KNU ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းမှာ စစ်ကောင်စီ တပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တွေကြားမှာ တိုက်ပွဲ တွေ အခုရက်ပိုင်း ပြင်းထန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖွန်ခရိုင်နဲ့ ပရာကျွတ် ခီရီခန်ခရိုင်၊ ဘန်ဆာဖန်နွယ် မြို့နယ်အစပ်မှာ တရားမဝင် မြန်မာတွေသယ်ဆောင်လာတဲ့ ကားတစီးဟာ လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးမခံပဲ မောင်းပြေးရာကနေ ကားတိမ်းမှောက်ပြီး ကားပေါ်ပါလာသူအားလုံးနီးပါး ဒဏ်ရာတွေရခဲ့ပြီး ဆေးရုံ ၄ ခုကိုပို့ ကုသနေရပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျောက်ကြီးပေါက်၊ ဆမ်မန်းပေါက်၊ သပြေညွန့်၊ ရွှေပြည်သာ၊ လေလံကုန်းကျေးရွာတို့ကို လက်နက်ကြီးနဲ့ထုပစ်တာပေါ့။ လက်နက်ကြီး၂ လုံးထုတော့ ထွက်ပြေးတာပေါ့။ အဲဒီရွာတွေက အရင်ကတည်းက အမဲရောင်နယ်မြေထဲကရွာတွေဆိုတော့ စစ်တွေထိုးလာရင်မနေရဲတော့ဘူး။ အဲဒီမှာက ရွာသားက ၂,၀၀၀ ကျော် အိမ်ခြေစုစုပေါင်းက ၃၂၉ အိမ်ရှိတယ်။”(ဒေသခံ)
ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung (ဖတ်ထလုံ) ခရိုင်မှာ မသင်္ကာဖွယ် ကား ၂ စီးကို ဖတ်ထလုံး ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှာ မလေးရှားကိုသွားမယ့် အထောက်ထားမဲ့ရိုဟင်ဂျာ ၂၁ ဦးကို ဖမ်းမိခဲ့ပါတယ်။
ထိုင်းလဝက တံဆိပ်တုံးအတု လုပ်ပေးတဲ့ ပွဲစားကို တဦးကို ထိုင်းဘတ်ငွေ တသိန်း နှစ်သောင်း ပေးခဲ့ရတယ်လို့ဆိုပါတယ်။ ထိုင်းနိုင်ငံအတွင်း လဝကရဲ့တံဆိပ်တုံးအတု လုပ်ဆောင်မူအတွက် ထောင်ဒဏ်အနည်းဆုံး ၃ နှစ်ကနေ ၁၀ နှစ် ထက်မနည်း ကျခံခဲ့သူတွေ အရင်ကလည်း ရှိခဲ့ဖူးတာပါ။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ Selayang မြို့နယ်ထဲက မြန်မာတွေအများဆုံးအလုပ်ကြတဲ့ စျေးသစ်ကြီး ထဲကို မလေးရှားအာဏာပိုင်တွေကအောက်တိုဘာလ၂၈ရက်နေ့ မနက်ပိုင်းမှာ စစ်ဆင်ရေး လုပ်ပြီး ဝင်ရောက်ဖမ်းဆီးချိန် မြန်မာတွေအပါအဝင်နိုင်ငံခြားသား အလုပ်သမားပေါင်း ၁၂၀ကျော် ဖမ်းဆီးခံခဲ့ ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား ၃ ဖွဲ့က ထိုးစစ်ဆင်တိုက်တဲ့ တချိန်ထဲမှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့နယ်ထဲမှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို မီးရှို့ခဲ့ပါတယ်။
ထိုင်းနယ်စပ်ကိုထွက်ပြေးခိုလှုံလာကြတဲ့ မြန်မာဒုက္ခသည်တွေ၊ စစ်ဘေးတွေကြောင့်ထွက်ပြေးလာသူ၊ စစ်ကောင်စီကို အကြမ်းမဖက်အာဏာဖီဆန်ပြီး CDM လုပ်လာကြသူတွေဟာ ထိုင်းမြန်မာနယ်စပ်မှာ ကျန်းမာရေးအတွက် ဆေးရုံဆေးခန်းသွားတာ တောင်ဖမ်းဆီးခံငွေညှစ်တောင်းခံတာကြောင့် အခက်အခဲတွေဖြစ်နေရတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နားမှာ စစ်ကောင်စီနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေကြား အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွါးခဲ့တဲ့နောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံရွာသားတွေ ဘေးလွတ်ရာ ရှောင်ပြေးနေရပါတယ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဝါးစကင်းကျေးရွာက အထည်ချုပ်(အိမ်ရုံ) စက်ရုံမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၄ ဦးကို ကြိုတင်အကြောင်းမကြားပဲ အလုပ်ထုတ်ခဲ့တာကြောင့်ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ကလိုက်ပါဆောင်ရွက်ပြီး ညှိနှိုင်းပေးခဲ့ပါတယ်။
