ဖမ်းဆီးထောင်ချခံနေရတဲ့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နှစ်အနည်းငယ် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တာကြောင့်တော့ မြန်မာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်မှု ပြောင်းလဲလာစရာမရှိ၊
ကုလသမဂ္ဂဦးဆောင်တဲ့ ၂၅ နိုင်ငံပါ သံတမန်အဖွဲ့ဟာ ဂျော်ဒန်မြစ်အနောက်ကမ်းက Jenin ပါလက်စတိုင်းဒုက္ခသည်စခန်းကို စနေနေ့က ရောက်ရှိလာပါတယ်။ အဲဒီစခန်းကို ဆယ်စုနှစ် နှစ်ခုအတွင်း အစ္စရေးရဲ့အကြီးများဆုံး စစ်ဆင်ရေး ပြုလုပ်ခဲ့တဲ့နောက် စခန်းအတွင်း ပျက်စီးမှုတွေကို လေ့လာဖို့ ရောက်လာတဲ့ နိုင်ငံတကာသံအဖွဲ့ဖြစ်ပါတယ်။
Wagner စစ်တပ်ယာဉ်တန်းတွေ မော်စကိုမြို့တော်နားအထိ ရောက်လာနေပုံရချိန်မှာ မြို့တော်ထဲက လူတွေကို အိမ်ပြင်မထွက်ကြဖို့ မြို့တော်ဝန်က သတိပေးထားပါတယ်။
၂၀ ကာရက်ကျော် စိန်အရိုင်းတုံးကြီးကို ဘော့စ်ဝါနာစိန်တွင်းက တူးဖော်ရရှိခဲ့ပြီးနောက် သွေးလိုက်တာ ၆ လအကြာမှာတော့ ရှာဖွေတွေ့ရှိသမျှစိန်တွေထဲ အရောင်အလှဆုံး ခရမ်းစွဲပန်းရောင်စိန်ကြီးတတုံး ရရှိခဲ့တာပါ။ ဒီအရောင် ဒီအရွယ်အစားမျိုး အနာကင်းကင်းရရှိဖို့က အထူးရှားပါးတာ ဖြစ်ပါတယ်။
စပိန်နိုင်ငံ မြေထဲပင်လယ်ဒေသမှာ ကာလအတော်ကြာ မိုးခေါင်နေပြီးမှ မိုးတွေသည်းသည်းထန်ထန်ရွာချခဲ့လို့ လမ်းတွေ အကုန် ရေကြီးပြီး ရေစီးသန်တဲ့ မြစ်ချောင်းတွေလို ဖြစ်ကုန်ပါတယ်။
စွန့်စားခရီးသွားရတာကြိုက်သူ ဗြိတိသျှအမျိုးသားဟာ ၇ ရက်အတွင်း ကမ္ဘာ့အံဖွယ် နေရာ ၇ ခု ပြည့်အောင်သွားခဲ့ပါတယ်။ အာရှဒေသတွေဘက်က ခရီးတွေကိုအရင်သွားရောက်အပြီးမှာ အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ခြမ်းခရီးတွေကို သွားခဲ့တာပါ။
စင်္ကာပူရေပြင်မှာ သန့်ရှင်းလောင်စာရေယာဉ်တွေပဲ အသုံးပြုရမယ် ဆိုတဲ့ စင်္ကာပူအစိုးရရဲ့ စည်းကမ်းနဲ့အညီ Shell ရှဲလ်ရေနံကုမ္ပဏီက လျှပ်စစ်သင်္ဘော အသစ် ၃ စီး အရင် ထုတ်လိုက်တာဖြစ်ပြီး တနှစ်ကို ဒီဇယ် တန်၂၀၀၀ နီးပါး သက်သာစေသလို ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ထုတ်လုပ်မှု တနှစ်ကို တန် ၆,၀၀၀ ကျော် လျှော့ချနိုင်မှာပါ။
ကမ္ဘာမှာ နှစ်ပေါင်း သန်းပေါင်းများစွာက နေထိုင်ခဲ့တဲ့ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း အရိုးစုကြီးကို ဒေါ်လာ ၆ သန်းကျော်နဲ့ လေလံတင်ရောင်းချလိုက်ပါတယ်။ ဈေးကတော့ ရမယ်လို့ မှန်းထားတဲ့ ဈေးထက်နိမ့်ရခဲ့ပြီး တခြားအပိုဆောင်းကြေးတွေနဲ့ ရောင်းဈေးက လေလံဈေးထက် မြင့်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်က ဝှာဆွန်မြို့သစ်မှာ အိမ်ရာသစ် တစ်သောင်း ဆောက်လုပ်ပြီးစီးမှု အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၃၊ ဧပြီ ၁၇ ရက်နေ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း တက်ရောက်သွားခဲ့တယ်လို့ KRT သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းကမ်းရိုးတန်းပြည်နယ်တခုဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကားရပ်တဲ့ အိမ်အဖီခေါင်မိုးအောက်မှာ ပလက်ကုလားထိုင်နဲ့ အေးအေးဆေးဆေး စာဖတ်နေတဲ့အမျိုးသား အိမ်ကိုမဖိတ်ခေါ်ပဲ ရောက်လာခဲ့တဲ့ ဧည့်သည်ကြောင့် တော်တော်လန့်သွားရပါတယ်။
