မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ မဲစာရင်းမှားတာတွေက ထိပ်ပိုင်းခေါင်းဆောင်တွေကစပြီး အောက်ခြေလူအတော်များများအထိ ရိုက်ခတ်နေပါတယ်။ ဘာကြောင့် အဓိကဖြစ်ရပြီး၊ ဘယ်လိုပြင်ဆင်သင့်ပါလဲ။
မြန်မာ့တပ်မတော်က အရင်ဗိုလ်ချုပ်ကြီးဟောင်းနဲ့ အခု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွေမန်းနဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း စောမူတူးဆေးဖိုးတို့ တနင်္လာနေ့ သြဂုတ်လ (၁၇) ရက်နေ့က နေပြည်တော်ရှိ ဦးရွေမန်းအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲ စောင့်ကြည်ရေး မကြာခင်က ပိတ်ပင်ခံခဲ့ရတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမူအဖွဲ့ (PACE) ကို ပြန်ခွင့်ပြုလိုက်ပါပြီ။
လာမယ့်ရွေးကောက်ပွဲမှာ အရင်အစိုးရပါတီ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တစ်နိုင်ငံလုံးမှာ ပြိုင်နိုင်ပေမဲ့၊ တိုင်းရင်းသားတွေအပေါ် သဘောထားကြီးပြီး လျော့ပြိုင်ထားတယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးမှုအေဂျင်စီ USAID အနေနဲ့ ဆဟာရသဲကန္တာရတောင်ပိုင်း အာဖရိက နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ ကိုဗစ် ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်တွေအတွက် ဒေါ်လာ သန်း ၃၅၀ ကျော် ကူညီ ပံ့ပိုးပေးဖို့ ဇွန်လအစောပိုင်းမှာ အခိုင်အမာ ဆုံးဖြတ်ခဲ့ပါတယ်။
လာမယ့် ပင်လုံညီလာခံကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အကန့်အသတ်နဲ့ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။ ဒီ အဖွဲ့တွေထဲ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို မဖိတ်ဘဲ ကန့်သတ်လိုက်တာကြောင့် ဒီတစ်ခေါက် တက်သင့်၊ မတက်သင့်ကို စုပေါင်းဆွေးနွေးကြဖို့ရှိနေပါတယ်။
လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့၊ ရခိုင်ပြည်နယ်မှာ ယခင်ချန်လှပ်ခဲ့တဲ့ မဲဆန္ဒနယ်မြေ (၁၂) ခုမှာ အခုဝင်ပြိုင်ဖို့ ကြေညာလိုက်ပါပြီ။
ဒေါက်တာတင်မာအောင် ဘာကြောင့်ဝင်ဖြစ်လဲဆိုတော့၊ ကျွန်တော်တို့ အခု ရခိုင်ပြည်နယ်ထဲမှာ လူမူရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စသည်အားဖြင့် အရေးအရာ အားလုံးဟာ ချွတ်ခြုံကျနေတယ်ဗျ။ အဲ့ဒီထဲမှာ ကျွန်တော်တို့ ရခိုင်တွေ ဝင်ပြီးပါဖို့ လိုမယ်၊ ကူဖို့လိုမယ်။ အဲ့ဒါအတွက် ဒေါက်တာတင်မာအောင်မှာ တာဝန်ရှိတယ်ဗျ။
ဦးစံကျော်လှ။ ။ သူတို့လုပ်လို့ရတယ် သူတို့မလုပ်ဘူးဆိုရင်လည်း သူတို့ သဘောပါပဲ။ သို့သော်ရွေးကောက်ပွဲကတော့ လုပ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။ ရခိုင်ပြည်နယ်မြို့နယ်တိုင်းမှာ ရွေးကောက်ပွဲ ဖြစ်စေချင်ပါတယ်။ ဒေသအတွက် ရခိုင်ပြည်နယ်အတွက်၊ မြန်မာပြည်အတွက် ရွေးကောက်ပွဲက လိုကိုလိုပါတယ်။
လာမယ့် ရွေးကောက်ပွဲမတိုင်ခင် ပင်လုံငြိမ်းချမ်းရေးညီလာခံကြီး ကျင်းပနိုင်ရေး အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေတာ၊ ထပ် တစ်နေတာကြောင့်၊ နောက်ကိုထပ်ရွှေ့လိုက်ရပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က "ဘာသာရေးလွတ်လပ်ခွင့်ဟာ ကျွနု်ပ်တို့ရဲ့ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ 'ပထမဆုံး လွတ်လပ်ခွင့်ကြီး' ဖြစ်တယ်၊ “ကျွန်တော်တို့ အစိုးရကို လမ်းပြပေးနေတဲ့ အဲဒီ မွေးရာပါအခွင့်အရေးကို အထူး လေးစားပါတယ်” လို့ ပြောပါတယ်။
