ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နိုင်ခြေ အရှိန်မြင့်လာနေတာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ ရှေရှည် ကျင့်သုံးခဲ့တဲ့ မမျှတတဲ့ လုပ်ရပ်တွေမှာ တာဝန်ရှိတဲ့အကြောင်း သမ္မတ Trump အစိုးရ အဖွဲ့က ပြောဆိုနေပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ဆီးရီးယားက အမေရိကန်တပ်ဖွဲ့တွေ ပြန်လည် ခေါ်ယူဖို့ကိစ္စဟာ သိပ်အချိန်စောလွန်းသေးတယ်လို့ အမေရိကန်စစ်ဖက်အရာရှိတွေနဲ့ သုံးသပ်သူတွေက သတိပေးပြောကြားပါတယ်။ သမ္မတ Trump က ဆီးရီးယားတပ်တွေကို မကြာခင် ပြန်လည် ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့တာပါ။ Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးမှာပါ။
ဟာဝိုင်အီမှာမွေးဖွါး၊ အင်ဒိုနီးရှားမှာ ကြီးပြီးနယူးယောက်မြို့မှာ ပညာသင်ကြားခဲ့တဲ့ သမ္မတ Barack Obama ဟာ သူ့ဇနီးရဲ့ဇာတိချီကာဂိုကိုသူ့ရဲ့ မွေးရပ်မြေအဖြစ်ခံယူထားပြီး သမ္မတအိုဘားမားအထိမ်းအမှတ်စင်တာကို ချီကာဂိုတောင်ပိုင်းမှာဆာက်လုပ်မှာပါ။ Kane Farabaugh ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန် တရုတ် ကုန်သွယ်ရေး လိုငွေပြမှု ကာမိစေဖို့ တရုတ်နိုင်ငံအနေနဲ့ ၁ ဘီလျံ လျှော့ချပေးဖို့ Trump အစိုးရက တောင်းဆိုလိုက်ပါတယ်။ သတ္တုသွင်းကုန်တွေအပေါ် အခွန်တိုးစည်းကြပ်ဖို့ စီစဉ်မှုအပေါ် ဝေဖန်မှုထွက်ပေါ်နေချိန် ခုလိုတောင်းဆိုလိုက်တာပါ။ Jesusemen Oni ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် က တင်ပြပေးထားပါတယ်။
တရုတ်နိုင်ငံမှာ သမ္မတရာထူး တာဝန်ထမ်းဆောင်တဲ့ သက်တမ်း အကန့်အသတ်မထားဖို့ အဆိုပြုထားပြီး ဒီအတိုင်းဆိုရင် သမ္မတ Xi Jinping ဟာ ဘဝတလျှောက်လုံး သမ္မတတာဝန်ကို ယူခွင့် ရရှိသွားနိုင်ပါတယ်။ အမေရိကန်တုန့်ပြန်ချက်အကြောင်း Bill Gallo ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြပါလိမ့်မယ်။
မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးလိုပေမဲ့ မှန်ကန်တဲ့ အခြေအနေတရပ် ရှိမှသာ ဖြစ်နိုင်မယ့်အကြောင်း သမ္မတ Trump က ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား သံတမန်ရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ Elizabeth Cherneff ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကျည် တတောင့်ချင်းပစ်ရတဲ့ သေနတ်တွေကို အတွဲလိုက်ပစ်လို့တဲ့ သေနတ်အဖြစ် ပြောင်းလဲနိုင်တဲ့ ကိရိယာ အသုံးပြုခွင့်၊ တားမြစ်ကန့်သတ်တဲ့ စည်းမျဉ်းတွေ ချမှတ်မှတ်ဖို့ တရားရေးဌာနကို သမ္မတ Trump ညွှန်ကြားထားပါတယ်။ Zlatica Hoke ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က ပြောပြပေးပါလိမ့်မယ်။
သေနတ်ဝယ်မယ့်သူတွေရဲ့ နောက်ကြောင်းရာဇဝင်ကို စစ်ဆေးမယ့် ဥပဒေပြဌာန်းဖို့ဆိုရင် လက်ခံသွားမယ့် အရိပ် အယောင်မျိုး အိမ်ဖြူတော်ဖက်က ပြသနေပါတယ်။ VOA သတင်းထောက် Bill Gallo နဲ့ Zlatica Hoke ရဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
အစိုးရသစ်လက်ထက်မှာ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်လာတယ်လို့ ဝါရှင်တန်ဒီစီမြို့အနီးကျင်းပတဲ့ နှစ် ၇၀ မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။ ကိုအောင်အောင်က ရိုက်ကူးတင်ဆက်ထားပါတယ်။
ရုရှားသမ္မတ Vladimir Putin ဟာ မကြာခင်မှာ ကျင်းပမယ့် အမေရိကန် လွှတ်တော် ကြားကာလ ရွေးကောက်ပွဲကို ပစ်မှတ်ထားပြီး ကြားဝင်နှောက်ယှက်နိုင်တယ်လို့ အမေရိကန် ထိပ်တန်း ထောက်လှမ်းရေးအရာရှိတွေက ပြောလိုက်ပါတယ်။ Cindy Saine ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင် ပြောပြပေးပါလိမ့်မယ်။
