ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကော့သောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်နေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲ ထွက်ပြေးလာသူ ၄၀၀ နီးပါးထိရှိလာတယ်လို့ ကော့သောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာအခြေစိုက်ပြီး အွန်လိုင်းက လိမ်လည်နေတဲ့ ဆိုက်ဘာဂိုဏ်းတွေအတွက် အင်တာနက်ချိတ်ဆက်နိုင်အောင်လုပ်ပေးနေတဲ့ လုပ်ငန်းတွေကို ထိုင်းရဲတွေ နှိမ်နှင်းခဲ့ပါတယ်။
ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရပြီးကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေ လုံခြုံရေးယူနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ KNU က အုပ်ချုပ်ရေးစတင်နေပြီလို့ ကြေညာခဲ့တဲ့နောက်မှာမှ အဲဒီမှာ တခုထဲကျန်နေတဲ့ မြန်မာစစ်တပ် တပ်စခန်းက စက်တင်ဘာ ၂၁ ရက်ကြာသပတေးနေ့မှာ မြို့လူစည်ကားရာနေရာတွေကို စထွက်လာခဲ့။
ထိုင်း−မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်က ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်နေတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ထွက်ပြေးလာသူ ၂ ရက်အတွင်း ၂၀၀ ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင်မှာ စက်တင်ဘာလ ၁၉ ရက်နေ့က မူးယစ် ဆေးဝါးတွေ သယ်ဆောင်လာတဲ့ကားတစီးကို ထိုင်းရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးရာက အပြန်အလှန်ပစ်ခတ်ကြရင်း ရဲအရာရှိတဦးသေဆုံး၊ တဦးဒဏ်ရာရခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ(၃) အခြေစိုက်လှုပ်ရှားနေတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
စက်တင်ဘာ ၁၆ ရက်နေ့က မလေးရှားနိုင်ငံ ကွာလ္လာမ်ပူမြို့က တမန် စီမာရတ် (Taman Semarak ) နယ်မြေမှာ မလေးရှားလ၀ကနဲ့ နယ်မြေခံရဲတွေပူးပေါင်းပြီး စစ်ဆင်ရေးအနေနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အထောက်အထားမဲ့တွေအပါအဝင် မြန်မာ ၉၀ ကျော် အဖမ်းခံခဲ့ရပါတယ်။
ထိုင်း - မြန်မာနယ်စပ်က စစ်တပ်အခြေစိုက်စခန်းတခုဖြစ်တဲ့ ရေတလျောက်စခန်းကို KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၈) နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်အသီးသီးမှာ ပြစ်ဒဏ်ကျခံပြီးတဲ့နောက် အကျဉ်းထောင်အသီးသီးကနေ လွတ်ရက်စေ့တဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ရနောင်း ကော့သောင်းလမ်းကနေ ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ ၁၃ ရက်နေ့မှာပဲ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Pathumwan ပသူဝမ်အရပ်မှာ မြန်မာစျေးသည်တွေအများအပြားရှိတဲ့ နာမည်ကြီး ကုန်တိုက်ဖြစ်တဲ့ MBK ကုန်တိုက်ကြီးအတွင်းကို စက်တင်ဘာလ ၁၃ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက် စစ်ဆေးခဲ့တာမှာ ခွင့်ပြုချက်မရှိပဲ ဈေးရောင်းနေကြတဲ့ မြန်မာ ၁၈ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုလ်ဒေသက တရုတ်ကာစီနိုလောင်းကစားရုံနဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေမှာရောင်းစားခံရတဲ့နီပေါနိုင်ငံသားတွေကို ထိုင် အထူးစုံစမ်း စစ်ဆေးရေးဌာန Department of Special Investigation(DSI) ကဦးဆောင်ပြီး ကယ်ဆယ်ခဲ့ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသ အန်ထောင် - အယုဒ္ဓယ အဝေးပြေး ကားလမ်းမမှာ စက်တင်ဘာလ ၁၃ ရက်နေ့က တရားမဝင်မြန်မာ အလုပ်သမား ၁၃ ဦးကို တင်ဆောင်လာပြီး မောင်းပြေးတဲ့ ပစ်ကပ်ကားကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ တာယာ ၃ လုံးကွဲတဲ့အထိ မောင်းပြေးခဲ့ပေမဲ့ ဖမ်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံနယ်စပ်ဒေသ တိုက်ပွဲတွေအတွင်း ထိုင်းနယ်စပ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်လာတာဟာ မတော်တဆသာ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံနယ်စပ်ဒေသမှာ ဒီလဆန်းက တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိုင်းနယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကိစ္စကို ဖြေရှင်းဖို့ ထိုင်းအစိုးရက လွှတ်တော်အမတ်တဦးက တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ သင်္ဘောတွေကို ဒေသခံ လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်ခဲ့ရာက အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့ကပြောပါတယ်။
ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒေသအခေါ်မူတြော်ခရိုင်အတွင်းမှာ စစ်ကောင်စီက ၃ ရက်အတွင်း လေကြောင်းကနေ ၈ ကြိမ်တိုက်ခိုက်ခဲ့တာမှာ စာသင်ကျောင်းတွေ ကို ဗုံးထိမှန်ခဲ့တာကြောင့် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာတဦးအပါအဝင် စုစုပေါင်း ၄ ဦးသေဆုံးခဲ့ပါတယ်။
"ကမမောင်း ထွေအုပ်ရုံးပေါ့။ မြို့နယ်ရုံးပေါ့။ အဲဒီမှာ ကျနော်တို့ဘက်က ဒရုန်းတွေနဲ့ ဗုံးတွေကြဲချလိုက်ချိန်မှာ ထွေအုပ်ရုံးက အုပ်ချုပ်ရေးမှူးတဦး သေဆုံးတယ်။ တခြား ဒဏ်ရာရသူတွေလည်းရှိတယ်။" (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်)
ထိုင်းနဲ့ မြန်မာနယ်စပ် မြဝတီမြို့မှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်နောက်ပိုင်း ထိုင်းဘက်ခြမ်း နယ်စပ်မြို့ မဲဆောက်မှာ ထိုင်း အာဏာပိုင်တွေက လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေး ရှာဖွေတာတွေ လုပ်နေပါတယ်။
"သတင်းရတဲ့နေရာတွေကို လိုက်လံရှာတယ်။ ဖမ်းဆီးတယ်။ လုံခြုံရေးကတော့ အထူးချထားပြီးတော့ မတ်တပ်ရပ်ပြီးစောင့်နေတာရှိတယ်။ ကားတွေနဲ့သွားတာရှိတယ်၊ ဆိုင်ကယ်တွေနဲ့သွားတာရှိတယ်၊ လုံခြုံရေးကို ပိုပြီးချထားတာတွေရှိနေတယ်။" (ဒေသခံတဦး)
ကရင်ပြည်နယ်၊ မြဝတီ ခရိုင်ရဲတပ်ဖွဲ့ရုံးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့က ဒရုန်းနဲ့ ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေဟာ ဒီကနေ့ဆိုရင် ၆ ဦး ရှိသွားပါပြီဖြစ်ပြီး ဒဏ်ရာရသူတွေလည်း ၁၀ ဦးကျော် ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်