အမေရိကန်သမ္မတ Donald Trump အနေနဲ့ ပဲရစ်ရာသီဥတုဆိုင်ရာ သဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်ထားတဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ပြန်လည်ပြင်ဆင်မယ်ဆိုတဲ့ ကတိပေးထားတာမရှိတဲ့အတွက် သူ့ရဲ့အခု ပြင်သစ်ခရီးစဉ်ပထမဆုံးနေ့မှာ ကသိကအောက်ဖြစ်စရာ ဖြစ်ခဲ့ကြောင်း Luis Ramirez ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
G-20 ညီလာခံနဲ့ သမ္မတ Trump
စစ်တွေမြို့ ဒါပိုင်းကယ်ဆယ်ရေးစခန်းက မွတ်စလင် တချို့နဲ့ ဒေသခံတချို့ကြား ပဋိပက္ခဖြစ်ပွါးပြီးတဲ့နောက် အခုအခါမှာ စစ်တွေမြို့ရဲ့ အခြေအနေဟာ တည်ငြိမ်နေတယ်လို့ ဒေသလုံခြုံရေးရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ အခုလို ပဋိပက္ခမျိုးမပေါ်ပေါက်အောင် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ သက်ဆိုင်သူတွေအနေနဲ့ လိုက်နာနေထိုင်ဖို့လည်း ဒေသခံတွေက ဆန္ဒ ရှိနေတာပါ။
ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့ဖြစ်တာကြောင့် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ နိုင်ငံတဝှမ်းကျင်းပကြပြီး ညဘက်မှာ မီးရှုးမီးပန်းတွေ ပစ်ဖေါက်ကြသလို နိုင်ငံတော် အားလပ်ရက်နေ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။ VOA သတင်းထောက် Arash Arabasadi ရဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့ဖြစ်တာကြောင့် လွတ်လပ်ရေးနေ့ အခမ်းအနားတွေ နိုင်ငံတဝှမ်းကျင်းပကြပြီး ညဘက်မှာ မီးရှုးမီးပန်းတွေ ပစ်ဖေါက်ကြသလို နိုင်ငံတော် အားလပ်ရက်နေ့အဖြစ်လည်း သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရာမှာ Donald Trump ကတိပေးထားတဲ့ အဓိကပြုပြင်ပြောင်းလဲရမယ့် အချက် ၂ ချက်ကို အခုအခါမှာ အကောင်အထည်ဖေါ်ဖို့ အမေရိကန်အောက်လွှတ်တော်က စတင်ဆောင်ရွက်နေပါပြီ။ ဗွီအိုအေသတင်းထောက် Katherine Gypson ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး James Mattis ဟာလာမယ့်ကြာသပတးနေ့ကျရင်ဘရပ်ဆဲလ်မြို့ကိုသွားရောက်ပြီး NATO အဖွဲ့ဝင်နိုင်ငံတွေနဲ့ ထည့်ဝင်ထားတဲ့ တပ်ဖွဲ့ဝင်အင်အား၊ အာဖဂန်နစ္စတန်ကို ဘယ်လိုကူညီသွားမလဲဆိုတာနဲ့ ပတ်သတ်ပြီး ဝန်ကြီး Mattis ဆွေးနွေးသွားမှာပါ။ Carla Babb ရဲ့သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးမှာပါ။
အိန္ဒိယနိုင်ငံက ကားထုတ်လုပ်တဲ့ စက်ရုံတွေမှာသုံးဖို့ စက်ရုပ်တွေကို အိန္ဒိယပညာရှင်တွေက ဖန်တီးဖို့ကြိုးစားနေပြီး ဒီကားလုပ်ငန်းက အလုပ်အကိုင်ပေါင်း ၇၀ ရာခို်င်နှုန်းအပေါ် သက်ရောက်နိုင်ကြောင်း Anjana Pasricha ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသဘက်က မေယုတောင်ကြောမှာ လုံခြုံရေးတပ်ဖွဲ့က ရှင်းလင်းမှုတွေလုပ်နေကြောင်း ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးကပြောပါတယ်။
လွှတ်တော်ကြားနာပွဲနဲ့ ရုရှားအရေးစုံစမ်းမှု
