မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင် အနီးတဝိုက်ကို လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ ဝင်ရောက် စစ်ဆေးပြီး တရားမဝင် နေထိုင် အလုပ်လုပ်နေသူ ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံသား ၆၂ ယောက် ဖမ်းဆီးခံရပါတယ်။ မလေးရှား လဝက က အောက်တိုဘာ ၁၃ ရက်ည ပိတ်ဆို့စစ်ဆေးခဲ့ပါတယ်။
KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၄ နစ်အရွယ် ကလေးငယ်တယောက်သေဆုံးပြီး ၈ ယောက်ဒဏ်ရာရခဲ့ပါတယ်။
"NCA အကောင်ထည်ဖော်လို့လည်း မရပါဘူး။ ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းလိုက်ချိန်ကစလို့ NCA အကောင်အထည်ဖော်မှုလည်း အားလုံးရပ်တန့်သွားပါပြီ။ နောက်တခုက NCA က စစ်တပ်တခုတည်းနဲ့ လက်မှတ်ထိုးထားမဟုတ်ပါဘူး။ လွှတ်တော်ပါမယ်။ အစိုးရပါမယ်။ တပ်မတော်ပါမယ်။ တိုင်းရင်းသားအဖွဲ့အစည်းပါမယ်။" (ရဲဘော်ဆန်နီ- ABSDF ပြောခွင့်ရ)
ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်လုပ်ကိုင်ခွင့်လက်မှတ်လျှောက်ထားတဲ့ မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ လာအို့ဝ်၊ ဗီယက်နမ်စတဲ့ရွှေ့ပြောင်းအလုပ်သမားတွေကို အလုပ်သမားလက်မှတ် လျှောက်ထားဆဲကာလမှာ ၁၆ လကျော် ဆက် နေထိုင်ခွင့်ပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းသံအမတ်ဟောင်းတစ်ဦး ဖြစ်တဲ့ Vichit Vichitmarn အသတ်ခံရတဲ့အမှုမှာ လူသတ်မှုကျူးလွန်သူအဖြစ် ရဲက သံသယရှိနေသူ မြန်မာနိုင်ငံသား စိုင်းမြတ်မိုးကို ဖမ်းမိနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့နဲ့ မြန်မာသံရုံးက တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ကုန်တိုက်တခုမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေအတွက် နစ်နာကြေးအဖြစ် တဦးကို ဘတ်ငွေ ၆.၂ သန်းပေးသွားမယ်လို့ ထိုင်းအစိုးရက ပြောကြားလိုက်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲက ထုံခါ အကျဉ်းစခန်းအတွက် လုံခြုံရေးယူထားတဲ့ ကင်းစခန်းတွေကို ကော်သူးလေအာမီ(KTLA) ထီးစမယ်ရွာ တပ်ရင်း တပ်ခွဲ(၄)နဲ့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၆,၀၀၀ စစ်ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
KNU ထိမ်းချုပ်ရာ တပ်မဟာ ၇ ခုရှိတဲ့အနက် ၆ ခုမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ကလည်း ဒူးပလာယာခရိုင်−နို့တကောမြို့နယ်ကို စစ်တပ်က အင်အာပြင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပြင်းပြင်းထန်ထန် ထိခိုက်မှု မရှိဘူးလို့ KNU ဘက်က ပြောပါတယ်။
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် ဂျိုဟိုးဘာရူးမြို့ရှိ အနှိပ်ခန်းတွေရှိတဲ့နေရာကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မလေးရှား ရဲတပ်ဖွဲ့တို့က အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီမှာ ဝင်ရောက်စီးနင်းခဲ့ရာမှာ မြန်မာအပါအဝင် လူ ၃၂ ဦးကို ဖမ်းမိကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ Siam Paragon ကုန်တိုက်မှာ အောက်တိုဘာလ ၃ရက်နေ့ ပစ်ခတ်မှုအတွင်း အမျိုးသမီး ၂ ဦး ဖြစ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့ တရုတ်ခရီးသွားတို့ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ကနဦး နစ်နာကြေးအဖြစ် ဘတ်ငွေ နှစ်သိန်းစီ ပေးအပ်မှာ ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်းကုန်တိုက် အရောင်းဝန်ထမ်းတဦး ဖြစ်သူ မြန်မာအမျိုးသမီးရဲ့ နာရေးအပြင် နစ်နာကြေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဘန်ကောက်မြို့မြန်မာသံရုံး က ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က Siam Paragon ကုန်တိုက်ကြီး မှာ အသက်၁၄နှစ်အရွယ်ထိုင်းလူငယ်တဦးက အောက်မြေညီထပ်ကစတင်ဝင်ရောက်ပြီး ကုန်တိုက်ထဲကလူတွေကိုပစ်ခတ်မှုလုပ်ခဲ့ရာမှာ ပစ်ခတ်မူကြောင့် မြန်မာတဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရကြောင်းထိုင်းရဲချုပ်ကသတင်းထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘူရီမြို့နယ်၊ အမှတ် ၆၊ ကျောလောပေါကျေး ရွာအနီးမှာ စက်တင်ဘာ ၂ ရက် နံနက် ၁ နာရီဝန်းကျင်ခန့်က မြန်မာနိုင်ငံကော့သောင်းမြို့ဘက်ကနေ ခိုးဝင်လာသူ မြန်မာ ၁၉ ဦးဟာ ထိုင်းစစ်တပ် အမှတ်၂၅ တပ်ရင်းက တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ နေရပ်ပြန်ပို့ခံရရင် စစ်ကောင်စီက အရေးယူခံရမယ့်သူတွေ ပါဝင်နိုင်တာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေတာပါ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့လယ်မှာ ကုန်စိမ်းကားတစီးကို နယ်မြေရဲတပ်ဖွဲ့ဝင်တွေက ကြိုတင်သတင်းအရ စက်တင်ဘာလ ၃၀ ရက်က လမ်းတွေကို ပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ ရွှေတြိဂံဒေသထုတ် စိတ်ကြွဆေးပြား အလုံးရေ ၆ သန်းနဲ့ ice မူးယစ်ဆေးကီလို ၃၀ ကို ကုန်းစိမ်းတွေကြားမှာဖွက်ပြီး သယ်ဆောင်လာစဉ်ဖမ်းမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ တာ့ခရိုင် ချုံဖွန်ခရိုင် ဆူဖန်ဘူရီခရိုင် ချင်းမိုင်ခရိုင် စတဲ့နေရာတွေမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာ ၄၀ ကျော်ကို ထိုင်းလုံခြုံရေးတွေ ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အလုပ်သမား ၃,၄၆၄ ဦး ဖမ်းဆီးခဲ့ရာမှာ ထက်ဝက်ကျော်ဟာ မြန်မာနိုင်ငံသားတွေ ပါဝင်နေကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ကရင်အမျိုးအသား အစည်းအရုံး (KNU) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုတွေ လျော့လာနေတယ်လို့ လေ့လာချက် အသစ်တခုက ဖော်ပြလိုက်ပါတယ်။
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကရင်ဒေသခံ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
ကရင်ဒေသတွေက လူထုတွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ကရင်ပြည်နယ်အတွင်းက အခြေအနေ သတင်းမှန်တွေကို တင်ဆက်နိုင်ခဲ့တာကြောင့် ၂၆ နှစ်တာကြာတဲ့အထိ တိုင်းရင်းသား သတင်းဌာနကြီးတခုအနေနဲ့ အခိုင်အမာ ရပ်တည်နိုင်ခဲ့တယ်လို့ ကရင်သတင်းဌာန (KIC) က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်