ထိုင်းစစ်အာဏာသိမ်း ခေါင်းဆောင် Prayuth Chan-Ochan ကို ဝန်ကြီးချုပ်အဖြစ် ထိုင်းလွှတ်တော်က မဲခွဲတင်မြှောက်လိုက်ပါပြီ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ ဆေးလိပ်သောက်သူတွေရဲ့ ၄၀% ဟာ အဆုပ်ရောဂါတွေဖြစ်တဲ့ အဆုပ်ကင်ဆာ၊ နာတာရှည်အသက်ရှုလမ်းကြောင်းရောဂါနဲ့ တီဘီရောဂါတွေကြောင့် သေဆုံးနေရတယ်လို့ သတိပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တယ်နေတယ်ဆိုပြီး Amnesty International နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ကြီးက ဝေဖန်ခဲ့တဲ့အပေါ်၊ မြန်မာတပ်မတော်ဖက်က ငြင်းဆိုပြီး သူတို့အနေနဲ့ စစ်ရေးပစ်မှတ်တွေကိုသာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို ဒီနေ့သွားဖို့ ရှိနေပါတယ်။
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီးလေးမှာပဲ ရုရှား နိုင်ငံကို ရောက်သွားပါပြီ။
မြန်မာနယ်စပ် လုံခြုံတည်ငြိမ်ရေးကို ပိုကောင်းအောင်ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တဲ့ သမ္မတရှီနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အခုလို ကြိုတင်ပြီး ဘာကြောင့်တွေ့ဆုံခဲ့ရသလဲ။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ တရုတ် အစိုးရ ဖိတ်ကြားချက်အရ တနလာၤနေ့က တရုတ်နိုင်ငံကို ရောက်ရှိနေပါတယ်။ တရုတ်နိုင်ငံကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မသွားရောက်မီ သတင်း ၂ ပတ် အလိုမှာ အခုလို သွားရောက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအနည်းငယ်အတွင်းမှာ သမ္မတ Donald Trump အစိုးရ က Venezuela နိုင်ငံမှာ သမ္မတ မာဒူရို အစိုးရ ပြုတ်ကျတော့မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။
ထိုင်းရွေးကောက်ပွဲ နောက်ဆုံးရလဒ် မထွက်သေးချိန်မှာ အဓိက ပါတီကြီး (၂) ခုအနေနဲ့ သူနိုင်ကိုယ်နိုင် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်တော့မယ်လို့ ကြွေးကြော်နေကြပါတယ်။
ဆီရီယားပြည်တွင်းစစ် ဖြစ်ပွားခဲ့တာ ၈ နှစ်ထဲ ချဉ်းနှင်း ဝင်ရောက်လာနေပါပြီ။ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ဆီရီးယားတပ်ဖွဲ့တွေကတော့ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ဒေသတွင်းက မောင်းထုတ်ဖို့ ဆက်ပြီး ထိုးစစ်ဆင်နေပါတယ်။ သတင်းထောက် Elizabeth Cherneff ပေးပို့တဲ့သတင်းကို ကိုဝင်းမင်းက တင်ပြထားပါတယ်။
အမေရိကတိုက် အလယ်ပိုင်း နိုင်ငံတွေက ဒုက္ခသည်တွေ အုပ်စုလိုက် အမေရိကန်ပြည်ထောင်စုကို ဝင်ဖို့ လာနေကြတဲ့အချိန်မှာ နယ်ခြား လုံခြုံရေးကို တိုးမြှင့်ပြီး တပ်တွေ စေလွှတ်ထားပါတယ်။ VOA လက်တင်အမေရိကားဌာန သတင်းထောက် Celia Mendoza သတင်းပို့ထားတာကို ကိုဝင်းမင်း က ပြောပြမှာပါ။
လူမှုဝန်းကျင် အနေအထားနဲ့ လူတွေနဲ့ ထိတွေ့ဆက်ဆံရတာမှာ ငြင်းခုံ ပြောဆိုရတာတွေကြောင့် ဖြစ်လာတဲ့၊ ပြင်းထန်တဲ့ ကာလတို စိတ်ဖိစီးမှုအတွက် အပြာရောင်အလင်းပေး ကုသနည်းသစ်ကို စပိန် သုတေသီတွေ တီထွင်လိုက်ပါတယ်။ ဒီကုထုံးအကြောင်း Mariama Diallo ပေးပို့တဲ့သတင်းကို ကိုဝင်းမင်းက တင်ပြထားပါတယ်။
