ထိတဲ့ လူတော်တော်များများကတော့ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ သွားလာတဲ့သူတွေပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် တချို့ကလည်း ပေါ်တာဆွဲခံရပြီး ထိတဲ့သူတွေလည်းရှိတယ်။ မိုင်းထိတဲ့လူ တော်တော်များများကတော့ အိမ်ထောင်ဦးစီး အမျိုးသားတွေဖြစ်တဲ့အတွက် မိုင်းထိပြီးနောက်ပိုင်း သူ့မိသားစုရဲ့ စားဝတ်နေရေးပဲဖြစ်ဖြစ်၊ ပညာရေး၊ ကျန်းမာရေးပဲဖြစ်ဖြစ် ဒါတွေကတော့ အများကြီး အခက်အခဲဖြစ်သွားတာပေါ့နော်။
တောင်နဲ့ မြောက်ကိုရီးယား အရာရှိတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဟာ ကင်ဂျုံအွန်းအစိုးရရဲ့ နျူးကလီးယားလက်နက်စမ်းသပ်မှုတွေကို ရပ်တန့်စေမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားအခြေစိုက် နိုင်ငံရေးအကဲခတ်တွေက ထောက်ပြပါတယ်။ Zlatica Hoke ပေးပို့ထားတဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး Nikki Haley ကအီရန်အစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီးကမ္ဘာကြီးအနေနဲ့ နှုတ်ဆိတ်မနေကြဖို့နဲ့ ဆန္ဒပြသူတွေရဲ့တောင်းဆိုချက်တွေအားလုံးကြားနိုင်အောင် ကူညီရမယ်လို့ပြောဆိုလိုက်ပါတယ်။ Margaret Besheer ကုလသမဂ္ဂကနေ ပေးပို့တဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အီရန်အစိုးရ ဆန့်ကျင်ဆန္ဒပြသူ နောက်ထပ် ၉ ဦး သေဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာလိုက်တာကြောင့် ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၂၀ ကျော်အထိ ရှိသွားပါပြီ။ အစိုးရရဲ့ ညံ့ဖျင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေကို ကန့်ကွက်နေကြတာပါ။ Arash Arabasadi ရဲ့ သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
၂၀၁၇ ကမ္ဘာတဝှမ်း အနုပညာ ပြပွဲများ
Santa Claus တယောက်အနေနဲ့ သိရှိပြီး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေလည်း ရှိနေတာပါ။ Michigan ပြည်နယ် Midland မြို့က သက်တမ်းအရှည်ကြာဆုံး ဖွင့်လှစ်ထားတဲ့ အနှစ် ၈၀ ကြာ Santa Claus သင်တန်းကျောင်းအကြောင်း Ericka Celeste ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးမှာပါ။
၀င်ငွေခွန် ကောက်ခံရေး စနစ် ပြုပြင်ပြောင်းလဲရေး အမေရိကန် ကွန်ဂရက်စ်လွှတ်တော်က အတည်ပြုလိုက်နိုင်တဲ့အပေါ် သမ္မတ ဒေါ်နယ်ထရမ့်က အမွှမ်းတင် ပြောကြားလိုက်ပြီး ရွေးကောက်ပွဲမတိုင်ခင်က ပေးခဲ့တဲ့ သူ့ရဲ့ ကတိစကားကို အကောင်အထည်ဖေါ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ဗြိတိန်၊သြစတေးလျ၊ ဂျပန်စတဲ့နိုင်ငံတွေက ကွန်ပြူတာကွန်ယက်တွေကို မြောက်ကိုရီးယားဟာ အွန်လိုင်းကနေ ဆိုက်ဘာတိုက်ခိုက်ခဲ့တယ်လို့အမေရိကန်ကပြောပါတယ်။Wanna Cry ဆိုတဲ့ငွေညှစ်တောင်းခံလို့ရတဲ့ဗိုင်းရပ်ကို မြောက်ကိုရီးယားက အသုံးပြုခဲ့တယ်လို့လည်းဆိုပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်ကတင်ပြထားပါတယ်။
၂၀၁၆ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုက အမျိုးသားဥယျာဉ်တွေမှာ ဆန်းကြယ်တဲ့ သဘာဝအလှ ရှုခင်းတွေကို လာရောက်ကြည့်ရှုသူပေါင်း သန်း ၃၃၀ လောက်ရှိခဲ့ပါတယ်။ ရှေ့နှစ်မှာ ဒီအမျိုးသားဥယျာဉ်တွေရဲ့ ဝင်ကြေး ၂ ဆကျော် တိုးမြှင့်ကောက်ခံဖို့ အဆိုပြုထားတဲ့အကြောင်း Shelley Schlender သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ပြည်တွင်းစစ် အဆုံးသတ်ခဲ့တာ နှစ်ပေါင်း ၁၅၀ ကျော် ကြာပြီဖြစ်ပေမဲ့ နောင်လာနောင်သားတွေ လေ့လာနိုင်အောင် အတိတ်သမိုင်းကို ပြန်လည်ပုံဖော်သူတွေလည်း ရှိကြပါတယ်။ ဗွီအိုအေသတင်းထောက် Anush Avetisyan ရဲ့ သတင်းဆောင်းပါးကိုတော့ ကိုအောင်အောင်က တင်ပြထားပါတယ်။
