မြောက်ကိုရီးယားနိုင်ငံကထွက်ပြေးလာပြီး တရုတ်နိုင်ငံမှာ နိုင်ငံမဲ့ဘဝနဲ့ ဆင်းဆင်းရဲရဲ နေထိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေးလာတဲ့ ကလေးငယ်တချို့ကို ခရစ်ယာန်မစ်ရှင်အဖွဲ့တဖွဲ့က ကူညီနေပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Brian Padden ပေးပို့တဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ရဲတွေရဲ့ အကြမ်းဖက်ကိုင်တွယ်မှုအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတခုအတွင်း ချောင်းမြောင်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ရဲဝန်ထမ်းတွေထဲက ၃ ဦးရဲ့ ဈာပနကို မနေ့က Dallas မြို့မှာ ကျင်းပပါတယ်။ ဒီလိုသေဆုံးမှုတွေ အဆုံးသတ်နိုင်ရေး ကြိုးပမ်းမှုတွေအကြောင်း Zlatica Hoke ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
စစ်ပွဲကြား တိုင်းရင်းကလေးငယ်တွေရဲ့ ပညာရေး
အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးကို မဲခွဲဆုံးဖြတ်ဖို့ ဖိအားပေးတဲ့ အနေနဲ့ အောက်လွှတ်တော်မှာ ဒီမိုကရက်အမတ်တွေ မနေ့ကစလို့ ထိုင်သပိတ် ဆန္ဒပြခဲ့ကြပါတယ်။ ရီပါဘလီကန်တွေဘက်က ဒီဥပဒေကြမ်းကို နှစ်ပေါင်းများစွာ ဟန့်တားထားတဲ့အကြောင်း Zlatica Hoke သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
သူတို့ိကို မြန်မာနိုင်ငံသား ရိုဟင်ဂျာလို့ပဲ သုံးနှုန်းသင့်ပါတယ်။ သူတို့ဟာ နိုင်ငံသားတွေ ဖြစ်သင့်ပါတယ်။ ဒါကို လစ်လျူရှုတယ်ဆိုရင်တော့ ရလာဘ် ကောင်းထွက်မှာမဟုတ်ဘဲပြဿနာပိုကြီးထွားဖို့ပဲရှိပါတယ်။
နည်းပညာတွေ ထွန်းကားလာတာနဲ့အမျှ ဒဂျစ်တယ် ဗွီဒီယိုကင်မရာနဲ့ ကွန်ပျူတာကိုသုံးပြီး ရုပ်ရှင်ဇာတ်လမ်းတွေ ထုတ်လုပ်လာကြသလို၊ အဆင့်မြင့် iPhone နဲ့ ရိုက်ကူးထုတ်လုပ်တဲ့အထိ ဖန်တီးလာကြပါတယ်။ ဗွီအိုအေ သတင်းထောက် Greg Flakus ရဲ့ သတင်းဆောင်းပါးကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်နဲ့ ကျူးဘားနိုင်ငံကြား ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန် လာတာနဲ့အမျှ ကျူးဘားနဲ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ကြား ကူးလူးဆက်ဆံမှုတွေ ပိုများလာလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။ ဗွီအိုအေသတင်းထောက် Lin Yang နဲ့ Joseph Mok တို့ရဲ့ သတင်းဆောင်းပါးကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတလောင်းအတွက် ယှဉ်ပြိုင်ရာမှာ၊ ရန်ပုံငွေအလုံအလောက်ရဖို့ အရေးကြီးသလို၊ မဲဆွယ်စည်းရုံးပေးနေသူတွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍာဟာလည်း အရေးကြီးပါတယ်။ ရွေးကောက်ပွဲ ကာလရောက်ရင် ဒီလူတွေဟာ တက်ကြွစွာ မဲပေးကြမှာဖြစ်ကြောင်း VOA သတင်းထောက် Elizabeth Lee ရဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
"ငြိမ်းချမ်းရေးနဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လွတ်လပ်မှု အဝန်းအဝိုင်း ပိုကျယ်ပျံ့ အားကောင်း လာအောင် အကောင်းဆုံး လုပ်ဆောင်သွားဖို့ ကျနော်နဲ့ လော်ရာ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒါဟာ အကောင်းဆုံး လမ်းဖြစ်ပြီး အခု သင်တန်းဆင်း တဲ့ ကျောင်းသူ ကျောင်းသားတွေကိုလည်း ဒီအတိုင်း ဆက် လုပ်ဖို့ ကျနော်တို့ ပြောခဲ့ပါတယ်။"
ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ထိပ်ကို မြန်မာတောင်တက်အဖွဲ့ဝင် ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကို တက်ရောက်ပြီး နိုင်ငံတော်အလံကို လွှင့်ထူခဲ့ပါတယ်။
နယူးယောက်မြို့က ဂီတာလုပ်ငန်း
ထိုင်းနိုင်ငံအနေနဲ့ ထိုင်း မြန်မာ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့ပေးတာမျိုးမရှိဘူးဆိုတာကိုလည်း မြန်မာအစိုးရအနေနဲ့ သိရှိနားလည်လာ သလို လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သွယ်ဝိုက်ပြီးတော့လည်း ပါဝင်ခဲ့ပါတယ်။
လာမယ့်အစိုးရသစ် လက်ထက်မှာလည်း နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ စိန်ခေါ်မှုတွေနဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်တယ် လို့ နိုင်ငံရေးအကျဉ်းသား အခွင့်အရေး ဆောင်ရွက် လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။
မနက်ဖြန် မတ်လ ၁၇ ရက်နေ့မှာ အစိုးရဝန်ကြီးဌာနစာရင်းကို ကြေညာဖို့ရှိပြီးတော့ အရင်ကထက် ဝန်ကြီးဌာနတွေကိုလျှော့ချသွားဖို့ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြောဆိုလိုက်ပါတယ်။
"အစိုးရအဖွဲ့ကိုဦးဆောင်တဲ့ သူတယောက်အနေနဲ့ ဒီလိုဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု အပိုင်းမှာ အင်မတန်ကို အားနည်းပြီးတော့ မေးတဲ့မေးခွန်းတွေကို မသိချင်ဟန်ဆောင်တာတွေရှိတယ် တခါ မီဒီယာတွေ သိချင်တဲ့ကိစ္စတွေ လူပြောသူပြောများတဲ့ ကိစ္စတွေဆိုလို့ရှိရင် မသိသလိုပဲနေတယ်"
"ကျနော်တို့နဲ့ NLD ရဲ့ သဘောထားကလည်း ထပ်တူညီမျှ ကျပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေ အပေါ်မှာလည်း နားလည်မှုရှိတယ်"
လက်ပံတန်းကျောင်းသားသပိတ်ကိုထောက်ခံတဲ့ ဆန္ဒပြပွဲ ပြုလုပ်တယ်ဆိုပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကို ပုဒ်မ ၁၈နဲ့ မရမ်းကုန်းမြို့နယ်တရားရုံးက တရားစွဲဆိုလိုက်ပြီးနောက် အင်းစိန်အကျဉ်းထောင်ကိုပို့လိုက်ပါတယ်။
ဆယ်စုနှစ်နဲ့ချီ နိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်၊ နောက် အရင်အစိုးရ လက်ထက်က ပေါ်ပေါက်ခဲ့တဲ့ တရားမျှတမှုမရှိတဲ့ ဥပဒေတွေ၊ အဖြေမရှာနိုင်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို နောင်တက်လာမယ့် အစိုးရအနေနဲ့ ဖြေရှင်းနိုင်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြောင်း HRW အဖွဲ့ကြီးကပြောဆိုလိုက်ပါတယ်။
ANP အနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်တဲ့ အခြေအနေမရှိရင် ဒီအစိုးရအဖွဲ့မှာ ANP အနေနဲ့ ပါဝင်မှာမဟုတ်ဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ကပြောပါတယ်။
နောင်တက်လာမယ့် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်တဲ့အကြောင်း NCA စာချုပ်မှာ လက်မှတ်ရေးထိုး မထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်