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ မကြုံစဖူး များပြားလာတဲ့ ကမ္ဘာတဝှမ်းက ဒုက္ခသည်တွေအကြောင်း မီးမောင်းထိုးပြကြပါတယ်။ ဒုက္ခသည်တွေအတွက် လှူဒါန်းနေကြပေမယ့်လည်း လုံလုံလောက်လောက် ထောက်ပံ့ဖို့အတွက်တော့ လိုအပ်မှုတွေရှိနေတဲ့အကြောင်း Zlatica Hoke ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် ပြောပြထားပါတယ်။
ဝါရှင်တန်ဒီစီကနေ မိနစ် ၃၀ လောက် ကားမောင်းသွားရင်ရောက်တဲ့ မေရီလန်းပြည်နယ် ရေးဗားဒေးလ်မြို့ Parkview Gardens Apartment မှာ နေထိုင်ကြတဲ့ ကမ္ဘာနေရာအနှံ့ ပဋိပက္ခဖြစ်ပွားရာနိုင်ငံတွေက ပြောင်းရွှေ့လာသူတွေအကြောင်း June Soh ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
၂၀၁၇ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒီကနေ့ ဆုရရှိတဲ့ မှတ်တမ်း ရုပ်ရှင်တွေကို ချီးမြှင့်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ကနေ ဒုတိယအကြိမ်မြောက် ပါဝင်ချီးမြှင့်တာဖြစ်ပြီး၊ ဒီနှစ် ဗွီအိုအေရဲ့ မှတ်တမ်းရုပ်ရှင်ဆုကို ဒါရိုက်တာ ကောင်းမြတ်သူကျော် ရိုက်ကူးတဲ့ Deep Inside Her မှတ်တမ်းရုပ်ရှင်က ရရှိသွားပါတယ်။
ကျူးဘားနိုင်ငံနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့တဲ့ သမ္မတ Barack Obama ရဲ့ အစီအစဉ် တစိတ်တပိုင်းကို ပြန်လည် ပယ်ဖျက်သွားမယ့်အကြောင်း သောကြာနေ့ မိုင်ယာမီ ခရီးစဉ်အတွင်း သမ္မတ Donald Trump က ကြေညာဖို့ ရှိနေပါတယ်။ VOA သတင်းထောက် Carol Guensberg သတင်းပေးပို့ထားတာကို ကိုအောင်အောင် တင်ပြထားပါတယ်။
ကျောက်ဖြူ အထူးစီးပွားရေးဇုံနဲ့ ဒေသခံတွေရဲ့ အခက်အခဲ
ပြည်ဝင်ခွင့် ကန့်သတ်မိန့်ကို ဖက်ဒရယ်တရားရုံးတခု ထပ်ပယ်
ပြင်သစ်ပါလီမန် ရွေးကောက်ပွဲမှာ ပြင်သစ်သမ္မတသစ် Emmanuel Macron ရဲ့ပါတီက နေရာအများအပြားအနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် မဲလာပေးသူဦးရေ သိပ်မရှိတာဟာ နိုင်ငံရေးသမားတွေအပေါ် လူထုက ယုံကြည်မှု ကင်းမဲ့လာနေတယ်ဆိုတာကို ပြသရာရောက်ကြောင်း Zlatica Hoke ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
တရုတ်နဲ့မြန်မာနိုင်ငံ ပူးပေါင်းလုပ်ကိုင်မယ့် ကျောက်ဖြူ အထူးစီးပွါးရေးဇုံ စီမံကိန်း စတင်အသက်ဝင်လာပြီဖြစ်ပေမဲ့ ဒေသခံတွေအကြားမှာတော့ နေ့စဉ်လုပ်ငန်းအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ် ရာချီတဲ့ငါးဖမ်းသမားတွေ ကျောက်ဖြူစီးပွါးရေးဇုံအနီး ရေပြင်မှာ ငါးဖမ်းခွင့်မရတော့သလို ဒေသခံရွာသား ၂၀၀၀၀ လောက်ဟာလည်း ဘိုးဘွားဘီဘင်လက်ထက်က နေထိုင်လာခဲ့တဲ့ နေရာတွေကနေ ဖယ်ရှားခံရပါတယ်။
လန်ဒန်အကြမ်းဖက်မှုနောက်ပိုင်း စီးနင်းရှာဖွေမှုများ
ဗြိတိန်နိုင်ငံမှာလအနည်းငယ်အတွင်း၃ကြိမ်တိုက်ခိုက်ခံရတဲ့နောက်လုံခြုံရေးစနစ်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ဖို့ တောင်းဆိုချိန်မှာပဲ လန်ဒန်နေမူစလင်အသိုင်းအဝိုင်းကြားမှာ သူတို့အပေါ်ဖိနှိပ်ခွဲခြားဆက်ဆံမှုတွေ ရှိလာမလားဆိုပြီးစိုးရိမ်နေကြကြောင်း Luiz Ramirez ပေးပို့တဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်