ပဲခူးတိုင်း ဝေါမြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေး နဲ့ လူငယ် ကိုအောင်ကိုဟိန်းတို့သေဆုံးသွားပြီဆိုတဲ့ ဖြစ်ရပ်ကို မမေ့ဖို့ အောင့်မေ့ဖွယ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဒီကနေ့ (ဖေဖေါ်၀ါရီလ ၂၆) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
"လေယာဉ်ကတော့ ၇ ကြိမ် ၈ ကြိမ်လောက်လာသွားတယ်။ ဘယ်လိုဗုံးတွေ ကြဲချသလဲတော့မသိဘူး။ အသံကတော့ အတော်ကျယ်တယ်။ မြေကြီးတွေဆိုလည်း တုန်ခါသွားတဲ့သဘောမှာရှိတယ်။ အသံတွေကလည်းဆူညံနေတာပဲ။ လေယာဉ်တွေကလည်း တောက်လျှောက်လာတယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်။ (ဒေသခံ)
ပဲခူးတိုင်းထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲ ၊ လက်နက်ကြီးများတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာကြောင့် ဒေသခံတဦး သေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာတွေရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချက်ထွက်ပေါ်အပြီး မြန်မာနိုင်ငံမှာရှိတဲ့ထိုင်းသံရုံးမှာ ပြည်ပထွက်ခွါဖို့ နိုင်ငံကူးလက်မှတ်လျှောက်သူတွေများပြားလာသလို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတာတွေများတဲ့အတွက်ထိုင်းနိုင်ငံက တနေ့ကိုဗီဇာလျှောက်သူ ၄၀၀ ထိပဲလက်ခံကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းမူးယစ်နှိမ်နင်းရေးတပ်ဖွဲ့က မူးယစ်ဆေးသယ်လာမယ့် ကုန်တင်ကားတစီးမြန်မာနဲ့နယ်စပ် ချင်းဒေါင်းမြို့နယ်ကနေ ဝင်လာမယ့်သတင်းကို ကြိုတင်ရထားတာကြောင့် ဖေဖေါ်ဝါရီ ၁၇ ရက် မနက် (၃) နာရီက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် အဝေးပြေးလမ်းမပေါ်မှာ နယ်မြေခံရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ပဲခူးတိုင်းဝေါမြို့နယ်ထဲမှာ လက်နက်တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနှင်းမေအောင် ခေါ် မနိုဗယ်အေးဟာ ဖမ်းဆီးခံရပြီးကတည်းက မိသားစုနဲ့ ဆက်အသွယ်မရ ဖြစ်နေပြီး အခုအခါမှာ သေဆုံးသွားခဲ့ပြီလို့ အတည်ပြုနိုင်ကြောင်း မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။
ထိုင်းမြန်မာနယ်စပ်တာ့ခ်ခရိုင်နဲ့ ကမ်ချနဘူရီခရိုင်ထဲမှာ ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ တနေ့တည်းမြန်မာလူငယ် ၄၀ ကျော်ဖမ်းမိခဲ့တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က ပြောပါတယ်။
မြန်မာစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်တွေဟာ ထိုင်းအပါအဝင် အိမ်နီးနာချင်းနိုင်ငံတွေကို ထွက်ခွာတာတွေ၊ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေရှိရာနေရာကို ရောက်ရှိလာတာတွေရှိတယ်လို့ နယ်စပ်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
"သေဆုံးသူ ဆယ်ဂဏန်းကျော်တယ်။ ဒဏ်ရာရသူတွေလည်း ၅၀ ကျော် ၆၀ နီးပါးလောက်ရှိတယ်။ သေတဲ့သူတွေလည်း များတယ်။ သိတဲ့သူတွေပဲ ၁၅ ယောက်ကနေ အယောက် ၂၀ လောက်ရှိတယ်။ မသိတဲ့နေရာတွေမှာလည်း ပြေးလွှားနေကြတဲ့အချိန်မှာ ပြန်မကြည့်နိုင်ဘူး။" (မျက်မြင်တွေ့သူ ဒေသခံ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာတော့ ဖေဖေါ်ဝါရီလ ၅ ရက်နေ့အထိ တိုက်ပဲွတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ခံစစ်သဘောနဲ့ တပ်တွေ စုစည်းပြီး ခလရ ၉၇ ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပါတယ်။ အဲဒီနေရာကို ပူးပေါင်းတပ်ဖဲွတွေဘက်ကလည်း ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပူးပေါင်းတပ်ဖွဲ့က ပြောပြပါတယ်။
