မလေးရှားမှာ ဒီဇင်ဘာ ၂၁ ရက်က Kuala Lumpur မြို့ Kota Raya အနီးမှာ လ၀က၊ စစ်တပ်၊ ရဲဝန်ထမ်းနဲ့အဖွဲ့စုံအင်အား ၁,၀၀၀ နဲ့နိုင်ငံခြားသားအများစု အလုပ်လုပ်နေတဲ့နေရာတွေ၊ အသွားအလာများတဲ့ဈေးဆိုင်၊ ဆေးခန်း၊ ခရီးသွားအေးဂျင့်လုပ်ငန်းတွေရှိရာတွေမှာ လမ်းသွားလမ်းလာတွေပါမကျန် အော်ပရာစီစစ်ဆင်ရေးနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း Phatthalung ဖတ်ထလုံးခရိုင် ဖနွန်ဝမ်မြို့နယ်ထဲက အာရှအဝေးပြေးလမ်းမကြီးပေါ်မှာ အရှိန်ပြင်းပြင်းမောင်းနှင်လာနေတဲ့ ပစ်ကပ်ကားငယ် ၃ စီးပေါ်ကနေ ရိုဟင်ဂျာ ၆၀ နီးပါးကို ထိုင်းရဲတွေဖမ်းဆီးရမိတယ်လို့ ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် မဲရမတ်မြို့နယ်ထဲမှာ သစ်သီးခြင်းတွေကြားထဲ ပုန်းခိုလိုက်ပါလာတဲ့ မြန်မာ ၇ ဦးကို နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့တွေက ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့မှုနဲ့ဆိုရင် ၆ ရက်အတွင်း ထိုင်းနိုင်ငံရဲ့ ခရိုင် ၄ ခုမှာ တရားမဝင် လာရောက် တဲ့ မြန်မာ ၆၅ ဦး အဖမ်းဆီးခံခဲ့ရပါတယ်။
"စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံသား ဘယ်သူမဆို တရားဝင်ကော တရားမဝင်ကော ဘယ်သူပဲဖြစ်ဖြစ် အတင်းအကြပ်ပြန်မပို့ဖို့ မြန်မာနိုင်ငံက အေးချမ်းစွာ ဒီမိုကရေစီလမ်းကြောင်းပေါ်ရရှိချိန်ထိ နေထိုင်ဖို့အတွက် ကိုရီးယားအစိုးရက ဥပဒေကိုချမှတ်ထားပါတယ်။" (ဦးရန်နိုင်ထွန်း-NUG/တောင်ကိုရီးယားကိုယ်စားလှယ်)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းပေါ်က ကုန်သွယ်ရေးလမ်းကြောင်း အဖြစ်အသုံးပြုတဲ့ ကော့နွဲ ကျေးရွာထိပ်က တံတားတစ်စင်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညက KNLA / PDF အပါအဝင် ပူးပေါင်း တပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလွင်မြို့နယ် အမှတ် ၈ ပဟန်ကျေးရွာအနီး တောင်တန်းမှာ မြန်မာနယ်စပ်ကဝင်လာတဲ့ မူးယစ်လက်နက်ကိုင်အဖွဲ့တွေနဲ့ ကင်းလှည့်နေတဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဒီဇင်ဘာလ ၁၆ ရက်နေ့ညက တိုက်ပွဲဖြစ်ခဲ့ပြီး စိတ်ကြွဆေးပြား ၂ သန်းနဲ့ ၄ သောင်းကို သိမ်းဆည်းရရှိခဲ့ပါတယ်။
ထိုင်းတောင်ပိုင်း ထုန့်ယိုင်မြို့နယ်ထဲမှာ ကား ၃ စီး ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက်တရားမဝင် မြန်မာနိုင်ငံသားတွေ သယ်ဆောင်လာတဲ့ ကားပေါ်က မြန်မာ ၁၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ထုန့်ယိုင် ရဲတပ်ဖွဲ့ကပြောပါတယ်။ မြန်မာတွေပါတဲ့ ဗင်ကားတစီး အရှိန်လျော့ပြီး ရပ်လိုက်စဉ်မှာ ကုန်တင်ကားတစီးက နောက်ကနေ ဝင်တိုက်ခဲ့တာပါ။
မလေးရှားနိုင်ငံ အနောက်ပိုင်း Perak ပြည်နယ်က Bintang Hijau သစ်တောကြိုးဝိုင်း အတွင်းမှာ မြေရှားသတ္တုမိုင်း တရားမဝင် တူးဖေါ်နေကြသူ ၃၁ ဦးကို မလေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့အကြောင်း ပီရပ် ပြည်နယ်ရဲတပ်ဖွဲ့ (Perak police)က သတင်းထုတ် ပြန်ပါတယ်။
ရှမ်းပြည်နယ် ကိုးကန့်ဒေသ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၁၁ ယောက်ကို ဒီကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ မနက်မှာ တာချီလိတ် မဲဆိုင် နယ်စပ်တံတားကနေ ထိုင်းနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပါတယ်။ အဲဒီလိုပြန်ပို့ခဲ့သူ တွေထဲမှာ ထိုင်းအစိုးရ အလိုရှိနေသူ ၁၀ ယောက်ပါဝင်တယ်လို့ ထိုင်းဘက်က ပြောပါတယ်။
