နေပြည်တော်မှာ ဒီကနေ့ ပြောကြားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပေါ် နိုင်ငံတကာ သံတမန်တွေက အကောင်းမြင် ချီးကျူး ပြောဆိုပါတယ်။ ဒီမိန့်ခွန်းဟာ အပြုသဘောဆောင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာနဲ့ အစိုးရရပ်တည်နေရတဲ့ အနေအထားတွေအပေါ် ပို နားလည်သဘောပေါက်လာစေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာမူစလင်တွေကို ပစ်မှတ်ထားပြီး လူမျိုးစုကွယ်ပျောက်အောင် လုပ်ဆောင်တဲ့ မြန်မာနိုင်ငံက စစ်ဖက်ထိပ်တန်းခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးကတောင်းဆိုလိုက်ပါတယ်။
ဟာရီကိန်းမုန်တိုင်း အာမာကြောင့် လူ ၄၅ ဦးကျော် သေဆုံးခဲ့သလို သန်းနဲ့ချီတဲ့ လူတွေလည်း လျှပ်စစ်ဓါတ်အား မရှိဘဲနေထိုင်နေရပါတယ်။အခုအခါမှာမုန်တိုင်းကြောင့်ပျက်စီးယိုယွင်းမှုတွေကိုရှင်းလင်းဖို့အမေရိကန်စစ်တပ်ကလည်း ပူးပေါင်း ကူညီနေပါတယ်။ Carla Babb ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် ပြောပြပေးပါမယ်။
နွေရာသီ အပျော်ခရီးသွားကာလမှာ မြို့ကြီးပြကြီးတွေဆီ သွားရောက်လည်ပတ်ကြသူတွေ၊ သဘာ၀ ဥယျာဉ်တွေဆီ သွားရောက်လည်ပတ်ကြသူတွေ များပါတယ်။ နယူးယောက်ပြည်နယ်က Niagara ရေတံခွန်ကို လာရောက်လည်ပတ်ကြသူတွေအကြောင်း Ramon Taylor ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်က စေတနာ့ဝန်ထမ်းအဖွဲ့တဖွဲ့ ဟာ ရှေးဟောင်းရိုးရာဝတ်စုံတွေကို ထိန်းသိမ်းပေးနေပါတယ်။ အရင်ခေတ်က အဝတ်အစားတွေ ဘယ်လိုပုံစံ ပြောင်းလဲလာလဲ၊ ဘယ်လို ဆက်စပ်မှုတွေရှိသလဲ ဆိုတာ Faith Lapidus ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ၆ ကြိမ်မြောက် အင်အားအပြင်းဆုံး နျူကလီးယားစမ်းသပ်မှုနဲ့ ပတ်သတ်ပြီး ဘယ်လို တုန့်ပြန်သွားမလဲ ဆိုတာကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဆွေးနွေးသုံးသပ်နေပါတယ်။ ဗွီအိုအေသတင်းထောက် Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
မုန်တိုင်းကြောင့် ရေကြီးနေတဲ့ Texas နဲ့ Louisiana ပြည်နယ်မှာ ရေတွေ ဆက်တက်နေတာကြောင့် မကြုံစဖူး ဘေးအန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။ လူ ၆ ဦးထက်မနည်း သေဆုံးပြီး ၃၀,၀၀၀ လောက် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြရပါတယ်။ Zlatica Hoke ရဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်မြောက်ပြည်နယ်က တရားသူကြီးတဦးရဲ့ အမှုစီရင်ဆုံးဖြတ်ချက် ဗီဒီယိုတွေ Facebook ပေါ်မှာ အဆင့်ဆင့် လက်ဆင့်ကမ်း မျှဝေခဲ့ကြပြီးနောက် လူ သန်းနဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ ဘယ်လို အမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ တရားသူကြီးက အဆုံးအဖြတ် ပေးခဲ့ပါလဲ။ AP သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ဟာရီကိန်းမုန်တိုင်း Harvey ကြောင့် တက္ကဆက်ပြည်နယ် Houston မြို့နဲ့ လူဝီစီယားနားပြည်နယ် နေရာတချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီးရေပတ်လည်ဝိုင်းတဲ့နေရာမှာပိတ်မိနေတဲ့ဒေသခံတချို့ကိုကယ်ဆယ်ရေးလုပ်သားတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေကြပါတယ်။ Zlatica Hoke ရဲသတင်းလွှာကို ကိုအောင်အောင် တင်ပြထားပါတယ်။
လအတန်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် အမေရိကန်သမ္မတ Donald Trump ဟာ တနင်္လာနေ့ညက အာဖဂန်နစ္စတန်နိုင်ငံနဲ့ပတ်သတ်တဲ့ သူ့ရဲ့ မဟာဗျူဟာကို ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Steve Herman ပေးပို့တဲ့ သတင်းလွှာကို ကိုအောင်အောင် တင်ပြထားပါတယ်။
