ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စု နှုတ်ထွက်မှာ ဖြစ်တယ်လို့ သမ္မတ Donald Trump က ကြေညာအပြီးမှာတော့ ကမ္ဘာ့ခေါင်းဆောင်တွေက ဒီအပေါ် ဘယ်လိုတုန့်ပြန်ကြလဲဆိုတဲ့အကြောင်း Jesusemen Oni ပေးပို့တဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ရှမ်းပြည်နယ်အတွင်း အရပ်သားအချို့ကို တပ်မတော်သားတချို့က ဖမ်းဆီးနှိပ်စက် စစ်ဆေးနေတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကလည်း ပြစ်မှုချိုးဖောက်ကြောင်း ထင်ရှားလျှင် တည်ဆဲဥပဒေနဲ့ အညီ အရေးယူသွားမယ်ဆိုပြီး ဒီကနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။
ကနေဒီ နှစ် ၁၀၀ ပြည့်
သမ္မတ Trump နဲ့ NATO ခေါင်းဆောင်များ
ဆော်ဒီအာရေးဗျနိုင်ငံကို ရောက်နေတဲ့ သမ္မတ Trump က အစွန်းရောက်ဝါဒ တိုက်ဖျက်ဖို့ မူဆလင်ခေါင်းဆောင်တွေကို တိုက်တွန်းပြီး အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်မူဝါဒကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ VOA သတင်းထောက် Steve Herman ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်ပြောပြပေးမှာပါ။
အမေရိကန်သမ္မတ Donald Trump ဟာ ပြည်တွင်းမှာ နိုင်ငံရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ဒီကနေ့ သောကြာနေ့ အိမ်ဖြူတော်က ထွက်ခွာမှာ ဖြစ်ပါတယ်။
သမ္မတ Donald Trump ဟာ ပြည်တွင်းမှာ နိုင်ငံရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ပထမဆုံးအကြိမ် အရှေ့အလယ်ပိုင်းနဲ့ ဥရောပ ၅ နိုင်ငံခရီးစဉ်အဖြစ် သောကြာနေ့မှာ အိမ်ဖြူတော်က ထွက်ခွာမှာဖြစ်ပါတယ်။ AP သတင်းဆောင်းပါးကိုအခြေခံပြီး ကိုအောင်အောင် က တင်ပြထားပါတယ်။
နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သတ်ပြီး စိုးရိမ်မကင်း ဖြစ်မိကြောင်း နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်က ပြောပါတယ်။ ဘာသာရေး လွတ်လပ်ခွင့်နဲ့ပတ်သတ်ပြီး နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာအကြောင်း Mariama Diallo ပေးပို့တဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
သမ္မတ Donald Trump အနေနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး၊ ရုရှားသံအမတ်တွေနဲ့ တွေ့ဆုံစဉ်အတွင်း လျှို့ဝှက် ထောက်လှမ်းရေး အချက်အလက်တွေ ပြောဆိုဆွေးနွေးခဲ့တာဟာ သူလုပ်ပိုင်ခွင့်ဘောင်အတွင်းကသာ ဖြစ်ကြောင်း သမ္မတ အမျိုးသားလုံခြုံရေးအကြံပေးက ကာကွယ် ပြောဆိုပါတယ်။ ကိုအောင်အောင်က ပြောပြပေးမှာပါ။
ဖလော်ရီဒါပြည်နယ်နဲ့ စပါးကြီးမြွေကင်းစင်ရေး ဖလေယ်ရီဒါပြည်နယ်မှာ စပါးကြီးမြွေဖမ်းသူတစ်ဦးက စံချိန်တင် အကြီးဆုံးစပါကြီးမြွေတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ စပါးကြီးမြွေပပျောက်ရေးစီမံကိန်းအနေနဲ့ အခုလိုလိုက်လံဖမ်းဆီးခဲ့တာပါ။ AP သတင်းကိုအခြေခံပြီး ကိုအောင်အောင်က ပြောပြပေးမှာပါ။
ပြင်သစ်နိုင်ငံသမ္မတ ရွေးကောက်ပွဲမှာ Emmanuel Marcron အနိုင်ရတာကြောင့် အနောက်နိုင်ငံတော်တေ်ာများများက ခေါင်းဆောင်တွေ စိတ်သက်သာရာ ရခဲ့ကြပါတယ်။ ဥရောပရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သတ်ပြီး ဘာတွေ ဆက်ဖြစ်လာနိုင်လဲဆိုတာကို Jela de Franceschi က ဆွေးနွေးထားပြီး ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ တူရကီသမ္မတ Recep Tayyip Erdogan တို့ တွေ့ဆုံကြတဲ့အခါ ဆီးရီးယားနိုင်ငံထဲမှာ IS အစွန်းရောက်တွေကို တိုက်နေတဲ့၊ အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ ကာ့ဒ် လက်နက်ကိုင်တပ်ဖွဲ့ အရေးကိစ္စ အဓိက ဆွေးနွေးနိုင်ဖွယ် ရှိပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Donald Trump ၊ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးရာမှာ ဆီးရီးယားအရေး ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအကြောင်း Peter Heinlein က အိမ်ဖြူတော်ကနေ သတင်းပေးပို့ထားတာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
FBI ညွှန်ကြားရေးမှုး ရာထူးကဖယ်ရှားခံရ
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Michael Flynn ရဲ့ အားနည်းချက်တွေကို ရုရှားတို့က အကြပ်ကိုင်နိုင်တယ်လို့ အိမ်ဖြူတော်ကို သတိပေးခဲ့ကြောင်း ယာယီရှေ့နေချုပ်ဟောင်း Sally Yates က ပြောပါတယ်။ VOA သတင်းထောက် Michael Bowman ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် ပြောပြပေးမှာပါ။
အမေရိကန်ကုမ္ပဏီတွေအနေနဲ့ H1-B ဗီဇာနဲ့ နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်တွေကို ငှားရမ်းရာမှာ ပိုပြီး ခက်ခဲစေမယ့် အမိန့်ကြေညာချက်ကို သမ္မတ Trump က မကြာသေးခင်က လက်မှတ်ရေးထိုး လိုက်ပါတယ်။ ဒီဗီဇာသုံး အလုပ်လုပ်နေကြသူတွေအကြား စိုးရိမ်နေကြတဲ့အကြောင်း Esha Saria ရဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သင်္ကြန်အကျနေ့ ဆင်နွှဲနေပုံ
မန္တလေး သင်္ကြန် အကျနေ့မြင်ကွင်းစုံကို စုစည်းတင်ပြလိုက်ပါတယ်။ (၁၄-၀၄-၂၀၁၇)
တရုတ်စစ်တပ်အနေနဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေရှိပြီး အခုလို မြန်မာ-တရုတ်နိုင်ငံနယ်စပ်မှာအင်အားဖြည့် စစ်ရေးလေ့ကျင့်တာကို မြန်မာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ကြောင်းလည်း သတင်းမှာ ဖေါ်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်