အမေရိကန်ပြည်ထောင်စုမှာ သေနတ်ပိုင်ဆိုင်ခွင့်နဲ့ပတ်သတ်ပြီး ဒေသခံတွေရဲ့ရှုမြင်ချက်တွေကို လေ့လာနေတဲ့ ဝစ်စကွန်ဆင်တက္ကသိုလ်က ပါမောက္ခတဦးကို VOA. သတင်းထောက် Deepak Dobhal က တွေ့ဆုံမေးမြန်းထားပါတယ်။ ကိုအောင်အောင် တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ အထက်နဲ့အောက်လွှတ်တော်၂ရပ်လုံးမှာ ရီပါဘလစ်ကန်တွေ အများစုအနိုင်ရဖို့ အားခဲမျှော်လင့်ထားခဲ့ပေမယ့် ထင်သလို ဖြစ်မလာခဲ့ပါဘူး။ VOA သတင်းထောက် Arash Arabasadi ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နေတာ ၁ ပတ်ရှိနေပြီး ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကျေးရွာ ၉ ရွာက နေအိမ်တော်တော်များများ မီးရှို့ခံနေရတဲ့အကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အမေရိကန်သမ္မတသက်တမ်းဝက်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်အဖြစ် ဝင်ရောက် အရွေးချယ်ခံသူတွေထဲ Gen Z မျိုးဆက်တွေလည်း ပါဝင်လာပါတယ်။ AFP သတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ဂျပန်နိုင်ငံက ရာမန်ခေါက်ဆွဲဆိုင်မှာ အနှစ်၂၀ ကြာအလုပ်လုပ်ခဲ့ပြီးနောက် ခုအခါအမေရိကန်နိုင်ငံ၊မြို့တော်ဝါရှင်တန်ဒီစီဧရိယာမှာ ZAO ဂျပန်ခေါက်ဆွဲဆိုင်ကို ဦးမျိုးထွန်းမိသားစုကဖွင့်လှစ်ထားပါတယ်။ဂျပန်စာစားသုံးကြသူတွေ အကြိုက်တွေ့တဲ့ဆိုင်ပါ။ကိုအောင်အောင် ရိုက်ကူးတင်ပြထားပါတယ်။
အမေရိကန် အနောက် အလယ်ပိုင်းဒေသက နီဘာစကား ပြည်နယ်မှာ ရေရှားပါးလာတာကြောင့် ကော်လိုရာဒိုပြည်နယ်က တူးမြောင်းသွယ်ပြီး မြစ်ရေရဖို့ ကြိုးစားနေကြပါတယ်။ VOA သတင်းထောက် Scott Sterns ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ရုရှားက လျှပ်စစ်စက်ရုံတွေကို တိုက်ခိုက်တဲ့အတွက် ယူကရိန်းတနိုင်ငံလုံးမှာ ခွဲတန်းနဲ့ လျှပ်စစ်မီးပေး၊ တောင်နဲ့မြောက်ကိုရီးယား၂ နိုင်ငံကြား အပြန်အလှန် စစ်ရေးလေ့ကျင့် ပစ်ခတ်စမ်းသပ်မှုလုပ်၊ ဗြိတိန်မှာ ဝန်ကြီးချုပ်သစ် တက်၊ ဒီလိုသီတင်းပတ်တွင်း နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် ပြောပြပေးပါမယ်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ဖို့ စမ်းသပ်စစ်ဆေးတာနေတာကြောင့် ကျောက်ဖြူ သံဇစ်မြစ်ကို အားကိုးပြီး အသက်မွေးဝမ်းကြောင်းနေကြတဲ့ ဒေသခံရေလုပ်သားတွေ ငါးဖမ်းမရဘဲ အခက်ကြုံနေရတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။
လာမယ့် နိုဝင်္ဘာ ၈ ရက်နေ့ မှာ အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အမတ်နေရာတွေကို ပြန်လည်ရွေးချယ်ကြမှာဖြစ်ပြီး ကွန်ဂရက်စ်လွှတ်တော်ကို ဘယ်သူတွေ ထိန်းချုပ်မလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။ VOA. သတင်းထောက် Katherine Gypson ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ကိုဗစ်အားဖြည့်ဆေး ဒုတိယအကြိမ် အင်္ဂါနေ့က ထိုးခဲ့ပါတယ်။ အားလပ်ရပ်ကာလနဲ့ တုပ်ကွေးရာသီ နီးကပ်နေပြီဖြစ်တာကြောင့် အမေရိကန်တွေအနေနဲ့ ကာကွယ်ဆေးထိုးကြဖို့လည်း တိုက်တွန်းပါတယ်။ Anita Powell ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
“မနေ့ညနေပိုင်းရတဲ့စာရင်းတွေကတော့ သေသွားတာကတော့ ၆၂ ဦး။ နောက်ပြီးတော့ ဒဏ်ရာရတာကတော့ ဒါလည်း ၆၂ ဦး။ အဲဒါ မနေ့က ညနေပိုင်းရတာ။ သင်္ဂြ ိုဟ် တာတွေကတော့ အားလုံးပြီးလောက်ပါပြီ။ တချို့တွေကတော့ ပြာအိုးနဲ့ ယူပြီးမှ တခြားနေရာမှာ လုပ်တာတွေကတော့ ရှိမှာပါ။ အလောင်းတွေကတော့ အားလုံးပြီးလောက်ပါပြီ။” (ဗိုလ်မှူးကြီးနော်ဘူ)