ကလေးစစ်သားဖြစ်ခဲ့သူ ကိုအောင်ကိုထွေးကို ဖမ်းဆီးထားတာကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအနေနဲ့ တောင်းဆိုဖို့ HRW လူ့အခွင့်အရေးအဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ RFA လွတ်လပ်တဲ့အာရှအသံ မြန်မာဌာနရဲ့ ရုပ်မြင်သံကြားအစီအစဉ်တခုမှာ ကလေးစစ်သားဘဝက အတွေ့အကြုံတွေကို ပြန်ပြောင်း ပြောပြခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ သူ့ကို ဖမ်းဆီးခဲ့တာပါ။
ပြည်ပရောက် မြန်မာတွေအနေနဲ့ မြန်မာစာပေ ယဉ်ကျေးမှုနဲ့ အမြဲထိတွေဆက်စပ်နိုင်ဖို့ စာပေဟောပြောပွဲတွေ အလျဉ်းသင့်သလို ကျင်းပသွားမယ်လို့ မေရီလန်းပြည်နယ်က စာပေဟောပြောပွဲ စီစဉ်သူတွေကပြောပါတယ်။ စာပေဟောပြောပွဲအကြောင်း ကိုအောင်အောင်က ရိုက်ကူးတင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတ Donald Trump အပါအဝင် လွှတ်တော်အမတ်တွေဟာ နွေရာသီ လွှတ်တော်ရပ်နားချိန် ဝါရှင်တန်ကနေ ထွက်ခွာလာချိန်မှာပဲ အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ရုရှားကကြားဝင်နှောက်ယှက်ခဲ့တာရှိမရှိ စုံစမ်းစစ်ဆေးမှုကိုတော့ ဆက်ပြီးလုပ်နေပါတယ်။ Michael Bowman ရဲ့သတင်းလွှာကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Tillerson ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မကြာခင် စတင်ဖို့ ရှိနေချိန်မှာပဲ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်လို့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဟန့်တားနိုင်မယ့် လုပ်ငန်းစဉ်တရပ် ချမှတ်နိုင်ရေး အမေရိကန်က တောင်းဆိုလိုက်ပါတယ်။ Nike Ching ရဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမိမြေလုံခြုံရေးဝန်ကြီးဟောင်း၊မရိန်းတပ်အငြိမ်းစားဗိုလ်ချုပ်ကြီး John Kelly ဟာအိမ်ဖြူတော်အရာရှိချုပ်တာဝန်ကိုတနင်္လာနေ့မှာစတင်ယူပါတယ်။ Mr.Kelly ကသူ့ရဲ့ အတွေ့အကြုံတွေကို အသုံးချပြီးအိမ်ဖြူတော်ကိုဘယ်လိုကိုင်တွယ်မလဲဆိုတာစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ Jim Malone ရဲ့သတင်းလွှာကို ကိုအောင်အောင်ကတင်ပြထားပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းလည်းဖြစ် အတိုက်အခံ Accion Democratic ပါတီဝင် အသက် ၃၉ နှစ်အရွယ် ရှေ့နေတဦး စနေနေ့နှောင်းပိုင်းတုန်းက သူ့နေအိမ်မှာ ပစ်သတ်ခံရပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင် တင်ပြထားပါတယ်။
First Global အဖွဲ့ကကျင်းပတဲ့ နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲမှာ မြန်မာအသင်းက အဆင့် ၆ ရပါတယ်။ ဝါရှင်တန်ဒီစီမှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၆၀ကျော်က အသင်းတွေပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ဝါရှင်တန်ဒီစီရောက် မြန်မာစက်ရုပ်အသင်းဝင်တွေကို ကိုအောင်အောင်က တွေ့ဆုံမေးမြန်းတင်ဆက်ထားပါတယ်။
လက်ရှိထိုင်းအစိုးရရဲ့ မူဝဒါသစ်ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ တရားဝင်အထောက်အထားမရှိမရင် အလုပ်လုပ်ဖို့ ပိုခက်ခဲလာပေမဲ့ သူတို့ရဲ့ကလေးငယ်တွေ နိုင်ငံသားဖြစ်ရေးကတော့ အရင်ထက်ပိုပြီး မြန်ဆန်လာနိုင်တဲ့အကြောင်း Steve Standford ရဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ကမ္ဘာတလွှားက လူငယ်ကျောင်းသားတွေ ပါဝင်ယှဉ်ပြိုင်တဲ့ First Global နိုင်ငံတကာ Robot စက်ရုပ်ပြိုင်ပွဲမှာအကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားပြုအသင်းက ပြောပါတယ်။
ကမ္ဘာတလွှားက လူငယ်ကျောင်းသားတွေပါဝင်ယှဉ်ပြိုင်တဲ့ First Global နိုင်ငံတကာ Robot စက်ရုပ်ပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားပြုအသင်းကပြောပါတယ်။ စက်ရုပ်ပြိုင်ပွဲအကြောင်း ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်အောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်