ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁) နယ်မြေ ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ တက်တူကုန်းကျေးရွာမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က စစ်ကောင်စီရဲ့အမြောက်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံသုံးဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကြပါတယ်။
စစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ်၊ သထုံခရိုင်မှာ လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မလေးရှားနိုင်ငံ ဆာလန်ဂေါပြည်နယ်ထဲက စမုံညှင်းမြို့မှာ မြန်မာ ၂၀၀ လောက် ဖမ်းဆီးခံထားပါတယ်။ ဇန်နဝါရီ ၁၉ ရက် သောကြာနေ့ညပိုင်းမှာ ရှောင်တခင်ဝင်ရောက် စီးနင်းစစ်ဆေးမှုအတွင်း ၅၆၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး မြန်မာ ၂၀၀ လောက်ပါဝင်တယ်လို့ မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ် ခရိုင် ၇ ခုမှာ စစ်ကောင်စီအာဏာသိမ်းလိုက်တဲ့ ကာလ ၂၀၂၁ခုနှစ်ကနေ ၃နှစ်နီးပါးကာလအတွင်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေထိုင်ရတဲ့ စစ်ဘေးရှောင် ခုနစ်သိန်းကျော် ရှိလာပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး က ထုတ်ပြန်ခဲ့ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ မြဝတီမြို့အနီးက လက်ခတ်တောင်စခန်းကုန်းကို ဇန်နဝါရီ ၁၆ ရက်ညနေ ၄ နာရီကျော်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုလုပ်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲတွေလည်း ဖြစ်ခဲ့ပါတယ် ။
မလေးရှားနိုင်ငံ၊ တီရန်ဂါနူးပြည်နယ်နဲ့ ဂျိုဟိုးပြည်နယ်တွေမှာ ဇန်နဝါရီလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ အထောက်အထားမဲ့မြန်မာတွေ ၂၀ နီးပါးဖမ်းခံရပါတယ်။ တီရန်ဂါနူးပြည်နယ်မှာတော့ ဘောလုံးကန်နေတဲ့မြန်မာနိုင်ငံသားတွေကို ဘောလုံးကွင်းထဲမှာပဲ ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် ဖွတ်ဖရမြို့နယ်ထဲမှာ ဇန်နဝါရီလ ၁၄ ရက်နေ့က မြန်မာနိုင်ငံကနေ တရားမဝင် ဝင်လာတဲ့ မြန်မာ ၂၅ ယောက်ကို ထိုင်း လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ဇန်နဝါရီက ၁၃ ရက်နေ့ညက နိုက်ကလပ်တခုအတွင်းမှာ မြန်မာ့ဆိုရှယ်မီဒီယာမှာ နဂါးမယ်တော်အဖြစ်နာမည်ကြီးတဲ့ အေမီဈာန်နဲ့ sexy မော်ဒယ်အဖြစ်ထင်ရှားတဲ့ဖူးပွင့်ခိုင်တို့ ဖျော်ဖြေနေတုန်းမှာပဲ မလေးရှားရဲတွေက ဝင်ရောက်စီးနင်းဖမ်းဆီးရာမှာ မြန်မာ ၈၀ လောက် အဖမ်းခံရတယ်လို့ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၁ ဦးကို ဇန်နဝါရီလ ၁၀ ရက်နေ့က ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ပါတယ်။
မလေးရှားနိုင်ငံ ဆလမ်းကောပြည်နယ် မလေးရှားရေပိုင်နက်ထဲက မလေးရှားသင်္ဘောပေါ်မှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာသင်္ဘောသား ၁၄ ဦးကို ရေကြောင်း အာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။
မလေးရှားနိုင်ငံကို တရားမဝင်ပို့ဆောင်မယ့် ရိုဟင်ဂျာ ၃၀ ကို ထိုင်း-မြန်မာနယ်စပ် Sangkhlaburi (စံခရဘူရီ) ခရိုင်မှာ ဇန်နဝါရီလ ၅ ရက်နေ့မှာဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မဲဖာလွမ်ဒေသမှာ နှစ်သစ်ကာလ ထိုင်းမြန်မာနယ်စပ်ကနေဝင်လာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ ထိုင်းနယ်ခြားစောင့်တပ်တို့ ဇန်နဝါရီလ ၆ ရက်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဘတ်ငွေသန်းပေါင်း ၁,၅၀၀ ကျော် တန်ဖိုးရှိတဲ့ Ice မူးယစ်ဆေး ၃၂၃ ကီလိုနဲ့အတူ တဦးကိုအသေဖမ်းမိခဲ့ပါတယ်။
မြန်မာနဲ့ နယ်စပ် ထိုင်းဘက်ခြမ်းမှာ နှစ်သစ်ကူး ကာလ အတွင်း သန်းနဲ့ချီတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေ၊ ဘိန်းဖြူ ၊ မူးယစ်မှောင်ခိုတွေရဲ့ ဘတ် သန်းချီ တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေ အပြင် မူးယစ်မှောင်ခို ကွန်ရက်တွေနဲ့ ဆက်စပ်မှုစွဲချက်နဲ့ လူ တချို့ကိုလည်း ဖမ်းဆီးထားကြောင်း ထိုင်းအာဏာပိုင်တို့က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖွတ်ဖရမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၃၆ ဦးကို ထိုင်းနယ်ခြားစောင့်တပ်က ဇန်နဝါရီလ ၄ ရက်နေ့မှာ ဖမ်းမိခဲ့ပြီး ပြီးတဲ့ ၄ ရက်အတွင်း တာ့ခရိုင် မဲဆောက်နဲ့အနီးတဝိုက် မြို့နယ်တွေမှာ တရားမဝင်မြန်မာ ၉၀ လောက်ဖမ်းမိခဲ့တယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။
“ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ပြောချင်ပါတယ်။ ကျနော်တို့အနေနဲ့ အင်အာသုံးပြီး ဖြိုခွင်းမှာ မဟုတ်ဘူး။” (Pol. Col. Supharerk Pankoson, Director of Ranong Immigration Bureau)
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မုန်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း (၃) ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA နဲ့ ပူးပေါင်းတပ်တွေက ဒီဇင်ဘာလ (၂၆) ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း သတင်းမီဒီယာလွတ်လပ်ခွင့်တွေ ဆိုးဆိုးဝါးဝါး ကျဆင်းလာသလို သတင်းသမားတွေအတွက်လည်း စိန်ခေါ်မှုတွေ တိုးလာတာကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိကြတဲ့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေ စုပေါင်းပြီး လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ တစ်ခုကို ဖွဲ့စည်းခဲ့ကြပါတယ်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့က စစ်ကောင်စီရဲ့ တပ်စခန်း၊ ကင်းစခန်းတွေကို KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့နောက် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေ အပါအဝင် လူပေါင်း ၅ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ရနောင်း-ကော့သောင်းလမ်းကနေ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာလ ၂၂ ရက်နေ့က နေရပ်ပြန်ပို့ခဲ့ပါတယ်။ ဒီ
ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင်ထဲ မူးယစ်ဆေးဝါးမှောင်ခို ရောင်းချသူတွေကို ရှာဖွေ နှိမ်နင်းမှုအတွင်း ထိုင်းနယ်ခြားစောင့်တပ်နဲ့ မူးယစ်မှောင်ခို လက်နက်ကိုင်တွေကြား အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း မူးယစ်မှောင်ခိုသမား ၃ ဦး သေဆုံးခဲ့၊ စိတ်ကြွဆေးပြား ၂ သန်းကျော်ဖမ်းမိ။
နောက်ထပ်ကြည့်ရှုရန်