နိုင်ငံနဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာ မြင့်မားဖို့ အတွက် ရွေးကောက်ပွဲ ရလာဒ်နဲ့အညီ နောက်သက်တမ်း လွှတ်တော်ခေါ်ယူဖို့ ညှိနှိုင်း အစည်းအဝေး ကျင်းပတာဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
၂၀၁၆ ခုနှစ် ဇန္နဝါရီလလယ်မှာ ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (မူကြမ်း) ကို ရေးဆွဲနေပြီဖြစ် တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့ကျရင် ရွေးကောက်ပွဲတွေ ကျင်းပပြီးတဲ့နောက် ဘယ်လို ဆက်လုပ်သွားရမယ်ဆိုတာကို ကမ္ဘာကြီး အနေနဲ့ ယုံကြည်ကိုးစားရလောက်တဲ့ အချက်အလက်တွေ ရလာမှာဖြစ်တယ်လို့ အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် Ben Rhodes ကပြောလိုက်ပါတယ်။
၂၀၁၄ ခုနှစ်က ကျောက်စိမ်းလုပ်ငန်းကနေ မြန်မာနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၃၁ သန်းဖိုးလောက် ရရှိခဲ့တယ်လို့ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က မြန်မာသံရုံး အနေနဲ့လည်း မဲမပေးလိုက်ရတဲ့ မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးခွင့် နောက်တကြိမ် ထပ်မံ ရရှိအောင် ဆောင်ရွက်နေကြောင်း သံမှူးကြီးက ပြောပါတယ်။
အောက်တိုဘာ ၁၅ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကြိုတင်မဲပေးနိုင်ဖို့ ရက် သတ်မှတ်ထားပေးပြီး ဒီကနေ့ မဲစတင်ပေးရတဲ့ရက်မှာတော့ စင်္ကာပူနိုင်ငံရောက် မြန်မာ နိုင်ငံသား ထောင်နဲ့ချီ ကြိုတင်မဲပေးခဲ့တယ်လို့ဆိုပါတယ်။
“NLD အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့မယ်ဆိုလျင် ကျမအနေနဲ့ သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်မှုပေးသွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပါပြီ။”
ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲစခန်းမှာ ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတွေထဲက ရာနဲ့ချီကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ တယ်လို့ မြန်မာဖက်က ပြောဆိုလိုက်ပါတယ်။
"သူတို့က ကျနော်တို့ သံအမတ်ကြီးကို ခေါ်ပြီးတော့ ဒီစီရင်ချက် ချတဲ့ အပေါ်မှာ ပြစ်ဒဏ်ဟာ ပြင်းထန်လွန်း အားကြီးပါတယ် ဆိုတာတော့ ကျနော်တို့ကိုပြောပါတယ်။ တရားရုံးတွေမှာ စီရင်ချက် ချတဲ့နေရာမှာတော့ ကျနော်တို့ အနေနဲ့ ဘယ်လိုမှ ဝင်ပြီးတော့ ပတ်သက်လို့လည်း မရဘူး။ အဲ့တော့ ဒီဥစ္စာကိုလည်း လိုက်နာပေးဖို့ ရှင်းပြပါတယ်။"
အိန္ဒိယ မြန်မာ ၂ နိုင်ငံနဲ့ ဒေသတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အိန္ဒိယမြန်မာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်သွားဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။
"ကျနော်မြင်တာတော့ အိန္ဒိယဘက်က တောင်းဆိုမှုတွေ လာလိမ့်မယ်ခင်ဗျ။ လုံခြုံရေးမှာ အိန္ဒိယနိုင်ငံ၊ အိန္ဒိယအစိုးရကို ဆန့်ကျင်ပြီး လက်နက်ကိုင် ပုန်ကန်နေတဲ့ အဖွဲ့အစည်းတွေက အနည်းဆုံး ဒါဇင်ဝက်လောက်က မြန်မာ့မြေပေါ်မှာ ရှိတယ်ဆိုတဲ့ အထောက်အထားတွေကလည်း အများကြီး ရှိပြီးတော့ အစည်းအဝေးတိုင်းမှာလည်း ဒီကိစ္စပြောတယ်"
"ရရှိထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေအပေါ် အခြေခံပြီး ကျနော်တို့ ဒီစစ်ဆင်ရေးကို လုပ်ခဲ့ပါတယ်။ အိန္ဒိယ-မြန်မာနယ်စပ်က Nagaland နဲ့ Manipur နားက သူပုန်အဖွဲ့ ၂ ဖွဲ့နဲ့ ကျနော်တို့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။"
“မလေးရှားနိုင်ငံကနေ ဒီသတင်းထွက်လာတာ အရမ်းဝမ်းသာစရာပါ။ မကြာခင်မှာ ဒီဒုက္ခသည်တွေအနေနဲ့ ခိုလှုံခွင့်ရမှာပါ။ ကျနော်တို့အနေနဲ့ ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီး အစိုးရကိုလည်း ဒီလူတွေကိုလက်ခံပေးဖို့ တိုက်တွန်းနေခဲ့တာပါ။"
အစိုးရက အသစ် ပြန်ရေးဆွဲတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေမူကြမ်းကို လွတ်တော်ကို ပေးပို့ အတည်ပြုချက် မရယူခင်မှာ ဒီဥပဒေမူကြမ်းနဲ့ ပါတ်သတ်လို့ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ၊ လူထု လူတန်းစား အလွှာအသီးသီးကလူတွေနဲ့ ညှိနှိုင်းအကြံဉာဏ်ယူသင့်တယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီး က ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲမှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA နဲ့ မြန်မာတပ်တို့ကြားမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတာ နှစ်ကြိမ်ရှိခဲ့ကြောင်း KIA ပြောခွင့်ရ ဦးလနန်က ဗွီအိုအေကို ပြောပါတယ်။
မကြာသေးခင်က စတင်ဖြစ်ပွါးခဲ့တဲ့ မြန်မာတပ်ဖွဲ့နဲ့ ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမှာ UWSA တပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့ ကိုးကန့်တပ်ဖွဲ့ဘက်ကနေ ကူညီတိုက်ခိုက်တာမျိုး မရှိဘူးလို့ ဒီကနေ့ငြင်းဆို လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) မြို့နယ်၊ ကောင်းခါးရွာမှာ KBC က စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်၊ အသတ်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်ရေး မြန်မာအစိုးရကိုဖိအားပေးဖို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေနဲ့ လွှတ်တော်အမတ်တွေကို တင်ပြသွားမယ်လို့ အမေရိကန်ရောက် ကချင်တိုင်းရင်းသားတွေက ပြောပါတယ်။
"မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သတ်ပြီး သွားရောက်လေ့လာနေတဲ့ ကုလ အဆင့်မြင့်သံတမန်တဦးကို အခုလို လိင်ကိစ္စနဲ့ နှိုင်းယှဉ်ပြီး စော်ကားတာကို လုံး၀ လက်ခံနိုင်ပါဘူး။ ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ မစ် Lee တွေ့ရှိခဲ့တဲ့ လူမှုအသိုင်းအဝန်းတွင်းက ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ပြောလိုပါတယ်"
မြန်မာအပါအဝင် အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံက လူဦးရေ ၅၇ သန်းကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ၂၀၁၅ ခုနှစ် အတွက် ဒေါ်လာသန်းပေါင်း ၁၆.၄ ဘီလျံလိုအပ်နေကြောင်း ကုလသမဂ္ဂက မေတ္တရပ်ခံလိုက်ပါတယ်။
“လူ ၂ ယောက် လွတ်နေတော့ ဘယ်လိုပြောရမလဲ လိုက်ရှာနေရတာပေါ့နော်။ ဘယ်မှာသွားနေသလဲ၊ ဘယ်မှာပုန်းနေသလဲဆိုတာ။ အဲဒါကြောင့် အနီးနားရှိတဲ့ ကျောင်းစစ်ဆေးရေး၊ အဆောက်အဦး စစ်ဆေးရေး၊ အဲ့လိုမျိုး စစ်ဆေးရေး သူတို့အားလုံး ပိတ်ရတယ်လေ။ ပြီးတော့ သူတို့ de tour လုပ်ရတယ်။ ဘာဖြစ်လဲဆိုတော့ ကားလမ်းတွေ အကုန်လုံး ပိတ်လိုက်တယ်”
နောက်ထပ်ကြည့်ရှုရန်