဆုံးသူ ၃ သောင်း ၃ ထောင် ကျော်သွားပါပြီ။
နောက်ထပ်ကြည့်ရှုရန်