အီတလီနိုင်ငံ စစ္စလီကျွန်းအရှေ့ခြမ်း ကမ်းလွန်ပင်လယ်ပြင်မှာ Guardia di Finanza အထူးရဲတပ်ဖွဲ့က ကိုကင်းအထုပ်ပေါင်း ၁၆၀၀ပင်လယ်ပြင်မှာမြောနေတာကို ဧပြီလ ၁၇ ရက်နေ့က သိမ်းဆည်းရမိခဲ့တာပါ။သင်္ဘောပေါ်ကပစ်ချသွားတယ်လို့ ရဲက ယူဆပြီး အနီးက ကာတားနီးယားဆိပ်ကမ်းက စက်လှေတွေကို စုံစမ်းနေပါတယ်။
ကမ္ဘောဒီးယားနိုင်ငံ ဖနွန်ပင်မြို့တော်က ပန်းတိမ်ဆရာတစ်ဦးဟာ ကျည်ဆံအခွံတွေကို လက်ဝတ်လက်စားတွေအဖြစ် ပြောင်းလဲဖန်တီးနေတာပါ။ အကြမ်းဖက်မှုပြယုဒ်ဖြစ်တဲ့ ဒီကျည်ခွံတွေကို လက်ဝတ်လက်စားအဖြစ်ပြောင်းလဲလိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးရဲ့ ပြယုဒ်ဖြစ်သွားစေဖို့ ဖန်တီးသူ ပန်းတိမ်ဆရာက မျှော်လင့်ပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်း ဘန်ကောက်မြို့တော်ကနေ မိုင် ၇၀ လောက်အဝေး သဘာဝသစ်တော အတိုင်းရှိနေတဲ့ အရပ်မှာ တောမီးစွဲလောင်တာကြောင့် ရဟတ်ယာဉ်တွေ အသုံးပြုပြီး မီးငြိမ်းသတ်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ ကမ္ဘာကျော်လှပတဲ့ ဖီဖီကျွန်းက မာယာဘေး ကမ်းခြေဟာ ဧည့်သည်တွေအလာများလို့ ဂေဟစနစ်ထိခိုက်ပြီး ၂၀၁၈ ထဲက ဒီကမ်းခြေ ပိတ်ထားခဲ့ရတာပါ။ ၂၀၂၀ မှာ ကိုဗစ်ကပ်ဘေးကြီး ကျရောက်လာလို့ ၂၀၂၂ အထိ စုစုပေါင်း ၄ နှစ်ပိတ်ထားခဲ့တော့ အဲဒီရေပြင်ထဲကို သန္တာကျောက်ပွင့်တွေ၊ ငမန်းတွေ ပြန်ရောက်လာခဲ့ပါတယ်။
အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်နေတဲ့ လေထုစီးလှိုင်းမုန်တိုင်းတွေမှာ အခုတစ်ခေါက်က ၁၂ ခုမြောက် အဖြစ် ဝင်ရောက်တိုက်ခတ်ပါတယ်။ လေထုထဲမှာ သမုဒ္ဒရာထဲက အငွေ့ပြန်ရောက်ရှိနေတဲ့ ငွေ့ရည်ဖွဲ့လေကြောင်းကြီးတွေ ရွေ့လျားပြီး မိုးတွေ၊ဆီးနှင်းတွေအဖြစ် ပြန်ရွာချနေတာ ဖြစ်ပါတယ်။
၅ နှစ်တာကာလအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန်တို့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှု ၁၀ ရက်ကြာပြုလုပ်ခဲ့တာမှာ မတ်လ ၂၂ ရက်နေ့ကတော့ မြေပြင်မှာ တကယ့်ကျည်အစစ်တွေ အသုံးပြုပစ်ခတ်ပြီး လေ့ကျင့်ခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံ ဇက်ပိုးရီးရှားမြို့က အထပ်မြင့်လူနေတိုက်တန်းတခုကို ဒုံးကျည်ထိမှန်တဲ့ အခိုက်အတန့် ကို ရိုက်တာသတင်းဌာနက ရရှိတဲ့ ဗွီဒီယိုမှာ တွေ့နိုင်ပါတယ်။ အခင်းဖြစ်တဲ့နေရာမှာ မီးသတ်သမားတွေ လူနာတင်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်နေကြတာ တွေ့ရပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့တော် Ueno ပန်းခြံမှာ ချယ်ရီပန်းပွဲတော်က အထူးစည်ကားပါတယ်။ ဒီနှစ် တိုကျိုမှာက ရာသီဥတု အရင်ကထက် ပူနွေးတာကြောင့် ပန်းတွေလည်း စောပြီး ပွင့်တာ ဖြစ်ပါတယ်။ မှတ်တမ်းတင်ထားသမျှကာလထဲမှာ အခုနှစ်ချယ်ရီက အစောဆုံးပွင့်တာဖြစ်တယ်လို့ NHK သတင်းဌာနက ပြောပါတယ်။
AZ Groeninge ဆေးရုံမှာ ကျွေးတဲ့ အစားအသောက်က သိပ်ကောင်းပါတယ်လို့ ပြင်သစ်စားသောက်ဆိုင်အကဲဖြတ်အဖွဲ့က အတည်ပြုလိုက်တာကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ် ဒီနိုင်ငံ ၃ နိုင်ငံတွဲ ဘယ့်နလွတ်စ် ဒေသမှာ အခုလို အဆင့်ရောက်တဲ့ ပထမဆုံးဆေးရုံ ဖြစ်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်