စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေအနေနဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံရအပြီး၊ တရားရုံးကိစ္စတွေအပါအဝင် အခက်အခဲမျိုးစုံကြုံနေရတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား၊ မှတ်တမ်းတွေကို နိုင်ငံထဲ သွားခွင့် မရသေးပေမဲ့လည်း စတင်စုဆောင်းနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သတင်း ၃ ပတ်အတွင်း ရွေဈေး တရိပ်ရိပ် တက်လာနေပြီး၊ ကျပ်ငွေတန်ဖိုးလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။
မြန်မာစစ်အာဏာသိမ်းအပြီး ကျူးလွန်ခံနေရတဲ့ အကြမ်းဖက်နှိမ်နင်းမူတွေကို၊ တိုင်ကြားကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာစုံစမ်းစစ်ဆေးမူယန္တယား (IIMM) က အများပြည်သူကို ကမ်းလှမ်းတောင်းဆိုတာဟာ အထူးအရေးပါပြီး နောက်ပိုင်းတရားစွဲနိုင်ချိန်အတွက် ထိရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းနေတာတွေ ရပ်တန့်ပြီး၊ ပြန်တည်ငြိမ်မူရေ စေရေးအတွက် အာဆီယံထိပ်သီး အရေးပေါ်အစည်းအဝေးကျင်းပပေးဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို တောင်းဆိုလိုက်သလို မလေးရှားဝန်ကြီးချုပ် Tan Sri Dato' Haji Muhyiddin bin Haji Muhammad Yassin ကလည်း ဒီတောင်းဆိုမှုကို ထောက်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အာဏာပိုင်တွေက နေ့ရော၊ ညပါ အကြမ်းဖက် နှိမ်နင်းတာတွေ ရန်ကုန်မြို့ အပါအဝင် နေရာအနှံ့မှာ ဆက်လုပ်နေပါတယ်။ ဖမ်းဆီးမှုတွေ ပစ်ခတ်မှုတွေကြားမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေလည်း ရှိနေဆဲပါ။
စစ်အာဏာသိမ်းအပြီး၊ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၆ ခုမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ပစ်ခတ်ဖြိုခွင်းမူတွေပြင်းထန်လာတာကြောင့်၊ ထိတ်လန့်ကြောက်ရွံမူတွေ ကျယ်ကျယ်ပြန့်ပြန့် ခံစားနေကြရပါတယ်။
စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် စစ်တပ်ရဲရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထိခိုက်သေဆုံးသူတွေ တိုးလာနေပေမယ့်၊ ဆန္ဒပြလှုပ်ရှားမှုတွေကတော့ နေ့ရောညပါ အရှိန်မြင့်နေဆဲ ဖြစ်ပါတယ်။ စနေနေ့တုန်းက မန္တလေးမြို့နဲ့ အခြားမြို့တွေမှာ သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့ပေမယ့် ညဖက်ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တာပါ။
မြန်မာစစ်တပ်အုပ်ချုပ်ရေးကောင်စီက၊ အမေရိကန်နဲ့ နိုင်ငံတကာကို စည်းရုံးပေးဖို့၊ ကနေဒါနိုင်ငံအခြေစိုက် အကျိုးဆောင်အဖွဲ့ကို ဒေါ်လာ ၂ သန်းနဲ့ ဌားရမ်းခဲ့တာက၊ မထိရောက်နိုင်တာအပြင်၊ ပြောင်းပြန်ဆိုးကျိုးပါသက်ရောက်နိုင်တယ်လို့ သုံးသပ်မူတွေရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို ဆန့်ကျင် ဆန္ဒပြသူနေသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းတာကို မကျေနပ်တာကြောင့် အာဏာဖီဆန်ရေး ဆန့်ကျင်တဲ့လှုပ်ရှားမှု CDM မှာ ပူးပေါင်းလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း တိုးလာနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေအပေါ် စိုးရိမ်ကြောင်း အမေရိကန် သံအမတ်ကြီးက မြန်မာဒုတိယစစ်ခေါင်းဆောင်ကို ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂက မြန်မာအရေးကျွမ်းကျင်သူ ၃ ဦးပေါင်းဖွဲ့လိုက်တဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီက ပထမဆုံး သတင်းစာရှင်းပွဲလုပ်ပြီး၊ စစ်ခေါင်းဆောင်တွေရဲ့ဖိနှိပ်မူဟာ လူသားထုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မူမြောက်တာသေချာတယ်လို့၊ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။