Quinnipiac တက္ကသိုလ်က နောက်ဆုံးကောက်ယူတဲ့ လူထုသဘောထားစစ်တမ်းအရ သမ္မတ Donald Trump ရဲ့ စွမ်းဆောင်ရည်အပေါ် အကဲဖြတ်ရာမှာ လူထုထောက်ခံမှု ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အတွက် ဒါဟာ ၇ လအတွင်း အကောင်းဆုံးရလာဒ် ထွက်လာတာဖြစ်ပါတယ်။ Jim Malone ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေ သူတို့ရဲ့ နေရပ်ရင်းကို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့ အားလုံးက လိုလားကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Boris Johnson က ပြောလိုက်ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေပြီး ဒီကနေ့ စနေနေ့မှာတော့ မြန်မာနယ်စပ်အနီး Cox’s Bazaar က ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်လွှတ်တော်မှာပြောကြားတဲ့သမ္မတ Donald Trump ရဲ့ပထမဆုံးနိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ ညီညွတ်ရေးနဲ့တိုးတက်ရေး အဓိကထားပြောကြားခဲ့ပါတယ်။ သူ့လက်ထက်နိုင်ငံစီးပွါးရေး တိုးတက်လာတာကိုလည်း ဂုဏ်ယူပြောဆိုခဲ့တာပါ။ VOA သတင်းထောက် Steve Herman ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
သမ္မတ Trump အဆိုပြုထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအခြေခံမူဘောင်တွေထဲမှာပါဝင်တဲ့ နိုင်ငံတွင်းတရားမဝင်နေထိုင်သူတွေ နိုင်ငံသားဖြစ်လာခွင့်နဲ့ ပတ်သက်လို့ ကွန်ဂရက်စ် လွှတ်တော်မှာ အခြေအတင် ဆွေးနွေးဖို့ ရှိနေပါတယ်။ အိမ်ဖြူတော်သတင်းထောက် Katherine Gypson ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးပါမယ်။
ပထမနှစ်ကုန်ပိုင်း Trump ရဲ့ ဆောင်ရွက်ချက်တွေကို အကဲဖြတ်ရာမှာ အရင်သမ္မတတွေနဲ့ မတူအောင် အနိမ့်ဆုံးအဆင့် ၃၉ ရာခိုင်နှုန်းကို ရောက်ခဲ့တယ်လို့ Gallup လူထုသဘောထားစစ်တမ်းက ဆိုပါတယ်။ သူ့ရဲ့ အမာခံနယ်မြေ Lassen ခရိုင်ကို သွားရောက်ခဲ့တဲ့ Mike O’Sullivan ပေးပို့တဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Jim Mattis ဟာအရှေ့တောင်အာရှနိုင်ငံတွေနဲ့ပိုနီးကပ်တဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ဒေသတွင်း နိုင်ငံတွေအပေါ်တရုတ်ရဲ့ သြဇာအာဏာလွှမ်းမိုးမှုကို အင်အားချိန်ခွင်လျှာညှိုဖို့ အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိနေပါတယ်။ Elizabeht Cherneff ရဲ့သတင်းလွှာကို ကိုအောင်အောင်က တင်ပြထားပါတယ်။
ထိုင်းအစိုးရက ဥပဒေတွေ အများကြီး ထပ်ပြဌားန်ပေမယ့် ဒါတွေဟာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် သက်ရောက်မှုမရှိပါဘူး။စာရွက်ပေါ်မှာတော့ ကြည့်လို့ကောင်းပေမယ့် အဓမ္မခိုင်းစေမှုတွေကိုတော့ မတားဆီးနိုင်ပါဘူး။ မတရားခိုင်းစေတဲ့ လုပ်ငန်းရှင်တွေစီကနေ အကာကွယ်မပေးနိုင်သလို တန်းတူ လုပ်အားခလည်း မရပါဘူး။
ရခိုင်ပြည်နယ်ကနေ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် နိုင်ငံတကာက မြန်မာအစိုးရအပေါ် ဝိုင်းဝန်းပြစ်တင်ဝေဖန်ချိန်မှာ မြန်မာစစ်တပ်ကတော့ နာမည်ကောင်းရနေတယ်လို့ လေ့လာသူတွေက မြင်ပါတယ်။ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်က ပြောပြပေးပါလိ့်မ်မယ်။
Donald Trump သမ္မတတာဝန်စယူကတည်းကအမေရိကန်ကသတင်းမီဒီယာကြီးတွေနဲ့ အချေအတင်ထိုးနှက်ဝေဖန်နေခဲ့သလို သူ့အကြောင်းသတင်းမှားတွေ လုပ်ကြံထုတ်လွှင့်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ဒီသတင်းပတ်ထဲမှာပဲအတုအယောင်သတင်းမှားဆုပေးပွဲ ကျင်းပဖို့လည်းTrump စီစဉ်နေပါတယ်။Peter Heinlein ရဲ့သတင်းလွှာကို ကိုအောင်အောင်က ပြောပြထားပါတယ်။
ကမ္ဘာတဝှမ်းလွတ်လပ်မှုအခြေအနေဟာ ၁၂ နှစ်မြောက်အနေနဲ့ ဆက်တိုက်ကျဆင်းလာတယ်လို့ Freedom House အဖွဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေရှိနေတာ တွေ့လာရတယ်လို့ ဆိုပါတယ်။ Elizabeth Cherneff ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်