ထိုင်းနိုင်ငံထဲမှာ မြန်မာတွေအပါအဝင် အိမ်နီးချင်းနိုင်ငံကသူတွေကို ပစ်မှတ်ထား ငွေလိမ်တဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေတဲ့ Gofuk ကွန်ရက်ကို ထိုင်းအထူးစုံစမ်းရေးဌာနက စတင်နှိမ်နှင်းနေပါတယ်။
ထိုင်းတောင်ပိုင်း ပရာကျွတ် ခီရီကန်ခရိုင် ဟေွးစပ်ယိုင်ရပ်၊ ဟွာဟင်မြို့နယ်ထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ ပြန်လာတဲ့ ကားတစီး မတော်တဆမှုကြောင့် အနည်းဆုံးမြန်မာ ၃ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၁၁ ယောက် ပြင်းထန်တဲ့ ဒဏ်ရာတွေရခဲ့ပါတယ်။
မလေးရှာနိုင်ငံအနောက်ပိုင်း Perak ပြည်နယ် Bidor လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းက မြန်မာနဲ့ ရိုဟင်ဂျာ ၁၃၁ ယောက်ဟာ ကြာသပတေးညကထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူး ရပ်စ်လင်ဂျူဆိုက ဖေဖေါ်ဝါရီလ ၂ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းတာ ၃ နှစ်မြောက်နေ့မှာပဲ ထိုင်းရောက် မြန်မာနိုင်ငံသားတွေ စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ဘန်ကောက်မြို့တော်မှာ သာမက မြန်မာနိုင်ငံနဲ့နယ်စပ် မဲဆောက်မြို့မှာပါ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာပါ။
"တပ်မ ၄၄ ဗျူဟာမှူးအပါအဝင် ရဟတ်ယာဉ်နဲ့လာတဲ့အချိန်မှာ ဗိုလ်ဒါဘောအဖွဲ့က စနိုက်ပါနဲ့ပစ်လိုက်တာ။ ရဟတ်ယာဉ်မောင်းကိုထိတဲ့အချိန်မှာ လေယာဉ်က ထိုးကျသွားတယ်။ ပျက်ကျသွားတယ်။ အဲဒါ ရဟတ်ယာဉ်မောင်းတဲ့သူအပါအဝင် ရဲဘော် ၅ ယောက် ကျဆုံးသွားတယ်လို့ သတင်းရပါတယ်။" (ပူးပေါင်းတပ်ဖွဲ့ ခေါင်းဆောင်တဦး)
“တနင်္သာရီဘက်မှာ ကေအန်ယူနဲ့ပီဒီအက်ဖ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေပေါ့။ စခန်းတခုကို သိမ်းလိုက်တာ ရှိတယ်။ ကျောက်ထုတပ်စခန်းကို PDF နဲ့ နယ်မြေခံ ကေအန်ယူတပ်မဟာ ၄ တို့ ပူးပေါင်းပြီး သိမ်းလိုက်တယ်။ စစ်သားက ၂၀ လောက်တော့ သေတယ်။ ဒီတခေါက် သေနတ်တွေလည်း ရတယ်။ စခန်းသိမ်းတယ်ဆိုတော့ လက်နက်တွေအများအပြားရရှိတယ်။” (PDF)
ပီနန်း ဘာတာဝတ် နိုက်ကလပ်တခုအတွင်းမှာ အဖမ်းခံရတဲ့ Sexy မော်ဒယ်အဖြစ်ထင်ရှားတဲ့ ဖူးပွင့်ခိုင်၂၆ ရက်နေ့ကပြန်လွတ်လာပေမဲ့ ကျန်တဲ့သူတွေကို တရားရုံးကထောင်ချလိုက်တယ်လို့ဆိုပါတယ်။
မလေးရှားနိုင်ငံ Cameron Highlands ကတောင်ပေါ် စိုက်ပျိုးရေးခြံတခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် မြန်မာနိုင်ငံသား ချင်းတိုင်းရင်းသား ၅ဦး သေဆုံးခဲ့ပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကတဘက် တိုက်ပွဲဖြစ်ပြီးနောက် မီးလောင်တာကြောင့် စစ်ရှောင်အိမ် ၆၀ လောက် မီးလောင်သွားခဲ့ပြီး ကော့ကရိတ်မြို့မှာ မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်ပေါင်း ၂၀၀ ကျောရှိသွားပြီလို့ ဒေသခံတွေက ပြောကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်