အမေရိကန်မိသားစု ၁၀ စုမှာ ၁စုဟာစားစရာမလုံလောက်တဲ့ အခြေအနေမျိုးရင်ဆိုင်နေရပါတာ ၁၀ စုနှစ်တွေနဲ့ ချီရှိနေခဲ့တာပါ။ ဗုဒ္ဓဟူးနေ့တုန်းကတော့သမ္မတ Joe Bidenဟာ ဒီလိုဆာလောင်မွတ်သိပ်မှုပြသနာနဲ့ပတ်သတ်ပြီး ဖြေရှင်းဖို့အတွက် နှစ်ပေါင်း၅၀အတွင်းပထမဆုံးအကြိမ်နေနဲ့ ဆွေးနွေးပွဲကျင်းပပါတယ်။ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အီရန်နိုင်ငံအပါအဝင် ကမ္ဘာတဝှမ်း အီရန်အစိုးရကို ဆန္ဒပြနေကြနေကြတာမှာ ခုအခါ အီရန်အစိုးရ ဘာသာရေးခေါင်းဆောင် ကျဆုံးပါစေဆိုပြီး ပိုပြီး ပြင်းပြင်းထန်ထန် ကျွေးကြော်ဆန္ဒပြလာကြပါတယ်။ VOA. သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်ကတင်ပြပပေးထားပါတယ်။
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသူတွေကို အတင်းအကြပ် နေရပ်ပြန်ပို့တာမျိုးတွေမလုပ်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က တောင်းဆိုခဲ့တဲ့အပေါ် မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။
လာမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ အောက်လွှတ်တော်မှာ အများစုဖြစ်လာဖို့ အလားအလားများတယ်လို့ စစ်တမ်းတွေဖော်ပြတာမို့ ယူကရိန်းအပေါ် အမေရိကန်ဆက်ဆံရေး ဘယ်လိုပုံစံမျိုး ပြောင်းလဲလာနိုင်သလဲ VOA သတင်းထောက် Patsy Widakuswara က သတင်းပေးပို့ထားပါတယ်။ ကိုအောင်အောင်ပြောပြမှာပါ။
လာမယ့်နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲမှာ ကိုယ်ဝန်ဖျက်ချခွင့်အရေးဟာ မဲပေးသူတွေ အဓိကထည့်သွင်းစဉ်းစားစရာ အချက်တွေထဲမှာပါဝင်ပြီး၊ ပါတီကြီးနှစ်ရပ်လုံးကလည်း ဒီကိစ္စမှာ အပြိုင်မဲဆွယ်နေပါတယ်။ Anita Powell အိမ်ဖြူတော်က ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးပါလိမ့်မယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းကို စက်တင်ဘာလ နောက်ဆုံးပတ် တပတ်အတွင်းမှာတင် စစ်ဘေးဒုက္ခသည် နောက်ထပ် ၁၈၀၀ ကျော် ရောက်ရှိပြီး လက်ရှိမှာ ဒုက္ခသည်ဦးရေ ၅ သောင်းနီးပါး ရှိလာပြီဖြစ် ကြောင်း UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များရေးရာ မဟာမင်းကြီး ရုံးရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အီရန်အပေါ် ပြင်းပြင်းထန်ထန် ပိတ်ဆို့ဒဏ်ခတ်သွားမယ်လို့ အမေရိကန်အစိုးရက ပြောလိုက်ပါတယ်။ တနင်းလာနေ့က ယူကရိန်းကို ရုရှားတွေက အီရန်အဝေးထိန်းဒရုန်းယာဉ်နဲ့ တိုက်ခိုက်အပြီး အမေရိကန်ခုလို ပြောဆိုတာပါ။ VOA သတင်းထောက် Anita Powell အိမ်ဖြူတော်က ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
အီရန် ဆန္ဒပြပွဲတွေ ဒုတိယလအတွင်း ချဉ်းနင်းဝင်ရောက်လာပါပြီ။ အမေရိကန်ကတော့ လူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုတဲ့ ဆန္ဒပြသူတွကို ဆက်ပြီး ထောက်ခံသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ Arash Arabasadi ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်.
ယူကရိန်းမြို့တော်ကို ကာမီကာဇီဒရုန်းနဲ့ ရုရှားတိုက်ခိုက်ဟု ယူကရိန်းပြော၊ မလေးရှားမှာ လွှတ်တော် ဖျက်သိမ်းပြီး ရွေးကောက်ပွဲကို စောကျင်းပဖို့ရှိ၊ ဂျပန်၊ ထိုင်ဝမ်တို့မှာ လေကြောင်းသွားလာမှု ကိုဗစ်ကန့်သတ်ချက် ဖြေလျှော့၊ ဒီလို တပတ်အတွင်း နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင်တို့ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်