၂၀၂၁ ဇန်နဝါရီ ၆ ရက် လွှတ်တော် စီးနင်းမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေတဲ့ လွှတ်တော်ကော်မတီက အမေရိကန်သမ္မတဟောင်း Donald Trump စစ်ဆေးခံဖို့အတွက် ဆင့်ခေါ်ဖို့ ကြာသပတေးနေ့မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။ VOA သတင်းထောက် Katherine Gypson ပေးပို့ထားတဲ့ သတင်း ကိုအောင်အောင်ပြောပြပါမယ်။
ဆေးခြောက် လက်ဝယ်တွေ့ရှိတာကြောင့် ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ Joe Biden က မကြာသေးခင်က ကြေညာခဲ့ပါတယ်။ အခုလိုအမိန့်မှာ အားနည်းချက်တွေရှိပြီး၊ ဒီထက်ပို ဆောင်ရွက်ဖို့ အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ အေပီသတင်းကို အခြေခံပြီး ကိုအောင်အောင်ပြောပြမှာပါ။
ဆော်ဒီအာရေးဗီးယားနိုင်ငံကိုလက်နက်ရောင်းချမှု ရပ်ဆိုင်းမယ့် ဥပဒေကြမ်းကို ဒီမိုကရက်လွှတ်တော်အမတ်တွေက အဆိုပြုလိုက်ပါတယ်။ သမ္မတ Joe Biden ဟာ ဆော်ဒီနဲ့ ဆက်ဆံရေးကို ပြန်သုံးသပ်ဖို့ လွှတ်တော်နဲ့ ဆွေးနွေးနေပါတယ်။ VOAသတင်းထောက် Cindy Saine ပေးပို့ထားတဲ့ သတင်း ကိုအောင်အောင်ပြောပြပါမယ်။
“အခုလက်ရှိလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကိုလည်း စုံစမ်းပြီးတော့ လိုအပ်တဲ့ပြောဆိုဆွေးနွေးမှုတွေ လုပ်ပါမယ်။ ပြည်သူတွေဘက်ကလည်း သည်းခံပေးပါ။ ကျနော်တို့က ပြည်သူတွေ လုံးဝမထိခိုက်အောင်၊ စိုးရိမ်ကြောင့်ကျမှုအနည်းဆုံးဖြစ်အောင် တော်လှန်ရေးကို အငြင်သာဆုံးနဲ့အထိရောက်ဆုံးဖြစ်အောင် တောက်လျှောက်လုပ်လာခဲ့ပါတယ်။”- PDF Zoland
မလေးရှားကနေ မြန်မာနိုင်ငံကို အောက်တိုဘာ ၆ ရက်က ပြန်ပို့လိုက်တဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော်ထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM လုပ်ထားသူတွေပါဝင်ပြီး ၈ ယောက်ထက်မနည်း ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက် မြန်မာအသင်း အဖွဲ့တွေက ပြောပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်းကို စစ်ပွဲအချိန် ဘယ်လောက်ပဲကြာကြာ၊ ပံ့ပိုးပေးသွားမှဖြစ်တယ်လို့ G7 စီးပွားအင်အားကြီး ၇ နိုင်ငံ ခေါင်းဆောင်တွေက ပြောပါတယ်။ VOA အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ကိုဗစ် 19 ကပ်ရောဂါကြောင့် အစိုးရတချို့ဟာ သူတို့ရဲ့လူထုကို ကူညီဖို့ နည်းလမ်းသစ်တွေရှာကြံလာပါတယ်။ တိုဂိုနိုင်ငံမှာဆိုရင် အကူအညီလိုအပ်သူတွေအတွက် ဆက်သွယ်ရေးဂြိုလ်တုနဲ့ AI နည်းပညာ အသုံးပြုပြီး အစိုးရက အကူအညီပေးနေပါတယ်။ Steve Baragona ပေးပို့ထားတဲ့ သတင်း ကိုအောင်အောင်ပြောပြပါမယ်။
ဆေးခြောက် လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ်ကျခံနေရသူတွေကို အမေရိကန်သမ္မတ Joe Biden က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ VOA သတင်းထောက် Arash Arabasadi ပေးပို့ထားတဲ့သတင်းကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။
ရုရှားသိမ်းပိုက် လေးမန်းမြို့ကို ယူကရိန်း ပြန်သိမ်းယူနိုင်လိုက်၊ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုကြောင့် ဒေသတွင်းတင်းမာမှုမြင့်၊ ထိုင်းနိုင်ငံမှာ အလုပ်ပြုတ်ရဲ ပစ်ခတ်မှုနဲ့ မူကြိုကလေးအများစုနဲ့ လူ ၃၀ ကျော် သေဆုံး၊ ဒီလို တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင်တို့ တင်ဆက်ထားပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ ဆက်စပ်တယ်၊ AA အဖွဲ့ကို ထောက်ခံတယ်ဆိုတဲ့သံသယနဲ့ ဒေသခံတွေကို စစ်တပ်ဘက်က ဖမ်းဆီးစစ်ဆေးတရားစွဲဆိုတာတွေ တိုးလာနေတယ်လို့ ရခိုင်ဒေ သခံတွေကပြောပါတယ်။
