၁၂ ရက်ကြာ အာရှခရီးစဉ် အဆုံးသတ်ခဲ့ပြီးနောက် သမ္မတ Donald Trump ဟာ ဝင်ငွေခွန်ကောက်ခံရေးစနစ် ပြုပြင် ပြောင်းလဲရေး အပါအဝင် သူ့ရဲ ပြည်တွင်းရေးရာမူဝါဒတွေ အကောင်အထည် ဖေါ်နိုင်ရေးကြိုးပမ်းနေပါတယ်။ VOA သတင်းထောက် Jim Malone ရဲ့ သတင်းလွှာကို ကိုအောင်အောင် တင်ပြထားပါတယ်။
ဒီမိုကရေစီဖေါ်ဆောင်နေတဲ့ အစိုးရလက်ထက်မှာ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်အပေါ် ကန့်သတ်တာမျိုး မရှိသင့်ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခြေချ နေထိုင်ခွင့်ရရှိနိုင်မယ့် DV အစီအစဉ်ကို ကွန်ဂရက်စ်လွှတ်တော်အနေနဲ့ ဖျက်သိမ်းဖို့ သမ္မတ Donald Trump က တိုက်တွန်းထားပါတယ်။ Green Card ကံစမ်းမဲလို့ DV အစီအစဉ်ကို တကယ်ပဲ ဖျက်သိမ်းမလားဆိုတဲ့အကြောင်း Keida Kostreci ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်တွေနဲ့ရုရှားတို့ကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အရင်က လွှတ်တော်ကြားနာပွဲတွေအတွင်းမှာ လိမ်ညာပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် အမေရိကန် ရှေ့နေချုပ် Jeff Sessions က အဂါၤနေ့မှာ ငြင်းဆိုပါတယ်။ Katherine Gypson ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ အာရှ ၅ နိုင်ငံခရီးစဉ်အတွင်း အဲဒီနိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ သမ္မတ Trump က ဖိအားပေး ပြောဆိုခဲ့တာမျိုး မရှိတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ဝေဖန်ကြပါတယ်။ ဒီအကြောင်း Peter Heinlein ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူဆလင်တွေ ကြုံတွေ့နေရတဲ့ ဘေးဒုက္ခ အကျပ်အတည်းတွေ အဆုံးသတ်ရေး အမေရိကန် ကွန်ဂရက်လွှတ်တော်က ကြိုးပမ်းနေပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးတဲ့ ဥပဒေတရပ် ပြဌာန်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။ Katherine Gypson ရဲ့ ဆောင်းပါးကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်ကနေ မူစလင်လူနဲစု ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေ အဆုံးသတ်နိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးဖို့ ကြိုးပမ်းနေပါတယ် အမေရိကန် အနေနဲ့ စီးပွါးရေးဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ တချိန်တည်းမှာ မြန်မာစစ်ဖက်နဲ့ ဆက်ဆံရေးတွေ ကို ရပ်ဆိုင်းပစ်ဖို့စတဲ့ ကိစ္စရပ်တွေပါဝင်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေကို ချမှတ်ဖို့ ပါတီကြီး ၂ ရပ်လုံးက လွှတ်တော်အမတ်တွေ ပူးပေါင်းဆောင်ရွက်ကြတာပါ။
နယူးယောက်မြို့ဖက်ကမ်း နယူးဂျာစီပြည်နယ်ထဲက Hoboken မြို့မှာ အဂါၤနေ့ကကျင်းပတဲ့ မြို့တော်ဝန် ရွေးကောက်ပွဲမှာ ဒီမိုကရက်တဦးဖြစ်တဲ့ Ravi Bhalla အနိုင်ရပါတယ်။ အသွေးအရောင်စုံ ကိုယ်စားလှယ်လောင်းတွေကြား Bhalla မြို့တော်ဝန်ဖြစ်လာခဲ့ပုံအကြောင်း Esha Sarai ပေးပို့တဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် Sutherland Springs မြို့မှာ တနင်္ဂနွေနေ့က ဘုရားကျောင်း ဝတ်ပြုနေသူတွေကို သေနတ်သမားတဦးက ပစ်ခတ်တာကြောင့် လူပေါင်း ၂၆ ဦးထက်မနည်း သေဆုံးပြီး ၂၀ လောက် ဒဏ်ရာ ရသွားပါတယ်။ Jesusemen ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အင်္ဂါနေ့ မွန်းလွဲပိုင်းကနယူးယောက်မြို့ အောက်ပိုင်း မန်ဟက်တန်အရပ်မှာ လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးစီးသူတွေကို ထရပ်ကားမောင်းသူတဦးက ကားနဲ့ဝင်တိုက်ခဲ့တာကြောင့် ၈ ဦးထက်မနည်းသေဆုံးပြီး တဒါဇင်လောက် ဒဏ်ရာရသွားပါတယ်။ ဒီတိုက်ခိုက်မှုအကြောင်း Ramon Taylor ပေးပို့ထားတဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
