ရုရှားအဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံတာနဲ့ပတ်သတ်ပြီးအထက်လွှတ်တော်ထောက်လှမ်းရေးကော်မတီရှေ့မှောက်မှာ ထွက်ဆိုဖို့ သမ္မတရဲ့ အဆင့်မြင့်အကြံပေးဖြစ်သူ သမ္မတရဲ့ သားမက်လည်း ဖြစ်တဲ့ Jared Kushner က သဘောတူလိုက်ပါတယ်။ VOA အိမ်ဖြူတော်သတင်းထောက် Steve Herman ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က ပြောပြပေးမှာပါ။
ရုရှားနိုင်ငံက အခွင့်ထူးခံ လူတစုအနေနဲ့ သူတို့လုပ်ရပ်တွေနဲ့ ပတ်သတ်ပြီး တာဝန်ခံမှုရှိဖို့ ရုရှားနိုင်ငံတဝှမ်း မြို့ကြီးတွေမှာ လူတွေထောင်နဲ့ချီ ချီတက်ဆန္ဒပြကြပါတယ်။ အတိုက်အခံ ခေါင်းဆောင် Navalny အပါအဝင် လူရာနဲ့ချီ ဖမ်းဆီးခံရတဲ့အကြောင်း Daniel Schearf ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင်နှောင့်ယှက်ခဲ့သလားဆိုတာကို စုံစမ်းနေကြောင်း FBI အကြီးအကဲက ပြောပါတယ်။ သမ္မတဟောင်း အိုဘားမားက သူ့ရဲ့ တယ်လီဖုန်းကိုနားထောင်ခဲ့တယ်ဆိုတဲ့ သမ္မတ Trump ရဲ့ စွပ်စွဲခဲ့တာနဲ့ ပတ်သက်ပြီး သူက ပြောပါတယ်။ Katherine Gypson ရဲ့သတင်းကို ကိုအောင်အောင် ပြောပြပေးမှာပါ။
အမေရိကန်သမ္မတ Donald Trump အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ရင်းနှီးတဲ့ မဟာမိတ်တွေကြား ဆက်ဆံရေးအပေါ် ထိခိုက်လာနိုင်တဲ့ အပြုအမှုမျိုး ရှောင်ကျဉ်ဖို့ လွှတ်တော်အမတ်တွေက သတိပေးပြောဆိုထားပါတယ်။ VOA သတင်းထောက် Michael Bowman ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
သမ္မတ Donald Trump ရဲ့ပြည်ဝင်ခွင့်အမိန့်သစ်
အမေရိကနု်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးအတွက် နည်းလမ်းသစ်တွေ ရှာဖွေနေချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို ဒီသီတင်းပတ်ထဲ သွားရောက်ဖို့ရှိနေပါတယ်။ ဒီအကြောင်း Nike Ching ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု
အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ အီရတ်တပ်ဖွဲ့တွေဟာ IS အစွန်းရောက်တွေ သိမ်းယူထားတဲ့ မိုဆူးလ်မြို့ လယ်ကို ပြန်လည်သိမ်းယူဖို့ စစ်ဆင်ရေးတရပ် စတင်လိုက်ပါတယ်။ အခုနောက်ဆုံး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေလည်း ပိုတိုးလာနေပါတယ်။ Zlatica Hoke ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ရာထူးကနေ အနားယူခဲ့ကြတဲ့ အမေရိကန်သမ္မတတွေဟာ လူမှုအသိုင်းအဝိုင်း အကျိုးပြုလုပ်ငန်းတွေ လုပ်လေ့ရှိပြီး ဝါသနာပါရာအလုပ်တွေ ရွေးချယ် လုပ်ကိုင်လေ့ရှိပါတယ်။ သမ္မတဟောင်း George W Bush ကတော့ သူရေးဆွဲခဲ့တဲ့ ပန်းချီတွေကို ပြပွဲခင်းကျင်းပြသပြီး စာအုပ်လည်း ထုတ်ပါတယ်။ AP သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ မွတ်စလင် ဒုက္ခ သည်တွေဆီကနေ ကြားခဲ့ရတာတွေဟာ သူ မျှော်လင့်ထားတာထက် ပိုပြီးဆိုးရွားနေတာကြောင့် ဝမ်းနည်းရတဲ့အကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee ကပြောလိုက်ပါတယ်။