ရေအရင်းအမြစ် သဘာဝသယံဇာတတွေကို မဆုံးရှုံးရစေဖို့ လုပ်ငန်းခွင် ဒါမှမဟုတ် နေအိမ်တွေကနေ အသုံးပြုပြီးသားရေတွေကို ပြန်အသုံးပြုနိုင်အောင် အဆင့်မြင့်နည်းပညာတွေ သုံးပြီး ဆောင်ရွက်လာကြပါတယ်။ ဝါရှင်တန်ဒီစီက ရေဆိုးရေညစ် ပြန်သန့်စင်ရေးစက်ရုံအကြောင်း Arash Arabasadi ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါမယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်လို့ ပိုပြီး အပြုသဘောဆောင် ချဉ်းကပ်တဲ့အနေနဲ့ ကြိုတင်စည်းမျဉ်းသတ်မှတ်ချက်တွေမထားဘဲ ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။ Cindy Saine ရဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
နယူးယောက်မြို့မှာ တနင်္လာနေ့က ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုကို ဆွေမျိုးသားချင်းတွေ ခေါ်ယူ ရွှေ့ပြောင်း အခြေချနေထိုင်ခွင့် ပေးထားတာတွေ ကန့်သတ်ဖို့ သမ္မတ အိမ်ဖြူတော်က ထပ်မံ ပြောဆိုလာပါတယ်။ နယူးယောက်ကနေ Ramon Taylor ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
Los Angeles မှာတော့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပြတိုက်ဆိုတာမျိုး မရှိပါဘူး။ ဒါကြောင့် ရုပ်ရှင်အကယ်ဒမီနဲ့ သိပ္ပံက နာမည်ကျော်ကြားတဲ့ ဟောလီးဝုဒ် ရုပ်ရှင်လုပ်ငန်း သမိုင်းကြောင်းနဲ့ ပတ်သတ်တဲ့ ပြတိုက်တခု ဦးဆောင် ဆောက်လုပ်နေပါပြီ။ Mike O Sullivan ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
လိုင်ဘီးရီးယားပြည်တွင်းစစ်ကြောင့် ၁၉၉၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ရောက်ရှိလာသူတဦးဟာ မွန်တာနာပြည်နယ် Helena မြို့ကလေးမှာ မြို့တော်ဝန်အဖြစ် ရွေးချယ် တင်မြှောက်ခံရပါတယ်။ ဒုက္ခသည်အဖြစ်ကနေ မြို့တော်ဝန်ဖြစ်လာတဲ့ သူ့ဘဝအကြောင်း Stan Parker ပေးပို့တဲ့သတင်းကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလတုန်းက ကတိပေးထားတဲ့အတိုင်း ဂျေရုစလင်ကို အစ္စရေးနိုင်ငံမြို့တော်အဖြစ်သတ်မှတ်ဖို့နဲ့ အမေရိကန်သံရုံးကို Tel Aviv ကနေ ဂျေရုစလင်ကိုရွှေ့ပြောင်းဖို့နဲ့ပတ်သက်ပြီး သမ္မတ Donald Trump ဒီကနေ့ နောက်ဆုံးထား ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတဲ့ ဗီယက်နမ် ဒုက္ခသည် Kieu Hoang တရုတ်နိုင်ငံအထိ လုပ်ငန်းချဲ့ထွင်နိုင်ခဲ့တဲ့ ဘီလျံနာ တဦးဖြစ်လာပါတယ်။ ရေဘေးဒုက္ခသည်တွေအတွက် သူက အများအပြား လှူဒါန်းခဲ့ပါတယ်။ Elizabeth Lee , San Jose မြို့ က ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
ဆီးရီးယားနိုင်ငံက ၆ နှစ်ကြာ စစ်ပွဲအဆုံးသတ်ဖို့ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ အင်အားစုတွေရဲ့ ဆွေးနွေးပွဲ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဒီကနေ့ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။ ဘယ်လို ငြိမ်းချမ်းရေး သဘောတူညီချက်မျိုး ရလာနိုင်ပါသလဲ။ Henry Ridgwell ပေးပို့တဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ကျေးဇူးတော်နေ့ အပန်းဖြေအားလပ်ရက် မထွက်ခွါခင်မှာပဲ အမေရိကန်သမ္မတ Donald Trump ဟာ သမ္မတ အဆက်ဆက်လက်ထက် အစဉ်အလာ တခုဖြစ်တဲ့ ကြက်ဆင်ဘေးမဲ့လွှတ်ပွဲ တက်ရောက်ခဲ့ပါတယ်။ နှင်းဆီဥယျာဉ်မှာကျင်းပတဲ့ ဒီအခမ်းအနားအကြောင်း VOA သတင်းထောက် Steve Herman ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
မြောက်ကိုရီးယားအစိုးရရဲ့ နျူကလီးယား၊ ပဲ့ထိန်းတပ်ဒုံးကျည်စမ်းသပ်မှုနဲ့ နိုင်ငံအချို့ဆီက အထောက်အပံ့ရယူနေတာတွေကို အဆုံးသတ်သွားအောင် အပြင်းထန်ဆုံး ဖိအားပေးဆောင်ရွက်သွားမယ်လို့ အမေရိကန် ပြည်ထောင်စုရဲ့ ထရမ့်အစိုးရက ကြေညာလိုက်ပါတယ်။ Zlatica Hoke ရဲ့သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်