မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ တွေ့ဆုံပြီး ညစာစားပွဲတွေကျင်းလေ့ရှိတဲ့ နိုဝင်ဘာ ၂၄၊ ကျေးဇူးတော်နေ့မှာ မကြာသေးခင်ကမှ အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ ဒုက္ခသည်တွေကို အရင်ရောက်တဲ့ လူတွေက ညစာစားပွဲနဲ့ အထူးတည့်ခင်းဧည့်ခံပါတယ်။ Elizabeth Cherneff ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က ပြောပြပေးမှာပါ။
မန်ဆာချူးဆက်ပြည်နယ် မြို့တော် ဘော်စတွန်ဟာ အမေရိကန်တော်လှန်ရေးကာလအတွင်း အရေးပါတဲ့မြို့မှာ သမ္မတ George Washington အမည်ပေးထားတဲ့ ရှေးဟောင်းစစ်သင်္ဘောရှိပါတယ်။ ဒီစစ်သင်္ဘော ၁၉၇ နှစ်ပြည့် အထိမ်းအမှတ် အမြှောက်ပစ်ဖောက်ပြီး အခမ်းအနားကျင်းပပါတယ်။ Julike Taboh ပေးပို့ထားတဲ့ ဒီအကြောင်း ကိုအောင်အောင်က ပြောပြပါမယ်။
အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနနဲ့ မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ဒီကနေ့လက်မှတ်ရေးထိုးပါတယ်။
အမေရိကန်ပြည်ထောင်စုက အမျိုးသားဥယျာဉ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ National Park Service ဌာနဟာ အခုဆိုရင် သက်တမ်း နှစ် ၁၀၀ ပြည့်သွားပါပြီ။ ညွှန်ကြားရေးမှူး Jonathan Jarvis ပြောပြတဲ့ နှစ် ၄၀ ကြာ သူ့ရဲ့ အတွေ့အကြုံတွေအကြောင်း Julie Taboh ရဲ့ ပေးပို့တဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Trump အနိုင်ရခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲ ကြိုတင်ခန့်မှန်းမှုတွေနဲ့ လွဲချော်ပြီး ဟီလာရီကလင်တန် ဘာကြောင့် အခုလို အကြီးအကျယ် ရှုံးနိမ့်ခဲ့လဲ ဆိုတာကို နိုင်ငံရေးကျွမ်းကျင်သူတွေနဲ့ သုတေသနပညာရှင်တွေက ပြန်လည် သုံးသပ်နေပါတယ်။ Jim Malone ရဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
သမ္မတလောင်းတွေ မဲဆွယ်စည်းရုံးနေချိန်မှာပဲ အနိုင်ရတဲ့သူ အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ဖို့ တခြား အစိုးရအေဂျင်စီတွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နေလဲဆိုတာ VOA သတင်းထောက် Keida Kostreci ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ရွေးကောက်ပွဲကျင်းပတဲ့ အင်္ဂါနေ့ညမှာ သမ္မတလောင်း ၂ ဦးလုံး မိန့်ခွန်းပြောဖို့ လက်ခံစီစဉ်ထားတဲ့ နယူးယောက်မြို့မှာ ရဲလုံခြုံရေးနဲ့ မြို့အုပ်ချုပ်ရေးအာဏာပိုင်တွေဟာ လုံခြုံရေး အစီအမံတွေ တင်းတင်းကျပ်ကျပ်ချမှတ် စီစဉ်နေပါတယ်
တပ်မတော်၊ RCSS နဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေပါဝင်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး JMC စိစစ်အတည်ပြုရေးအဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ်တွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပက်သတ်ပြီး ဒေသခံလူထုနဲ့ ဒီကနေ့ တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာစုံစမ်းနေပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ ရှည်ကြာလွန်းတဲ့ ဒီမဲဆွယ်စည်းရုံးပွဲတွေနဲ့ ငြီးငွေ့ နေတဲ့ အမေရိကန်တွေအတွက် Halloween ပွဲတော်က ငြီးငွေ့စရာအခြေအနေကို အပြောင်းအလဲအဖြစ် ဖန်တီးပေးပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မစ်ရှဲလ်အိုဘားမားတို့ဟာ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန် အတွက် အပြင်းအထန် မဲဆွဲစည်းရုံးနေကြပါတယ်။ ရီပါဘလီကန်သမ္မတလောင်း Donald Trump ကလည်း မဲဆန္ဒရှင်တွေ သူ့ဘက်ပါလာဖို့ Ohio ပြည်နယ်မှာ မဲဆွယ်စည်းရုံးနေပါတယ်။ Zlatica Hoke ရဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
