အမေရိကန် ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲအပြီး မကြာခင်ရက်ပိုင်းမှာ ကျင်းပမယ့် သမ္မတလောင်းတွေရဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို လူအများက အာရုံစိုက်နေကြပါတယ်။ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ အကြို သုံးသပ်ချက်တွေအကြောင်း Jim Malone ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန် ဒုသမ္မတအဖြစ် ဝင်ရောက်အရွေးခံမယ့် ဒီမိုကရက်ပါတီ ဒုသမ္မတလောင်း Tim Kaine နဲ့ Republican ဒုသမ္မတလောင်း Mike Pence တို့ဟာ တကြိမ်သာကျင်းပတဲ့ အင်္ဂါနေ့ည စကားစစ်ထိုးပွဲအတွင်း တွေ့ဆုံခဲ့ပါတယ်။
ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ
၂၀၁၄ ခုနှစ်က နယ်သာလန်နိုင်ငံကနေ မလေးရှားနိုင်ငံကို ပျံသန်းတဲ့ မလေးရှားခရီးသည်တင်လေယာဉ်ပျက်ကျခဲ့ရတာဟာ ရုရှားနိုင်ငံကနေတင်သွင်းလာတဲ့ မြေပြင်ကနေဝေဟင်ပစ် မစ်ဇိုင်းဒုံးကျည်နဲ့ပစ်ချခံရတာလို့ နိုင်ငံတကာစုံစမ်းစစ်ဆေးသူတွေက ပြောတဲ့အကြောင်း Zlatica Hoke သတင်းပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
လူတွေရဲ့နေ့စဉ်ဘဝတွေမှာ စက်ရုပ်တွေ တဖြည်းဖြည်း နေရာယူလာနေသလို စက်ရုပ်တွေရဲ့ လုပ်ဆောင်နိုင်မှု ဉာဏ်စွမ်းရည်ပိုင်းမှာ တိုးတက် လာတာကြောင့် ဆေးရုံတွေက လမ်းညွှန်အလုပ်ကနေ ကားရပ်တဲ့နေရာအဆုံး လူသားတွေရဲ့နေရာမှာ စက်ရုပ်တွေ အစားထိုးလာကြပါတယ်။ George Putic သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
NLD ပါတီ ဖွဲ့စည်းထောင်ထောင်တဲ့ ၂၈ နှစ်ပြည့်မြောက်တဲ့ ဒီကနေ့ စက်တင်ဘာလ ၂၇ရက်နေ့မှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။
NCA စာချုပ်လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်တက်ရောက်ခွင့်ရရေး အပါအဝင် အပစ်အခတ်ရပ်စဲရေး ကြေညာဖို့စတာတွေနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ UNFC နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အမေရိကန်ရွေးကောက်ပွဲ နဲ့ လူထုစစ်တမ်း
“အမေရိကန်အနေနဲ့ အခုအခါမှာ မြန်မာနိုင်ငံရဲ့သမိုင်းဝင် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ အတွက် ထောက်ပံ့ကူညီပေးနေပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နောက်သီတင်းပတ်ထဲ အမေရိကန် ပြည်ထောင်စုကို လာရောက်တဲ့အခါလည်း ကြိုဆိုသွားမှာပါ။”
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ ရဲ့ထိပ်သီးညီလာခံကျင်းပရာ ဟန်ဂျိုးမှာ ရာသီဥတုပြောင်းလဲမှုအပါအဝင် ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုအဖြေရှာဖို့ အမေရိကန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တခြားနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့သတင်းကို ကိုအောင်အောင်ကတင်ပြထားပါတယ်။
“အခုခရီးစဉ်အတွင်း ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆက်လက် ကြိုးပမ်းနေတဲ့ လုပ်ငန်းစဉ်တွေကို အိန္ဒိယက ထောက်ခံပံ့ပိုးနေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။”
Augmented Reality လို့ခေါ်တဲ့ အမှန်တကယ် ရှိသယောင် ပတ်ဝန်းကျင်ကိုဖန်တီးနိုင်တဲ့ နည်းပညာရဲ့အသုံးဝင်မှုကို သုတေသန ပညာရှင်တွေက သတိပြုမိကြသလို စက်မှုလုပ်ငန်း၊ ဆေးရုံ၊ စစ်ဖက်နဲ့ တခြားနေရာ တော်တော်များများမှာ ဒီနည်းပညာတွေကို စတင်အသုံးပြုနေကြပါပြီ။ George Putic သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
“မြစ်ဆုံရေကာတာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖို့နဲ့ အဖြေရှာဖွေဖို့ ဝန်ကြီးချုပ်လီခချန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။"
တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ ဒီကနေ့တွေ့ဆုံပြီး ၂ နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။
နျူ ကလီးယားလက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်ကို အတည်ပြုဖို့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးက ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်း တင်ပြလိုက်ပါတယ်။
ရီပါတ်ဘလီကန်ပါတီ သမ္မတလောင်း Donald Trump ဟာ အိုဟိုင်းယိုး ပြည်နယ်က မဲဆွယ် စည်းရုံးပွဲ အတွင်း အကြမ်းဖက်သမားတွေ နှိမ်နင်းရေးနဲ့ ပါတ်သတ်လို့ သူ့ရဲ့ မူဝါဒတွေကို မနေ့က ချပြခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ရဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
မြန်မာအားကစားသမားတွေ အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး လာမယ့် ပြိုင်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေတယ်လို့ ဘရာဇီးလ်နိုင်ငံမှာကျင်းပနေတဲ့ Rio အိုလံပစ်အားကစားပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအားကစားအဖွဲ့ခေါင်းဆောင် ဦးသက်လွင်ကပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွား အရေအတွက်ဟာ ၃ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပြီး ကောလိပ်ကျောင်း တက်ရောက်တဲ့ အမေရိကန်ရောက် မြန်မာနွယ်ဖွါး အရေအတွက်ဟာ ၈၃ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ BACI လို့ခေါ်တဲ့ မြန်မာအမေရိကန် အင်စတီကျူက ပြောလိုက်ပါတယ်။
လွန်ခဲ့တဲ့ရာစုနှစ်အတွင်း ကမ္ဘာတဝှမ်း ဓါတ်ရထားတွေနေရာမှာ ပိုခေတ်မီတဲ့ ဘတ်စ်ကားတွေကို အစားထိုး သုံးလာကြပါတယ်။ ဒါပေမဲ့ အိုလံပစ်ပွဲတော်ကျင်းပမယ့် ဘရာဇီးနိုင်ငံမှာတော့ ကမ္ဘာလှည့်ခရီးသွားတွေ သဘောကျကြတဲ့ ဓါတ်ရထားတွေ ပြေးဆွဲဖို့ ပြင်နေတဲ့အကြောင်း George Putic ရဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု Arizona ပြည်နယ်ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနွယ်ဖွား မယ်ကမ္ဘာမြေ အလှမယ် မကြည်မေဆင့်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေထုညစ်ညမ်းမှု တားဆီးရေးကို အဓိကထားလုပ်မယ်လို့ ပြောပါတယ်။ သူ့ရဲ့ပြောဆိုချက်နဲ့ မယ်ကမ္ဘာမြေ အလှမယ်ရွေးချယ်ပွဲအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်