သမ္မတသက်တမ်း ပထမဆုံးလအတွင်းမှာပဲ အမေရိကန်သမ္မတ Donald Trump ဟာ သူ့ရဲ့လူဝင်မှုကြီးကြပ်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီး ကတိပေးထားတဲ့အတိုင်း အပြောင်းအလဲတွေလုပ်ဖို့ ဆောင်ရွက်နေပါတယ်။ VOA သတင်းထောက် Elizabeth Cherneff ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
Trump အစိုးရနဲ့ လူဝင်မှုကြီးကြပ်ရေးအမိန့်
အီရတ်နိုင်ငံ မိုဆူးမြို့ အနောက်ပိုင်းက IS စစ်သွေးကြွတွေကို မောင်းထုတ်ဖို့ အမေရိကန် အကူအညီပေးနေတဲ့ အီရတ်တပ်ဖွဲ့ဝင်တွေဟာ ဝေဟင်ရော မြေပြင်ကပါ နောက်တကြိမ် ထိုးစစ်ဆင်နေပါတယ်။ VOA သတင်းထောက် Jesusemen Oni ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ကန်လုံခြုံရေးအကြံပေး နှုတ်ထွက်မှုရဲ့ နိုင်ငံရေးဂယက်
အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း အရပ်သားထိခိုက်သေဆုံးမှုဟာ စံချိန်တင်မြင့်မားခဲ့ပြီး တာလီဘန်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း လူပေါင်း ၃,၅၀၀ လောက်သေဆုံးခဲ့သလို ၈,၀၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။ Henery Ridgweel ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်-မက္ကစီကို နယ်စပ်တလျှောက် တံတိုင်းကာရံဖို့ သမ္မတ Donald Trump အမိန့် ကြေညာချက်နဲ့ ပတ်သတ်လို့ တံတိုင်းအတွက်သုံးစွဲမယ့်ငွေကြေးကို လွှတ်တေ်ာမှာဆွေးနွေးဆုံးဖြတ်ကြမှာ ဖြစ်တဲ့အကြောင်း VOA သတင်းထောက် Ramon Taylor ရဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
၂၀၁၇ ဝါရှင်တန်ကားပြပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့က စတင်လိုက်ပြီး စိတ်ဝင်စားဖွယ် ကားအမျိုးအစားသစ်တွေကို ပြသထားပါတယ်။ လျှပ်စစ်စွမ်းအင်သုံးပြီး စီးရတာ သက်တောင့်သက်သာရှိသလို ပုံစံလည်းလှတဲ့ ကားမျိုးတွေနဲ့ မော်တော်ကားထုတ်လုပ်သူတွေက စွဲဆောင်ခဲ့ပါတယ်။ George Putic ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
တရားရုံးချုပ် တရားသူကြီး လျာထား
အမေရိကန်ပြည်ထောင်စုတွင်း အကြမ်းဖက်သမားတွေ အလွယ်တကူဝင်မလာနိုင်အောင် ရည်ရွယ်ထုတ်ပြန်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်ကြေညာချက်ကြောင့် လူရာနဲ့ချီ လေဆိပ်မှာအဖမ်းခံခဲ့ရပါတယ်။ အခုလို ယာယီပိတ်ပင်တားမြစ်ချက်ရဲ့ အကျိုးဆက်တွေနဲ့ပတ်သက်လို့ Zlatica Hoke ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလိုဂျန်းပြည်နယ်မှာ နွေဦးပွဲတော်လို့လည်း သိကြတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲဖို့ သိန်းနဲ့ချီတဲ့သူတွေ ဟာဘင်မြို့ကို လာနေကြပါတယ်။ အင်္ဂါနေ့ တရက်တည်းမှာတင် ခရီးသွား ၁ သိန်းခွဲလောက် ရှိတဲ့အကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်