နည်းပညာ တိုးတက်ထွန်းကားလာတာနဲ့အမျှ ဂီတနယ်ပယ်မှာ ဘယ်လို ဂီတပုံစံမျိုးကိုမဆို ကွန်ပြူတာနဲ့ တေးသွားတွေ ဖန်တီးလို့ရလာနေပါပြီ။ ဆိုနီ စတူဒီယိုက ဂီတဖန်တီးမှုတွေအကြောင်း George Putic ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ရွေးကောက်ပွဲအတွက် အမေရိကန်သမ္မတလောင်းတွေ အကြိတ်အနယ် ယှဉ်ပြိုင်နေကြစဉ်မှာပဲ တချို့ မဲဆန္ဒရှင်တွေကတော့ နိုဝင်ဘာလ ၈ ရက် မတိုင်ခင်မှာ ကြိုတင်မဲပေးနေပါပြီ။ အရင်နှစ်တွေနဲ့မတူဘဲ ကြိုတင်မဲပေးသူများမယ်လို့ ခန့်မှန်းထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ Zlatica Hoke ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အကြမ်းဖက်ဝါဒနဲ့ပတ်သတ်လို့ မဲဆန္ဒရှင်တွေစိတ်ထဲမှာ စိုးရိမ်မှုရှိနေချိန်မှာပဲ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကနေ အမေရိကန်ကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ နည်းလမ်းတွေကို Trump နဲ့ Clinton တို့ ပြောဆိုကြပါတယ်။ Masood Farivar ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
လာမယ့် နိုဝင်ဘာလ ၈ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ သူအနိုင်ရရင် ဒီရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုမယ်လို့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။ Jim Malone ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
Hillary Clinton အနိုင်ရမယ်ဆိုရင် ရွေးကောက်ပွဲရလာဒ်ကို Donald Trump အနေနဲ့ လက်ခံ အသိအမှတ် ပြုမလား ဒါမှမဟုတ် ဒီရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုပြီး ဆက်ပြောမလားဆိုတာ စောင့်ကြည့်ရမှာပါ။ Michael Bowman ရဲ့သတင်းလွှာကို ဒီသီတင်းပတ် အမေရိကန်နိုင်ငံရေးအစီအစဉ်အဖြစ် ကိုအောင်အောင်က တင်ပြထားပါတယ်။
အာရှ-ပစိဖိတ်ဒေသပေါ် ပိုပြီး သြဇာလွှမ်းမိုးအောင် သမ္မတအိုဘားမား အစိုးရက လုပ်ဆောင်နေပေမယ့် အဲဒီလိုကြိုးပမ်းအားထုတ်မှုကနေ ဘယ်လောက်အထိ အောင်မြင်မှု ရမလဲ ဆိုတာကတော့ လာမယ့်လမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲ ရလာဒ်နဲ့ ဆက်စပ်နေပါတယ်။ Mary Alice Salinas ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
“သူတို့အနေနဲ့ကတော့ လက်သီးနဲ့ထိုးတဲ့ကလေးကို နောက်ဆုံးနှစ်ကျောင်းသားကို ဖမ်းထားတယ်။ စစ်ခုံရုံးက စစ်မယ်။ စစ်ပြီးရင် အမိန့်ချမယ်ပေါ့။ အဲဒါတွေတော့ ပြောလိုက်ပါတယ်။ နောက် မအေအတွက် ပင်စင်လည်း ပေးမယ်လို့တော့ ပြောလိုက်ပါတယ်။”
မြန်မာနိုင်ငံတဝန်းမှာ ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေ သိပ်နေများတာကြောင့် ဒီအခြေအနေကို ထိန်းသိမ်းဖို့ ရန်ကုန်မြို့မှာ တာဝန်ရှိသူတွေ စလုပ်နေပါပြီ။ ဒီလိုလုပ်ဆောင်လာတဲ့အပေါ် အားပေးကူညီသလို ဝမ်းသာ ကြိုဆိုတဲ့အကြောင်း တုန့်ပြန်ပြောဆိုကြပါတယ်။ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထား ပါတယ်။
ဒီမိုကရက် သမ္မတလောင်း Hillary Clinton နဲ့ Republican သမ္မတလောင်း Donald Trump တို့ရဲ့ ဒုတိယအကြိမ်စကား စစ်ထိုးပွဲအတွင်း တဘက်နဲ့တဘက် အချေအတင် ပြောဆိုခဲ့ကြပါတယ်။
အမေရိကန်သမ္မတလောင်းနှစ်ဦး ဒုတိယ စကားစစ်ထိုးပွဲ
နောက်ထပ်ကြည့်ရှုရန်