သမ္မတ Barack Obama လက်ထက်က အာရှဒေသကို အမေရိကန်အနာဂတ်အတွက် အဓိကကျတဲ့ဒေသအဖြစ်ရှုမြင်ပြီး အာရှ ချိန်ခွင်လျှာညှိရေး နိုင်ငံခြားရေးမူဝါဒဆိုပြီး ဦးစားပေးဆောင်ရွက်ခဲ့ပေမယ့် သမ္မတထရမ့်အစိုးရ တာဝန်ယူချိန်မှာတော့ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ Bill Gallo ပေးပို့ထားတဲ့ကို ကိုအောင်အောင် တင်ပြထားပါတယ်။
ကာတာနဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ကာလကြာရှည် တင်းမာမှုအရှိန်ကြီးထွားလာနေတဲ့အပေါ် စိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင် တင်ပြထားပါတယ်။
အောက်တိုဘာ ၁၅၊ ၂၀၁၇ - ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး တွေ့ဆုံမေးမြန်းခန်းမှာ ရခိုင်ပြည်နယ်က အခြေအနေတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမှန်အတိုင်း သိရဖို့ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးသင့်တယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး က ပြောဆိုပါတယ်။
ရခိုင်ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ အယူအဆတွေ ကွဲပြားနေတာကို ဖြေရှင်းဖို့ဆိုရင် နိုင်ငံတကာနဲ့ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သွားရောက်ခွင့်ပေးပြီး၊ အခြေအနေကို လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦးကပြောပါတယ်။ ကိုအောင်အောင်နဲ့ Washington VOA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားတာကို ကြည့်ရှုနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းမှာ လျင်လျင်မြန်မြန် ကူးစက် လောင်ကျွမ်းနေတဲ့ တောမီးကြောင့် လူပေါင်း ၂၀,၀၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ ပြည်နယ်တွင်း မီးဘေးသတိပေးချက် အနီရောင်အဆင့် သတ်မှတ်ထားတဲ့အကြောင်း Zlatica Hoke ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက်က ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ကြီးကြပ်ဖို့အတွက် ၂ နိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကပြောပါတယ်။
စပိန်နိုင်ငံမှာ Catalan လွတ်လပ်ရေးအတွက် လူထုသဘောထားဆန္ဒခံယူပွဲ တနင်္ဂနွေနေ့က ကျင်းပတာမှာ စပိန်နိုင်ငံကနေ ခွဲထွက်ဖို့ဘက်က အနိုင်ရခဲ့ပါတယ်။ စပိန်ရဲတွေက မဲပေးပွဲကို အကြမ်းဖက်နှိမ်နင်းမှုကြောင့် ရာနဲ့ချီတဲ့ မဲပေးသူတွေ ဒဏ်ရာရသွားကြောင်း Zlatica Hoke ပေးပို့တဲ့သတင်းကို ကိုအောင်အောင် တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာအနေနဲ့ ပကတိအခြေအနေအတိုင်း သိရှိနိုင်ဖို့ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် ဝင်ရောက် သတင်းယူခွင့်ပြုသင့်တယ်လို့ မြန်မာ့အရေး သုံးသပ်သူတွေက ထောက်ပြပါတယ်။
အမေရိကန်သမ္မတ Trump က ပြည်ဝင်ခွင့် ကန့်သတ်ချက်သစ်ကို တနင်္ဂနွေနေ့က လက်မှတ်ရေးထိုး ခဲ့ပြီးတဲ့နောက် ဒီအမိန့်ကြေညာချက်နဲ့ ပတ်သတ်လို့ တရားဥပဒေကြောင်းအရ ကန့်ကွက်မှုတွေ ရှိနေသလို၊ ဒါနဲ့ပတ်သတ်ပြီး ကြားနာဖို့ စတင်ဆောင်ရွက်နေပါပြီ။ Molly McKitterick ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
နေပြည်တော်မှာ ဒီကနေ့ပြောကြားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပေါ် နိုင်ငံတကာ သံတမန်တွေက အကောင်းမြင် ချီးကျူး ပြောဆိုကြပါတယ်။ အပြုသဘောဆောင်တဲ့ မိန့်ခွန်းတရပ်အဖြစ် ပြောဆိုကြတဲ့အကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်