စစ်အုပ်ချုပ်ရေးကောင်စီသစ်မှာ ရခိုင်အမျိုးသားပါတီ (ANP) အဖွဲ့ ပြောခွင့်ရ ဒေါ်အေးနုစိန်ကို ထပ်တိုးထည့်သွင်းခဲ့တာကို လက်ခံခဲ့တာက၊ ဒီမိုကရေစီစံနှုန်းအရမရင့်ကျက်သေးချိန်မှာ၊ အရင်အစိုးရမဖော်ဆောင်နိုင်ခဲ့တဲ့ စစ်ဒဏ်ခံရခိုင်ပြည်သူအကျိုးစီးပွားအတွက်မျှော်မှန်းလုပ်တာသာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
စစ်အာဏာသိမ်းကောင်စီသစ်ခေါင်းဆောင်အနေနဲ့ UMFCCI ကုန်သည်စက်မူအသင်းချုပ်နဲ့ မနေ့က တွေ့ဆုံရာမှာ၊ စီးပွားရေးမူဝါဒပြောင်းမှာမဟုတ်ဘဲ၊ စီးပွားရေးမရပ်အောင်နဲ့ ရလဒ်ထွက်အောင်ဝိုင်းလုပ်ပေးဖို့တောင်းဆိုခဲ့တယ်လို့၊ အစည်းအဝေးတက်ရောက်သူတစ်ဦးကဆိုပါတယ်။
မြန်မာနိုင်ငံအမြင့်ဆုံးသံဃာ့အဖွဲ့အစည်းကြီးက၊ ရွေးကောက်ပွဲ့အပြီးဖြစ်နေတဲ့ အခြေအနေတွေအပေါ်၊ ရဟန်းရှင်လူပြည်သူအပေါင်း စိုးရမ်ကြောင့်ကြ၊ နှလုံးစိတ်ဝမ်းမအေးဖြစ်နေရတယ်လို့၊ မနေ့က ထူးထူးခြားခြား မေတ္တာရပ်ခံချက်ထုတ်လိုက်ပါတယ်။
တပ်မတော်အနေနဲ့ ဒီတစ်ခေါက် အပစ်ရပ်ဆိုင်းမူသက်တမ်းတိုးရာမှာ အရင်လို အကြမ်းဖက်အဖွဲ့နေရာမှအပလို့ ခြွင်းချက်မထားတော့ဘဲ၊ နိုင်ငံတဝှမ်းလုံး အပစ်ရပ်ဆိုင်းမယ်လို့ မနေ့ကထုတ်ပြန်ခဲ့တာ၊ ထူးခြားအရေးပါတယ်လို့ NCA အပစ်ရပ် လက်မှတ်ထိုး အဖွဲ့ခေါင်းဆောင် တစ်ဦးက ဆိုပါတယ်။
ဖွဲ့စည်းပုံဥပဒေတွေကို လိုက်နာမှုမရှိတဲ့အခါ ဖျက်သိမ်းခဲ့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောကြားချက်ဟာ ဘာရည်ရွယ်ချက်ပါလဲ၊ အဆိုးဆုံး အခြေအနေ ဖြစ်မလာအောင် ဘာတွေလုပ်သင့်ပါလဲဆိုတာကို၊ MIPS မြန်မာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအင်စတီကျူ့ အမူဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကို မေးထားပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမူတွေရှိခဲ့တယ်လို့ အဓိက အတိုက်အခံ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီနဲ့ တပ်မတော်ဘက်က စွပ်စွဲထားပြီး၊ ဖြေရှင်းပေးဖို့ ဆက်လက်တောင်းဆိုနေချိန်မှာ လွှတ်တော်သစ်ကလည်း မကြာခင်ခေါ်ထားတာမို့ ဘယ်လိုဆက်ဖြစ်လာနိုင်ပါလဲ။
အမေရိကန်သမ္မတသစ် Joe Biden အစိုးရလက်ထက်မှာ၊ မြန်မာနိုင်ငံကိစ္စအပေါ် အဓိကမျှော်လင့်နိုင်တာတွေကို အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်ကြီး၊ နောက် ရွေးကောက်ပွဲအနိုင်ရ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရနဲ့၊ ရခိုင်ပြည်နယ်က အဓိက ပါတီခေါင်းဆောင်တစ်ဦးကို မေးမြန်းထားပါတယ်။
အမေရိကန် သမ္မတသစ် Joe Biden အစိုးရလက်ထက်မှာ မြန်မာနိုင်ငံရဲ့ လတ်တလော ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာအရေးအပြင်၊ ရေရှည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်ပါ အမေရိကန်ဘက်က ပူးပေါင်းဆောင်ရွက်မူ လမ်းမှန်ပေါ်ပြန်ရောက်လာနိုင်တယ်လို့၊ အမေရိကန်အဆင့်မြင့် သံအရာရှိဟောင်းတွေကဆိုပါတယ်။
“SNLD က တင်ပြတာကတော့ ပြည်ထောင်စုကြီးတခုလုံးအတွက်ကို၊ သူတို့ ပိုပြီးတော့ အမြင်ကျယ်တယ်လို့ထင်တယ်။သူတို့နဲ့ NLD တွေ့ဆုံရရင်ပြီးရော၊ သူတို့ပါတီအောင်မြင်တယ် ဒါမျိုးကိုသာမကဘူး၊ မတွေ့ခဲ့ရတဲ့ တွေ့ဆုံဆွေးနွေးခွင့်မရခဲ့တဲ့ ကယားနဲ့ မွန်အပေါ်မှာရော၊ သူတို့က ပြန်တွေ့ဖို့ကြိုးစားပေးချင်တယ်တဲ့"- ဒေါက်တာအောင်မိုးညို
ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမူတွေ သန်းတွေနဲ့ချီ ရှိခဲ့တယ်လို့ တပ်မတော်က ဆက်တိုက်ထုတ်ပြန်နေပြီး၊ ရွေးကောက်ပွဲပြဿနာတွေဆွေးနွေးဖို့ပါ သက်တမ်းကျန်နေတဲ့ လွှတ်တော်အထူးအစည်းအဝေးခေါ်တာ အပယ်ခံရတဲ့အပေါ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ညီမညီ မေးခွန်းထုတ်လာတာက ဘာကိုရည်ရွယ်တာပါလဲ။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ အနေနဲ့ရွေးကောက်ပွဲကြီးကြီးမားမား အနိုင်ရထားတဲ့အခွင့်အလမ်းကိုအသုံးပြုပြီး၊ လူ့အခွင့်အရေးအခြေအနေ မြန်မာနိုင်ငံမှာ တိုးတက်ကောင်းမွန်လာအောင် လုပ်သင့်ပြီလို့၊ HRW နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
အနိုင်ရအစိုးရပါတီ NLD အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးနေတဲ့ နောက်ဆုံးအခြေအနေနဲ ရှေ.ဖြစ်သင့်တာတွေကို၊ ဦးဆောင်ဆွေးနွေးနေတဲ့ NLD အတွင်းရေးမူး (၃) နဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့၊ အဓိက တိုင်းရင်းသားပါတီတချို.ခေါင်းဆောင်တွေကို မေးထားပါတယ်။
ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအလားအလာနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို၊ အိန္ဒိယကောင်စစ်ဝန်ချုပ်သစ်နဲ့ ANP ပါတီတို့ ဆွေးနွေးခဲ့ကြပါတယ်။
ရွေးကောက်ပွဲအနိုင်ရ အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို.က လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို၊ အခုနှစ်သစ်မှာ AA ရခိုင်တပ်ဖက်က ပြန်လွှတ်ပေးလိုက်တာကို၊ NLD ဘက်က အပြုသဘောတုံ့ပြန်လိုက်ပါတယ်။
NLD အနေနဲ့ အရင် အစိုးရဖွဲ့စည်းတုန်းက ပြည်သူတွေဘက်က စိတ်တိုင်းကျ မဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး အခုလာမယ့် ငါးနှစ်တာကာလအတွက် အစိုးရတွေ ဖွဲ့စည်းရာမှာ- တိုင်းရင်းသားတွေအပါအဝင် ထက်မြက်ပြီး ပြည်သူ့အကျိုးကို ဆောင်ရွက်မယ့် သူတွေပါဝင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။
ရခိုင်ပြည်နယ်က မကျင်းပဖြစ်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ပြန်ကျင်းပနိုင်ရေး ဂျပန်အစိုးရအထူးကိုယ်စားလှယ် Mr. Sasakawa အနေနဲ့ ဒီအပတ်ထဲ UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်မှာအစိုးရအဖွဲ့အတွင်းပြုလုပ်တဲ့ငြိမ်းချမ်းရေးညှိုနှိုင်းပွဲကိုဒီဇင်ဘာ ၃ ရက်ကစလို့ (၂) ရက်ကြာ ကျင်းပနေတာမှာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မြန်ဆန်လာနိုင်တယ်လို့ ဒီအစည်းအဝေးတက်ရောက်သူတစ်ဦးက ဆိုပါတယ်။
ရွေးကောက်ပွဲအပြီး NCA တနိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပထမဆုံးပေါင်းပြီး ကြေညာချက်ထုတ်ရာမှာ၊ ဘယ်လိုထူးခြားတာကို ဒီအဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ပြောခွင့်ရ ရဲဘော်သံခဲက ခုလိုစရှင်းပြပါတယ်။
မြန်မာ့ရွေးကောက်ပွဲအပြီး အကြီးမားဆုံးပြဿနာတစ်ခုအဖြစ် အများသုံးသပ်ထားတဲ့၊ ရခိုင်ပဋိပက္ခအကြပ်အတည်းကို ဖြေရှင်းနိုင်ရေးလမ်းစပွင့်နိုင်ဖို့၊ ဂျပန်အစိုးရဖက်က ဘယ်လိုကူညီခဲ့တာကို၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Ichiro Maruyama ကို မေးမြန်းထားပါတယ်။
ရွေးကောက်ပွဲအနိုင်ရ အစိုးရပါတီ NLD က၊ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်တူတာမို့ တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဆောင်ရွက်ဖို့၊ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့စွဲနဲ့ ကမ်းလှမ်းလိုက်တဲ့စာကို၊ တိုင်းရင်းသားပါတီတချို.လက်ခံရရှိပြီး၊ မရသေးတဲ့ပါတီလည်းရှိနေပါသေးတယ်။
နောက်ထပ်ကြည့်ရှုရန်