ကင်ညာနိုင်ငံမှာ ဆင်းရဲမွဲတေမှု ဆိုးရွားလွန်းတာကြောင့် ထင်း၊ မီးသွေးဖိုးမတတ်နိုင်တဲ့ Nairobi မြို့တော်က ဆင်းရဲသားရပ်ကွက်က ပြည်သူတွေက ပလတ်စတီ ဂုံနီအိတ်တွေကို လောင်စာအဖြစ် မီးရှို့သုံးနေပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အမေရိကန်သမ္မတကတော် Dr. Jill Biden ကိုဗစ်ရောဂါ ကူးစက်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်ကို တာလီဘန်တွေ သိမ်းပိုက်အုပ်ချုပ်တာ ၁ နှစ်ပြည့်သွားခဲ့ပါပြီ။ မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ပြပါမယ်။
အာဖဂန်နစ္စတန်ကို တာလီဘန်တွေ သိမ်းပိုက်လိုက်ပြီး တနှစ်တာကာလအတွင်း နိုင်ငံတွင်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခွင့်အရေးနဲ လူမှုဘဝအရည်အသွေး သိသိသာသာ ကျဆင်းလာတာကို တွေ့ရပါတယ်။ VOA သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို မအိသန့်စင်က တင်ပြထားပါတယ်။
“ဆန်ကလောလောဆယ် ပုံမှန်ဝယ်လို့မရဘူးဗျ။ ကျောက်တော်က အဝင်ရှိမှဆိုတော့ ကုန်သည်တွေ၊ ဆန်ရောင်းတဲ့သူတွေက ကျောက်တော်ကသယ်လို့ရမှ သူတို့ဆီမှာ ဝယ်လို့ရမှာကိုး။ လောလောဆယ်တော့ ဒီမှာ ကျနော်တို့ ပလက်ဝမှာက စစ်ရေး လုံခြုံရေးကြောင့် သွားဖို့ အခက်အခဲ ရှိတယ်နဲ့တူတယ်။" (ပလက်ဝဒေသခံ)
မြန်မာစစ်တပ်ဟာလူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စနစ်တကျဆက်လက်ပြုလုပ်နေတယ်လို့ IIMM ကအစီရင်ခံစာထုတ်ပြန်ပါတယ်။ သမ္မတဟောင်း Donald Trump ရဲ့ဖလော်ရီဒါပြည်နယ်ကကိုယ်ပိုင်အိမ်ကို FBI အရာရှိတွေဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဒီလိုထိပ်တန်းရောက်သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်နဲ့အတူ စုစည်းတင်ဆက်ပေးပါမယ်။
သီရိလင်္ကာနိုင်ငံမှာ စီးပွားရေး ပျက်ကပ်ကြောင့် ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပြီး ပြည်သူ သန်းနဲ့ချီ အစားအသောက်စရိတ် မတတ်နိုင်ဘဲ ဖြစ်နေကြပါတယ်။ အလုပ်အကိုင်မရှိတာနဲ့ ဝင်ငွေ မရှိတာကြောင့်လည်း အခြေအနေ ပိုဆိုးလာပါတယ်။ မအိသန့်စင် တင်ပြထားပါတယ်။
သြဂုတ်လ ၉ ရက်နေ့ ကျင်းပမယ့် ကင်ညာနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း ၄ ယောက်မှာ ၃ ယောက်က သူတို့ရဲ့ ဒုသမ္မတတွေအဖြစ် အမျိုးသမီးတွေကို ရွေးချယ်ထားပါတယ်။ ဒါဟာ ကင်ညာ အမျိုးသမီး နိုင်ငံရေးသမားတွေအတွက် ထူးခြားမှုတခုပါ။ VOA သတင်းထောက် Juma Majanga ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူတွေကို ကွပ်မျက်လိုက်လို့ ဆိုးရာကနေ အဆိုးဆုံးအခြေအနေဖြစ်သွားတယ်လို့ အာဆီယံအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးတွေ ပြောခဲ့ကြပါတယ်။ ခုလိုတပတ်အတွင်း သတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့က စုစည်းတင်ဆက်ပေးပါမယ်။
နိုင်ငံရေးအပြောင်းအလဲတွေ ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံက လက်ဖက်ခူးသမားတွေ စီးပွားရေးအကျပ်အတည်း အခက်ကြုံနေကြပါတယ်။ သဘာဝမြေသြဇာသုံး အော်ဂဲနစ် လက်ဖက်စိုက်စေဖို့ ရည်ရွယ်ပြီး ဓာတ်မြေသြဇာ သုံးတာကို သမ္မတဟောင်း Rajapaksa က ၃ နှစ်ပိတ်လိုက်ပြီးတဲ့နောက် အထွက်နှုန်းကျသွားခဲ့ပါတယ်။ မအိသန့်စင် တင်ဆက်ထားပါတယ်။