ပင်လုံငြိမ်းချမ်းရေးညီလာခံ မကြာခင် ကျင်းပနိုင်ရေး ပြင်ဆင်တဲ့အနေနဲ့၊ အစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတာကို နောက်တစ်ရက် ထပ်တိုးလိုက်ရပါတယ်။
၂၀၁၉ အမေရိကန်လွှတ်တော်မှာ နိုင်ငံရေး သဘောထားကွဲလွဲမှုတွေပေါ်ခဲ့ပြီး အရေးပါတဲ့ ဥပဒေပြုရေးကိစ္စတွေ တော်တော်များများ ရှေ.မတိုးနိုင်ဘဲ ရပ်ဆိုင်းခဲ့ပါတယ်။ နှစ်ကုန်မှာလည်း သမ္မတ Donald Trump ကို တရားစွဲဖို့ ကိစ္စနဲ့ လွှတ်တော်မှာ အလုပ်ရှုတ်နေတဲ့အကြောင်း Carolyn Presutti သတင်းပို့ထားတာကို ကိုဝင်းမင်းက ပြောပြမှာပါ။
တရုတ်သမ္မတတဦးအနေနဲ့ မြန်မာနိုင်ငံကို နှစ် ၂၀အတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာခင်လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ သမ္မတ Xi ဟာ ၂၀၀၉ ခုနှစ်တုန်းကတော့ ဒုသမ္မတအဖြစ်နဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသလို၊ ကချင် မြစ်ဆုံစီမံကိန်းမှာ အဓိက လက်မှတ်ထိုးခဲ့တဲ့ တရုတ်ခေါင်းဆောင်လည်းဖြစ်ပါတယ်။
နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ ဒီကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေ လုပ်လာတာ ဒီနှစ်ဆိုရင် ၃၁ နှစ်ပြည့်ပါပြီ။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Kelly Knight Craft ဟာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းကပဲ တာဝန်စတင်ထမ်းဆောင်ပါတယ်။ VOA အမေရိကန် အသံ ကုလသမဂ္ဂဆိုင်ရာ သတင်းထောက် Margaret Besheer က သံအမတ်ကြီး Kelly Knight Craft အကြောင်း သတင်းပေးပို့ထားတာကို ကိုဝင်းမင်းက ပြောပြပါလိမ့်မယ်။
၂၀၀၁ ၊ စက်တင်ဘာ ၁၁ ရက် အမေရိကန်ပြည်ထောင်စု ကြုံခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးအပြီး ၁၈ နှစ် ဆက်တိုက် ကမ္ဘာ.စစ်အသုံးစရိတ်ဟာ ဆက်လက်မြင့်တက်နေတဲ့အကြောင်း ဆွီဒင်အေခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ရဲ့ စရင်းဇယားတွေမှာ ဖေါ်ပြပါတယ်။ Carla Bobb ရဲ့ သတင်းလွှာကို ကိုဝင်းမင်းက ပြောပြပါမယ်။
မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း ဖြစ်ရပ်အပြီးမှာ ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မူကြီးတွေ ဖြစ်မလာခင် ကြိုတားဆီး နိုင်အောင်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လိုနေပြီလို့၊ လူအခွင့်အရေးအဖွဲ့ (၁၆) ဖွဲ့ က စာရေးသား တိုက်တွန်းလိုက်ပါတယ်။
သီးခြား လွတ်လပ်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က မြန်မာ စစ်တပ်နဲ့ ဆက်စပ်မှု ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းတို့ရဲ့ လက်ရှိ စီးပွားရေး လုပ်ငန်းတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
ကော်ဖီစိုက်တောင်သူတွေကတော့ ရာသီဥတုပြောင်းလဲမှုဒဏ် အခက်အခဲတွေ လက်တွေ့ရင်ဆိုင်နေရတဲ့အကြောင်း ပြောဆိုကြပါတယ်။ VOA သတင်းထောက် Kevin Enchos သတင်းပို့ထားတာကို ကိုဝင်းမင်းက ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်