“ဆောက်လုပ်ရေး အလုပ်ဆိုဒ်နေရာမှာ မြန်မာသုံးယောက် သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ပါဟန်ရဲက ထိခိုက်ဒဏ်ရာကြောင့်လား၊ ပြင်ပထိခိုက်ဒဏ်ရာတွေကြောင့်လားဆိုတာ ရဲတွေက စစ်ဆေးပါတယ်။ စစ်ဆေးမှုရလဒ်က ဓါတ်မတည့်တာ၊ အစာဆိပ်သင့်တာတခုခုဖြစ်နိုင်တယ်လို့ မှတ်ချက်ချတယ်။" (ဦးစိုးထက်သိန်း-အလုပ်သမားရေးကူညီသူ)
ရေးတံတားတိုက်ပွဲ၊ ကျုံလောင်းရွာနဲ့ ဝဲပေါင်ကျေးရွာကြား မှာတိုက်ပွဲ တွေဖြစ်ပြီးတဲ့နောက် ဒေါနစစ် ကြောင်းက ကြေငြာတာကတော့ စစ်ကောင်စီဘက်က အင်အား(၄၀)လောက်ကျဆုံးသလို ပူးပေါင်းတပ်ဖွဲ့ တွေဘက်ကလည်း ၁၀ ဦးကျော်ဒဏ်ရာတွေရခဲ့တယ်လို့ဆိုပါတယ်။
မလေးရှားမှာ အောက်တိုဘာလ ၂၀ရက်နေ့က နိုင်ငံခြားသားတွေ အများစုနေထိုင်နေတဲ့ နေရာတခုကို လူဝင်မှုကြီးကြပ်ရေးနဲ့ ရဲဝန်ထမ်း အင်အား ၃၀၀ ကျော် ဝင်ရောက် စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသားတွေအပါဝင် နိုင်ငံခြားသား သုံးထောင်ကျော်ကို စစ်ဆေးမေးမြန်းထိန်းသိမ်းတာတွေလုပ်ခဲ့ပါတယ်။
ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ ပတ်စ်ပို့စ်သက်တမ်းတိုးတဲ့အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။
“အခုလို သန်းပေါင်းများစွာ စိတ်ကြွဆေးတွေ ထိုင်းနိုင်ငံထဲ ပြန့်နှံ့သွားရင် ထိုင်းနိုင်ငံသား မျိုးဆက်သစ်လူငယ်တွေအတွက် မတွေးရဲစရာဖြစ်ပါတယ်။ ကလေးတွေက ဆေးစွဲမယ်။ ဒါဆိုရင်မိဘတွေလည်း ဒုက္ခတွေရောက်မယ်။" (အမှတ် ၅ ဒေသ ဗိုလ်မှူး Colonel Kidakorn Chandra)
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီ တပ်တွေက အောက်တိုဘာလ ၁၇ရက်နေ့ တရက်ထဲမှာတင် ခရိုင်တွင်းက ကျေးရွာတွေကို လေကြောင်းနဲ့ ၆ ကြိမ်တိုက်ခိုက်ခဲ့တဲ့ အတွက် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို ဒေသခံတွေလည်း ဘေးလွတ်ရာ ရှောင်ပုန်းနေကြရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို ဆက်ပြီးကူညီပေးကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က အင်္ဂါနေ့ ထိုင်းနိုင်ငံက ဦးစီးကျင်းပတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ ဆိုင်ရာ အဆင့်မြင့် အရာရှိများဆွေးနွေးပွဲမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။
" ဒီတလနှစ်လအတွင်းမှာ တိုက်ပွဲတွေဖြစ်တော့ ရွာတွေကလူတွေက ပိုပြီးပြေးလာကြတယ်။ လူနေတဲ့နေရာကိုပစ်တာလည်းရှိတယ်။ လေယာဉ်နဲ့လည်း လူရှိတဲ့နေရာကိုပဲ လာလာပစ်တော့ တိုက်ပွဲဖြစ်တာနဲ့ လူတွေကမနေရဲတော့ဘူး။" (စောလားကပေါ်) ကရင်ငြိမ်းချမ်းရေးအထောက်ကူပြု ကွန်ယက် ကပြောခွင့်ရ)
ဒီနှစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ၉ လ အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက်လာလို့ ဖမ်းဆီးမိတဲ့ မြန်မာနိုင်ငံသား ၁ သောင်းကျော် ရှိတယ်လို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ ကားတချို့ကို စစ်ဆေးခဲ့တာမှာ မြန်မာ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်