မြန်မာ့ရွေးကောက်ပွဲ နေရာများစွာမှာ ပြီးသွားပေမဲ့၊ အဓိကနေရာအများစု မကျင်းပနိုင်ခဲ့တဲ့ ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲတွေပြန်ကျင်းပရေး၊ AA ရခိုင်လက်နက်ကိုင်တပ်ဖက်ကတောင်းဆိုတာကို တပ်မတော်ဖက်ကကြိုဆိုအပြီးမှာ၊ ဒီရွေးကောက်ပွဲဖြစ်နိုင်ခြေ နောက်ဆုံးအနေအထားတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မူးကြီး မင်းအောင်လှိုင်အနေနဲ့၊ ရွေးကောက်ပွဲအပြီး ပထမဆုံးခရီးစဉ်အဖြစ်၊ ရှမ်းပြည်နယ်က ရွေတြိဂံတိုင်းစစ်ဌာနချုပ်ကိုသွားပြီး၊ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ UWSA ဝပြည်သွေးစည်းညီညွှတ်ရေးတပ်နဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။
အခုရွေးကောက်ပွဲအပြီး အဓိကအနိုင်ရခဲ့တဲ့ အစိုးရပါတီနဲ့၊ အရင်အစိုးရပါတီကိုထောက်ခံပေးခဲ့တဲ့တပ်မတော်တို့အနေနဲ့၊ တိုင်းရင်းသားပါတီနဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ သဘောထား ထူးထူးခြားခြား ပြောင်းလဲလာနေတာ၊ ဘာကြောင့်နဲ့ ဘယ်လိုဖြစ်သင့်တာကို မေးထားပါတယ်။
လက်ရှိရွေးကောက်ပွဲ မဲအများဆုံးရထားတဲ့ အစိုးရပါတီက၊ တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဆောင်ရွက်ဖို့ကမ်လှမ်းလိုက်ချိန်မှာ၊ တပ်မတော်ဘက်ကလည်း AA အဖွဲ့တောင်းဆိုတဲ့၊ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲနေရာတွေမှာ ရွေးကောက်ပွဲပြန်လုပ်ပေးရေးကို ကြိုဆိုလိုက်ပြီး ညိနှိုင်းသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အခုရွေးကောက်ပွဲအပြီး၊ လူစုလူဝေးဆက်ရှိနေတဲ့အပေါ် ကိုဗစ်ကူးစက်မူအန္တရာယ်ကြီးကြောင်း၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပြီး၊ ကျန်းမာရေးဝန်ထမ်းတွေအကြားမှာလည်း ဒီကူးစက်မူများလာမှာကို စိုးရိမ်နေကြပါတယ်။
မြန်မာ့ရွေးကောက်ပွဲရက်နီးလာပြီး၊ အပြိုင်အဆိုင်နဲ့တင်းမာမူတွေ များလာချိန်မှာ၊ သမ္မတရုံး ပြောခွင့်ရက၊ ဒီရွေးကောက်ပွဲအလွန်မှာ National Unity Government လို အမျိုးသား ညီညွှတ်ရေး ဆောင်ရွက်ချက်တွေဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။
ရွေးကောက်ပွဲ နီးနေချိန် အစိုးရနဲ့ တပ်မတော်အကြား UEC ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ အပြန်အလှန် ဝေဖန်ထိုးနှက်မူတွေ ပြင်းထန်လာတာက ဘာကြောင့်နဲ့ ဘယ်လို ဖြေရှင်းသင့်တာကို၊ MIPS ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာ Institute အဖွဲ့ အမူဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကို မေးမြန်းထားပါတယ်။
တနှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အမျိုးသားရေး ဝါဒီ ဦးဝီရသူ ဟာ နိုဝင်ဘာလ (၈) ရက် ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်းအလို မနေ့ တနင်္လာနေ့က အများအမြင်ရှေ့ထွက်ပြီး အဖမ်းခံလိုက်တာဘာကြောင့်လဲ။
ကိုဗစ်ဖြစ်နေဆဲ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလည်း ကျင်းပတော့မှာဖြစ်တဲ့အတွက် ကိုဗစ် နောက်ဆုံးအခြေအနေနဲ့ ကာကွယ်ရေးအတွက် ပြင်ဆင်ထားတာတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသန်းနိုင်စိုးက သုံးသပ်ထားပါတယ်။