တရုတ်နဲ့ကုန်သွယ်ရေး တင်းမာမှု ကြီးထွားလာတာကြောင့် အမေရိကန်လယ်သမားတွေ အကြီးအကျယ်တုန်လှုပ်နေပါတယ်။ တချိန်က သမ္မတ Trump ကို ထောက်ခံမဲပေးခဲ့တဲ့ လယ်သမားတွေ အခုတော့ သမ္မတရဲ့ ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ရပ်တည်ချက်ကြောင့် ဝင်ငွေထိခိုက်မှာကို စိုးရိမ်လာနေကြောင်း Kane Farabaugh ပေးပို့ချက်ကို ကိုဝင်းမင်း ပြောပြမှာပါ။
အာဖဂန် မိုင်းကျွမ်းကျင်သူတစ်ဦးကတော့ မြုပ်ထားတဲ့ မိုင်းတွေကို တွေ့အောင်ရှာပြီး ရှင်းလင်းဖယ်ရှားပေးတာကို သူ့ဘဝ ရည်မှန်းချက်အဖြစ် သံန္နိဌာန်ချ လုပ်ကိုင်နေတဲ့အကြောင်း VOA သတင်းထောက် Azizullah Popal နဲ့ Zabihullah Ghazi တို့ရဲ့ သတင်းကို ကိုဝင်းမင်းက ပြောပြမှာပါ။
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုယ်တိုင် လေ့လာပြီး၊ ဝိုင်းကူဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကို ဒီနေ့ ရောက်ရှိသွားပါပြီ။
တရုတ်နိုင်ငံအနေနဲ့ နိုင်ငံပိုင် TV ရုပ်မြင်သံကြားနဲ့ ရေဒီယိုဌာ (၃) ခုကို ပေါင်းစည်းလိုက်ပြီး Voice of China လို့ခေါ်တဲ့ သတင်းမီဒီယာကြီး တခုထဲအဖြစ် ဖွဲ့စည်းလိုက်ပါပြီ။ တရုတ်သမ္မတ Xi Jinpoing က တရုတ်နိုင်ငံဟာ ကမ္ဘာ့တည်ငြိမ်၊ငြိမ်းချမ်း၊ဖွံ့ဖြိုးရေး လုပ်ဆောင်ပေးနေတယ်ဆိုတဲ့ ပုံရိပ်ပေါ်လာအောင် တရုတ်သတင်းမီယာပြုပြင်ပြောင်းလဲရေးလုပ်ရမယ်လို့ပြောအပြီးမှာ ခုလိုပေါင်းစည်းလိုက်ပြီလို့၊ တရုတ်အစိုးရ Xinhua သတင်းဌာနက ပြီးခဲ့တဲ့အပတ်ထဲ ကြေညာလိုက်တာပါ။
တရုတ်နိုင်ငံမှာ သမ္မတ သက်တမ်းကန့်သတ်ထားတာကို ပယ်ဖျက်လိုက်တာက တရုတ်နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ ခေါင်းဆောင်မှုခိုင်မာရေးအတွက်ဖြစ်တယ်လို့ တရုတ်အစိုးရမီဒီယာတွေ ဖက်က ကာကွယ်ပြောဆိုလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်တွင်း နာဇီလူသတ်စခန်းတွေကနေလွတ်အောင် ပြေးနေခဲ့တဲ့သူတွေကို ယူကရိန်း မိသားစုတစ်ခုကအသက်အန္တရာယ်ကြားကနေကယ်တင်ပေးခဲ့တဲ့၊ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုရှင်ကြီးဖြစ်လာသူ ဂျူးတယောက်အကြောင်းVOA ယူကရိန်းဌာန သတင်းထောက် Tatiana Vorozhko နဲ့ Kositiantyn Golubchyk တို့ တင်ပြထားတာကို ကိုဝင်းမင်းက ပြောပြမှာပါ။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်မှာ ယုံကြည်နားလည်မှုနဲ့ အခြားအခက်အခဲတွေ ကြုံနေရကြောင်းနဲ့၊ ဒါတွေကို ကျော်လွှားနိုင်ဖို့ အကြံပေးဆွေးနွေးလိုက်ပါတယ်။
မွေးပြီး ပထမ လထဲမှာပဲ သေဆုံးရတဲ့ ကလေးကတကမ္ဘာလုံးမှာ တနှစ်ကို ၂.၆ သန်းတောင်ရှိနေပါတယ်။အဲ့ဒိတော့ တရက်ဆိုရင် ဒီမွေးကင်းစလေးပေါင်း ၇ ထောင်အထိ သေနေရတာပေါ့နော်၊ဒီကလေးတွေအတွက် ဝိုင်းကူပေးဖို့လိုနေပါပြီ။
နောက်ထပ်ကြည့်ရှုရန်