CDM ကို ထောက်ခံလိုက်တဲ့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနေရာကို အစားထိုးဖို့၊ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်ထားသူ လက်ရှိ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဦးတင်မောင်နိုင်ဟာ ရာထူးကနုတ်ထွက်ဖို့ပြောပြီး၊ သူ့ Facebook မှာလည်းရေးထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အတည်ပြု
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအနေနဲ့ စစ်အာဏာသိမ်းမူကို ဆန့်ကျင်ပြီး၊ CDM မပူးပေါင်းမဆောင်ရွက်ရေးလူပ်ရှားမူကိုထောက်ခံခဲ့တာက၊ သံတမန်ရေးမှာ လူထုရဲ့အောင်မြင်မူအစနဲ့ စစ်အုပ်စုရဲ့ကျဆုံးမူနိဒါန်း ဖြစ်တယ်လို့ သုံးသပ်နေပါတယ်။
EITI က မြန်မာနိုင်ငံအပေါ်၊ ၂၀၁၄ ခုနှစ်ကစဖြစ်လာတဲ့ အဖွဲ့ဝင် ကနေ ယာယီရပ်ဆိုင်းဖို့ရှိနေပါတယ်။ အခုလို ရပ်ဆိုင်းဖို့ သူတို့ဘက်က တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံ EITI အဖွဲ့ဝင်ဖြစ်လာရေး ကျိုးပမ်းဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေရန်ကုန်မှာကြီးမားလာချိန်၊ မန္တလေးမှာလည်း လူမူဝန်ထမ်းအလွှာပေါင်းစုံပါဝင်ခဲ့ပြီး၊ ညဖက်ပိုင်းမှာ ပစ်ခတ်မူတွေပါ ကြုံခဲ့ရပေမဲ့၊ ဆက်လက်အင်အားဖြည့် ချီတက်သွားမယ်လို့ ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။
စစ်အာဏာသိမ်းအုပ်စုအနေနဲ့ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင်တွေကို ဖမ်းဆီးအပြီးမှာ၊ ကြီးမားလာတဲ့ အကြမ်းမဖက်၊မပူးပေါင်းမဆောင်ရွက်ရေး CDM လုပ်ရှားမူစပေးခဲ့တဲ့ ဆရာဝန်တွေကိုပစ်မှတ်ထားဖမ်းဆီးလာနေပြီလို့၊ ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသားသမဂ္ဂဥက္ကဌက ဆိုပါတယ်။
မြန်မာမှာ အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ဆန့်ကျင်ဆန္ဒပြနေတဲ့လှုပ်ရှားမူတွေကို ကန့်သတ်ထိန်းချုပ်နိုင်ရေး အင်တာနက်ဆိုင်ဘာလုံခြုံရေးဥပဒေတွေပြင်နေပေမဲ့၊ဒီဥပဒေကြမ်းပါ တားဆီးကန့်သတ်ချက်တွေကို အဓိကလှုပ်ရှားနေတဲ့ လူငယ်တွေရဲ့ ခေတ်သစ်လူမူမီဒီယာနည်းပညာတွေနဲ့ ကျော်လွှားသွားနိုင်မှာပါလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး၊ ကိုဗစ်ကာလရှေ.တန်းကကျန်းမာရေးဝန်ထမ်းတွေပဲဦးဆောင်တဲ့ ဒီစစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ မပူးပေါင်းမဆောင်ရွက်ရေးလူပ်ရှားမူ (CDM) အားကောင်းလာချိန်မှာ၊ ကိုဗစ်ကာကွယ်ကုသရေး အားနည်းသွားမှာလည်း စိုးရိမ်မူတွေရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို ဆန့်ကျင်ပြီး၊ ကိုဗစ်ကာလရှေ.တန်းက ဆေးဝန်းထမ်တွေ စတင်ခဲ့တဲ့၊ CDM လို့အတိုခေါက်ခေါ်တဲ့ Civil Disobedience Movement အကြမ်းမဖက် မပူးပေါင်းမဆောင်ရွက်ရေးလှုပ်ရှားမူမှာ၊ အနုပညာရှင်တွေကလည်း ဝန်းရံပါဝင်လာပါပြီ။
နောက်ထပ်ကြည့်ရှုရန်