၁၀ ရက်ပဲလိုတော့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲတွေမှာ၊ လူသေစေတဲ့အထိ အကြမ်းဖက်မူတွေဖြစ်လာတဲ့အပေါ်၊ ဘယ်လို ဖြစ်ရတာနဲ့ လျော့ချနိုင်တာကို၊ ရွေးကောက်ကွဲစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်၊ လက်ရှိအစိုးရပါတီပြောခွင့်ရနဲ့၊ ယခင်အစိုးရပါတီပြောခွင့်ရနဲ့ ဝန်းရံသူတစ်ဦးကိုမေးထားပါတယ်။
ပုဂ္ဂလိက ဆေးရုံနဲ့ ဓာတ်ခွဲခန်းတွေမှာ ကိုဗစ်စစ်ဖို့နဲ့ ကုသဖို့ ညှိုနှိုင်းထားတာကို ခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက တနင်္ဂနွေနေ့ က နေပြည်တော်မှာပြုလုပ်တဲ့ အပတ်စဉ် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
၂ ပတ်ကျော်အတွင်း လာတော့မယ့် မြန်မာနိုင်ငံရွေးကောက်ပွဲမှာ နိုင်ငံတကာဘက်က လေ့လာစောင့်ကြည့်ပေးနေတဲ့ အဖွဲ့ကြီးတစ်ခုက ကိုဗစ်ကာလရွေးကောက်ပွဲဖြစ်တာမို့ အသွားအလာကန့်သတ်ချက်တွေကြောင့် အဓိကအခက်အခဲဖြစ်စေတယ်လို့ ဆိုပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တောင်းဆိုချက်တွေကိုNLD ပါတီဖက်က လိုက်လျောဖို့ မရှိသလို၊ ဖမ်းဆီးထားတဲ့ NLD ကိုယ်စားလှယ်လောင်းသုံးဦးကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပါတီရဲ့ ရပ်တည်ချက်သဘောထားကို အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရွေးကောက်ပွဲအတွက် အချိန် သုံးပတ်ပဲ ကျန်တော့ပေမယ့် ကျင်းပမယ့် မဲဆန္ဒနယ်မြေတွေ ဆက်လက် အပြောင်းအလဲဖြစ်နေတာဟာ နိုင်ငံရေးပါတီတွေနဲ့ မဲဆန္ဒရှင်တွေအတွက် ကြီးမားတဲ့ နစ်နာမှုကြီးအဖြစ် ရှုမြင်သူတွေရှိနေသလို ရွေးကောက်ပွဲ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာကို မေးခွန်းထုတ်နေကြပါတယ်။
ကိုဗစ်ကူးစက်မှု ဗဟိုအချက်အချာဖြစ်နေတဲ့ ရန်ကုန်မှာ အခြေအနေဆိုးတဲ့ လူနာအရေအတွက်များနေတာကြောင့် အောက်စီဂျင်နဲ့ကုသပေးရေးမှာ လုံလောက်မှုမရှိတော့ကြောင်း ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ကိုဗစ်ရောဂါအဖြစ်များနေတဲ့ ရန်ကုန်မှာ စက်ရုံအလုပ်ရုံတချို့ ပြန်စဖွင့်ချိန်၊ လုပ်သားတွေအကြား ကူးစက်မူအနည်းနဲ့အများ စရှိလာနေတာအတွက်၊ ဆေးစစ်မူတွေလုပ်နိုင်ဖို့ ပြင်ဆင်နေပါပြီ။
ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးမှုနှုန်း ကျဆင်းခြင်းမရှိပဲ တနေ့ကို တသောင်းနီးပါးနှုန်းရှိနေကြောင်း မြန်မာအစိုးရ ကျန်းမာရေးတာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောကြားပါတယ်။
ကိုဗစ်ရောဂါအဖြစ်များနေတဲ့ ရန်ကုန်တိုင်းအတွင်း စက်ရုံတချို့ပြန်ဖွင့်ချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေမပါဘဲ စက်ရုံတွေက ကိုယ့်ဘာသာကိုယ် အလုပ်သမားတွေကို သွေးဖောက် စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါဟာ အန္တရာယ်များပြီး ကာကွယ်ရေးအတွက် အကျိုးမရှိနိုင်ဘူးလို့ အစိုးရ ကျန်းမာရေးတာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ အလူးအလဲ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးစနစ်ကြီး ပြိုလဲ မကျသွားဖို့ အရေးကြီးနေပြီး ကျန်းမာရေးုလုပ်သားတွေ ထိခိုက်ဆုံးရှုံးမှုမရှိအောင် ကုသရေးမှာ စနစ်တကျစီမံခန့်ခွဲဖို့ လိုအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ပြောကြားလိုက်ပါတယ်။
ကိုဗစ်ရောဂါဒဏ် အဓိကခံနေရတဲ့ ရန်ကုနု်မှာ ဆေးရုံဝန်ထမ်းတွေအခြေအနေဘယ်လိုရှိနေတာကို၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရကို မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်