စဉ့်ကူးမြို့၊ လက်ပံလှကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦးအပါအဝင် အနည်းဆုံး ၂၇ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ထိုင်းရောက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဧပြီလ ၁ ရက်ကနေ မေလ ၁၅ ရက်အကြား သင်္ကြန်ကာလအတွင်း နေရပ်ပြန်ကြတဲ့အခါ ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်ဗီဇာတုံး (Re-entry permit) ထုစရာမလိုကြောင်း ထိုင်း အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် António Guterres ဟာ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြံပေး Muhammad Yunus နဲ့အတူ မတ်လ ၁၄ ရက်နေ့မှာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ICC ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း Rodrigo Duterte ကို မနီလာမြို့လေဆိပ်မှာ ရဲတပ်ဖွဲ့က ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကနေ ကယ်ထုတ်ထားပြီး မြဝတီမြို့မှာ ပိတ်မိနေကြတဲ့ အိန္ဒိယနိုင်ငံသား ၅၄၀ ကို နှစ်သုတ်ခွဲပြီး အထူးလေယာဉ်နဲ့ အိန္ဒိယအစိုးရ ကယ်ထုတ်။
ကမ္ဘာ့အကောင်းဆုံး ဘော်လုံးသမား လို့ အသိများကြတဲ့ ၂၀၂၄ Ballon d'or ရွှေဘော်လုံးဆု ကို အင်္ဂလန် မန်ချက်စတာ စီးတီး အသင်းနဲ့ စပိန်အသင်း အလယ်တန်းလူ Rodri က ရရှိသွားပြီး၊ အမျိုးသမီး အကောင်းဆုံး ဘော်လုံးသမားဆု ကိုတော့ စပိန် ဘာစီလိုနာ အသင်းက အလယ်တန်း ကစားသူ Aitana Bonmati က နှစ်နှစ်ဆက်တိုက် ရရှိသွားပါတယ်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာမှာ စက်လှေတိမ်းမှောက်ပြီးနောက် စက်လှေပြေးဆွဲချိန် မနက်ပိုင်းပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ အပါအဝင် ကမ္ဘာတဝန်း ဆိုးဆိုးရွားရွား ပဋိပက္ခတွေနဲ့ ကြုံနေရတဲ့ ဒေသတွေမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အေဂျင်စီတွေက ဌာနေဝန်ထမ်းတွေနဲ့ စေတနာဝန်ထမ်းတွေဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရေအတွက်နဲ့ သေဆုံးသူတွေ အများအပြား ရှိလာနေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ Red Cross အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ပါဝင် တိုက်ခိုက်ဖို့လို ယူဆရတဲ့ တပ်ဖွဲ့ဝင် ၁ သောင်းလောက်ကို မြောက်ကိုရီးယားက ရုရှားကို စေလွှတ်ထားပြီး ဒါဟာ အစောပိုင်း ခန့်မှန်းခဲ့တဲ့ အရေအတွက်ထက် ၃ ဆလောက် ပိုများတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရက တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။
စစ်ဘေးနဲ့ ရေဘေး နှစ်ခုစလုံး ရင်ဆိုင်ကြုံတွေ့ခဲ့တဲ့ ကရင်နီဒေသက ဒုက္ခသည်တွေအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပံ့ပိုးဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောက်ရေးဌာန က ပန်ကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပဖို့ သီတင်းတပတ်ပဲ လိုတော့တဲ့အချိန်၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် မနေ့ တနင်္လာနေ့က ကြိုတင်မဲ ပေးခဲ့ပါတယ်။
တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုစွန်လွှတ်ပြီး ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲဝင်ကြဖို့ စစ်ကောင်စီက တိုက်တွန်းထုတ်ပြန်ပါတယ်။
အကောင်းဆုံးကတော့ မျိုးဆက်သစ်ကို မီးရှုးတိုင်လက်ဆင့်ကမ်းပေးရမယ်ဆိုတာကို သူအနေနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။ ဒါဟာလည်း နိုင်ငံညီညွတ်ရေးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ် သူ့အနေနဲ့ ယူဆတယ်လို့ ပြောပါတယ်။
သမ္မတဟောင်း Trump ရဲ့ Pennsylvania ပြည်နယ် Butler မှာ လုပ်တဲ့ ရွေးကောက်ပွဲ စည်းရုံးရေးပွဲမှာ လူအုပ်ထဲကနေ သေနက်သံကြားရတဲ့နောက် Trump ကို စင်ပေါ်ကနေ လုံခြုံရေးတာဝန်ရှိသူတွေက ခေါ်ထုတ်သွားရပါတယ်။
အားလုံးပါဝင်တဲ့ ဆွေးနွေးရေး ကို အမေရိကန် ပြည်ထောင်စုက ထောက်ခံပြီး၊ ကျယ်ပျံ့နှံ့စပ် တကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်အချက်အားဖြင့်သာ လက်ရှိ ကြောက်မက်ဖွယ် ပဋိပက္ခ ကို ငြိမ်းချမ်း တရားမျှတစွာ အဆုံးသတ်နိုင်ပါမယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး က ပြောကြားလိုက်ပါတယ်။
"ရာဖာတဝိုက် အစ္စရေးစစ်ရေးလှုပ်ရှားမှု ထိတ်လန့်တုန်လှုပ်" ကုလအတွင်းရေးမှုးချုပ်ပြောဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ထုတ်လွှင့်ပေးပါမယ်။ (စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် အချိန်နဲ့တပြေးညီ တိုက်ရိုက်ထုတ်လွှင့်မှုမလုပ်နိုင်ခဲ့ကြောင်း အသိပေးအပ်ပါတယ်။)
အမေရိကန်နိုင်ငံခြားရေးဌာန ၂၀၂၂ ခုနှစ် နိုင်ငံအလိုက်အကြမ်းဖက်မှုအစီရင်ခံစာရဲ့ ပူးတွဲအစီရင်ခံစာမှာ မြန်မာအချက်အလက်ဖော်ပြထားတဲ့ စာမျက်နှာကို ဖယ်ရှားလိုက်ပါတယ်။
ဂါဇာမှာဖြစ်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေး အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin အစ္စရေးကို ရောက်နေပါတယ်။ မြန်မာ အပါအဝင် ဒေသတွင်း ကိစ္စတွေကို အမေရိကန်နဲ့ ကမ္ဘောဒီးယား ဆွေးနွေးခဲ့ကြပါတယ်။ စစ်အာဏာရှင်စနစ် မလိုလားတဲ့ စစ်သားတွေအကြောင်း TNLA ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှုးကြီး တာအိုက်ကျော် က ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့က မြေစာပုံပြိုကျခဲ့ပြီး အနည်းဆုံး လူ ၂၅ ယောက်လောက် ပျောက်ဆုံးနေသလို အခုအချိန်အထိ တော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်း တယောက်မှ မရသေးတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက AFP သတင်းဌာနကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်