“အကြောင်းအရာကတော့ တောင်ပိုင်းဒေသမှာ စစ်ရေးအရ အရှိန်မြှင့်ဖို့အတွက်ပါပဲ။ ကျနော်တို့ဘက်မှာ ဘာတွေလိုအပ်နေသလဲဆိုတာ၊ လိုအပ်တာတွေ အမြန်ဆုံးဖြည့်တင်းပေးနိုင်ဖို့ အဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေးဖြစ်ပါတယ်။ ကျနော်တို့ လိုအပ်ချက်တွေကို မေးမြန်းပြီး အမြန်ဆုံး ဖြည့်တင်းပေးမယ်ပြောတယ်။" (ရဲဘော်သိန်းလွင်-ABSDF ရင်း- ၁)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ KNU KNLA /PDF ပူးပေါင်းတပ်တွေကြား သီတင်းနှစ်ပတ်လောက် တိုက်ပွဲတွေဖြစ်နေတဲ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးသူ ၂၀ ကျော်နေပြီလို့ စစ်ဘေးရှောင်တွေ ကယ်ဆယ်ကူညီတဲ့ အဖွဲ့တွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီ က ထောင်ပါပူးမြို့နယ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ထိုင်းနိုင်ငံသား မောင်းနှင်လာတဲ့ ကုန်တင်ကားပေါ်မှာ ကာလတန်ဖိုးဘတ်ငွေ သန်းပေါင်း ၁၅၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား သန်း ၅၀ ကျော် ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ကမ်ချနဘူရီ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့က ဒီဇင်ဘာလ (၇) ရက်နေ့အထိ စစ်ကောင်စီဘက်က တပ်စခန်းတွေကိုသိမ်းတဲ့အခါမှာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် ၁၉ ဦး လက်နက်ချခဲ့ပြီး ၁၂၀ လောက် သေဆုံးတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်း ခရိုင်ပေါင်း ၇၇ခုမှာ ထိုင်းအလုပ်သမားဝန်ကြီးဌာကနေ တနေ့အနိမ့်ဆုံးလုပ်အားခကို ဒီဇင်ဘာလ၈ရက်နေ့က ပြင်ဆင်သတ်မှတ်ပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်မှာ လိမ္မော်သီးခြင်း တွေတင်လာတဲ့ ကားတစ်စီးကို ကြိုတင်သတင်းအရ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှာ စိတ်ကြွဆေးပြား ၅သန်းနီးပါးကိုဖမ်းမိခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတာတွေကြောင့် ကျေးရွာပေါင်း ၉၀ ကျော်က ဒေသခံ ၆၈,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေ ထိုင်းတောင်ပိုင်းဆုံခလာခရိုင်ကိုမောင်းနှင်လာတဲ့ နှစ်ထပ်ခရီးသည်ယာဉ်တစီး ဒီဇင်ဘာလ ၅ရက်နေ့ မနက်တနာရီ မတိုင်ခင်မှာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့တာကြောင့် အနည်းဆုံး မြန်မာတဦးအပါအဝင် လူ ၁၆ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာတွေ ပြင်းထန်စွာရခဲ့ပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေအကြားဖြစ်နေတဲ့ တိုက်ပွဲကြောင့် ဒီဇင်ဘာလ ၁ရက်နေ့ကနေစပြီး ၄ ရက်အတွင်း ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ တသောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီဇင်ဘာလ ၃ ရက်က ဗီယက်နမ် နိုင်ငံသား၂၀ ကျော်ကို တိုက်ခန်းတွေမှာ မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲက ရွှေကုက္ကိုလောင်းကစားမြို့တော်ကနေ လာကြသူတွေလို့ယူဆနေပြီး ထိုင်းအာဏာပိုင်တွေက စစ်ဆေးနေပါတယ်။
ပဲခူးတိုင်းအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေအတွင်း အချက်အခြာကျတဲ့ တပ်စခန်းတွေကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်