ရုရှားနျူကလီးယားတပ်ရဲ့ရထားတစင်း ယူကရိန်းကိုဦးတည်ခုတ်မောင်းနေတယ်ဆိုတဲ့သတင်း ထွက်နေပေမယ့်၊ ရုရှားက နျူကလီးယားသုံးပြီး ယူကရိန်းကိုတိုက်ဖို့ ပြင်ဆင်တာမျိုး မတွေ့ရဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်။ VOA သံတမန်ရေးရာ အကြီးတန်း သတင်းထောက် Cindy Saine ပေးပို့ထားတဲ့ သတင်း ကိုအောင်အောင် ပြောပြပါမယ်။
မြောက်ကိုရီးယားပဲ့ထိန်းတပ်ဒုံးကျည် ဂျပန်နိုင်ငံပေါ် ဖြတ်ကျော် စမ်းသပ်ပစ်ခဲ့ခဲ့တာကို တုံ့ပြန်ပြီး၊ အမေရိကန်နဲ့ တောင်ကိုရီးယားက ပစ်မှတ်ကို ဦးတည်ဗုံးကြဲတဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။ VOA သတင်းထောက် Patsy Widakuswara ပေးပို့ထားတဲ့ သတင်း ကိုအောင်အောင် ပြောပြပါမယ်။
ဆရာဝန်ဘွဲ့နဲ့ PHD ဘွဲ့ ၂ ခုလုံးအတွက် Virginia Commonwealth တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ မရူပါအောင်မျိုးအကြောင်း တင်ပြပေးမှာပါ။ မိသားစုနဲ့ အတူ DV ကံစမ်းမဲအစီအစဉ်နဲ့ အမေရိကကို ရောက်ရှိပြီးနောက် ဗာဂျီးနီးယားပြည်နယ် ရစ်ချ်မွန်မြို့မှာ ကျောင်းတက်နေတာပါ။ ကိုအောင်အောင် ရိုက်ကူးတင်ဆက်ပါတယ်။
အာရေးဗစ်ဘာသာစကားနဲ့ မျှော်လင့်ချက်လို့ အမည်ပေးထားတဲ့ လက်ထိုးရုပ်ရဲ့ ကမ္ဘာပတ် ခရီးစဉ်ဟာ အမေရိကန်နယူးယောက်မြို့ကို ရောက်ရှိလှည့်ပတ်နေပါတယ်။ ဒီအကြောင်း ရိုက်တာက ရေးသားတဲ့သတင်း ကိုအောင်အောင်ပြောပြပါမယ်။
ယူကရိန်းနယ်မြေရဲ့ ၁၅ ရာခိုင်နှုန်းကို ရုရှားပိုင်အဖြစ် သိမ်းပိုက်၊ အမေရိကန်အရှေ့ခြမ်း အောက်ပိုင်း ဟာရီကိန်းမုန်တိုင်းဒဏ်ခံနေရ၊ ကမ္ဘာကိုလာ ထိခိုက်မယ့် ဥက္ကာပျံခဲကြီးတွေ လမ်းလွှဲပစ်နိုင်ဖို့ ကြိုးပမ်းစမ်းသပ်၊ ဒီလို တပတ်အတွင်း နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် တင်ဆက်ထားပါတယ်။
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတဲ့ ရုရှားတွေအနေနဲ့ နျူကလီးယားလက်နက် သုံးမယ်ဆိုရင် ကြီးမားတဲ့ အကျိုးဆက်ကို ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်ဘက်က သတိပေးပါတယ်။ VOA သံတမန်ရေးရာ သတင်းထောက် Cindy Saine ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
ရန်ကုန်-နေပြည်တော်-လွိုင်ကော်- ရန်ကုန် ခရီးစဉ်ပြေးဆွဲတဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ရဲ့ လေယာဉ်တစင်း ဒီနေ့ စက်တင်ဘာ ၃၀ သောကြာနေ့မနက် လွိုင်ကော်လေဆိပ်အဆင်းမှာ ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
အမေရိကန်မိသားစု ၁၀ စုမှာ တစုဟာ စားစရာ မလုံလောက်တဲ့အခြေအနေ ရင်ဆိုင်နေရတာ ၁၀ စုနှစ်တွေချီခဲ့ပါပြီ။ ဗုဒ္ဓဟူးနေ့တုန်းကတော့ သမ္မတ Joe Biden ဟာ ဒီပြသနာဖြေရှင်းဖို့ အတွက် နှစ်ပေါင်း ၅၀အတွင်း ပထမဆုံးအကြိမ် ဆွေးနွေးပွဲကျင်းပပါတယ်။ VOA သတင်းထောက် Anita Powell ပေးပို့ထားတဲ့သတင်း ကိုအောင်အောင်ပြောပြပါမယ်။
အမေရိကန်သမ္မတဒုသမ္မတ Kamala Harris ဟာ တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်ကစစ်မဲ့ဇုန်ကိုသွားရောက်ဖို့ရှိပါတယ်။ ၃ နှစ်အတွင်းအမေရိကန်အဆင့်မြင့်ဆုံး တာဝန်ရှိသူတဉီး အနေနဲ့ အခုလိုစစ်မဲ့ဇုံကိုသွားတာလည်း ဖြစ်ပါတယ်။VOA သတင်းထောက် Anita Powellနဲ့ Bill Gallo တို့ ပေးပို့ထားတဲ့သတင်းကိုကိုအောင်အောင် ကတင်ပြပေးထားပါတယ်။
ရုရှားတွေရဲ့ ပစ်ခတ်မှုကြောင့် မိဘနှစ်ဦးလုံး ကွယ်လွန်ပြီး အပြင်းအထန် ဒဏ်ရာရခဲ့သူ အသက် ၈ နှစ်နဲ့ ၁၄ နှစ်အရွယ် ယူကရိန်းကလေးငယ်နှစ်ဦး အသက်ဆက်ရှင်သန်ဖို့ ဘယ်လို အကူအညီ ရယူနေလဲဆိုတာနဲ့ ပတ်သတ်ပြီး Omelyan Oshchudlyak ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်