ယူကရိန်းထဲရောက်နေတဲ့ ရုရှားတပ်တွေအတွက် ဗျူဟာကျထောက်ပို့တံတား ယူကရိန်းတပ်တွေ ဖျက်ဆီးနိုင်ခဲ့၊ အမေရိကန်က ရန်စရင် အနုမြူလက်နက်သုံးတိုက်ဖို့ ဝန်မလေးကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြော၊ ဖိလစ်ပိုင်မှာ အားပြင်းငလျင်လှုပ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကတော့ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေ တိုးလာတဲ့အတွက် အရေးပေါ် အဆင့်အဖြစ် ကြေညာလိုက်ပါတယ်။ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုကို ထိန်းချုပ်ဖို့ရော အမေရိကန် အဆင်သင့် ဖြစ်နေပြီလား။ မအိသန့်စင် တင်ဆက်ထားပါတယ်။
လူ ၅ ယောက်ထက်မစုဝေးရ အမိန့်ရှိနေဆဲ ရန်ကုန်မြို့လယ်မှာ လူအုပ်စုတစုဟာ သေဒဏ်စီရင်ခံခဲ့ရတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့နေအိမ်တွေရှေ့ကို ဒီကနေ့နေ့လည်ပိုင်း ကားတွေနဲ့ရောက်လာပြီး နေအိမ်ကို ခဲတွေနဲ့ပစ်ပေါက် အော်ဟစ်ဆဲဆိုတာတွေနဲ့ အကြမ်းဖက်မှုလုပ်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီလ ရုရှားတပ်တွေ ယူကရိန်းကို စတင် ကျူးကျော်တိုက်ခိုက်စဉ်တုန်းက ယူကရိန်းနိုင်ငံ Moshchun ရွာမှာ တိုက်ပွဲတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ဒီမြို့ကနေ ကီလိုမီတာ ၃၀ လောက်ဝေးတဲ့ မြို့တော် Kyiv ကို ရုရှားတပ်တွေ ရှေ့ဆက်တက်မလာအောင် ခုခံတိုက်ခိုက်ခဲ့ပါတယ်။ မအိသန့်စင် တင်ဆက်ထားပါတယ်။
ယူကရိန်းကို လက်နက်တွေ ထပ်တိုးပေးဖို့ အမေရိကန်လွှတ်တော်မှာ ယူကရိန်းသမ္မတကတော် တောင်းဆို၊ သီရိလင်္ကာနိုင်ငံမှာ သမ္မတ နိုင်ငံထဲက ထွက်ပြေးသွားပြီးတဲ့နောက် ဝန်ကြီးချုပ်က သမ္မတဖြစ်လာ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က ပြောပြပေးပါမယ်။
လွန်ခဲ့တဲ့ ၆ ပတ်အတွင်း ဥရောပတဝှမ်း ကိုဗစ်ကူးစက်မှု ၃ ဆတိုးလာပြီး တကမ္ဘာလုံးကူးစက်မှုတဝက်နီးပါးဟာ ဥရောပမှာဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးပါတယ်။ဆေးရုံတက်ရသူဦးရေသိပ်မရှိပေမယ့် ကိုဗစ်နဲ့ဆက်စပ်ပြီး ဆေးရုံတင်ရတဲ့လူနာဦးရေ ဥရောပမှာ ၂ ဆတိုးလာကြောင်းလည်း ဆိုပါတယ်။မအိသန့်စင်တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံအပါဝင်နိုင်ငံ ၁၁ နိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ အနိမ့်ဆုံး အဆင့် ပြည့်မှီအောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် အဆိုးရွားဆုံး အဆင့် Tire-3 မှာ သတ်မှတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နှစ်ပတ်လည်လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။ မအိသန့်စင် ဆက်ပြောပြပါလိမ့်မယ်။
ကန်သမ္မတ ဘိုင်ဒန် ပထမဆုံးအရှေ့အလယ်ပိုင်း ခရီးထွက်၊ စီးပွားပျက်သီရိလင်္ကာနိုင်ငံကနေ သမ္မတ ထွက်ပြေး၊ ဂျပန်မှာ တကျော့ပြန်ကိုဗစ်ကူးစက်မှု မြင့်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က ပြောပြပေးပါမယ်။
စစ်ကောင်စီရဲ့ ရခိုင်ကမ်းရိုးတန်းတလျှာက် စစ်ရေးလေ့ကျင့်မှုပြီးတဲ့နောက် မပေါက်ကွဲဘဲ ကျန်နေခဲ့တဲ့ တော်ပီဒို လက်နက်ကြီးကျည်တခုကို ဒီကနေ့ ဇူလိုင်လ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်လောက်က မာန်အောင်မြို့ မိမကြွယ်ကျေးရွာ ကမ်းခြေမှာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အစ္စရေးနိုင်ငံကို ရောက်ရှိပါတယ်။ သမ္မတတာဝန်ယူပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းကို ပထမဆုံးသွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ မအိသန့်စင် ပြောပြပါလိမ့်မယ်။
ဂျပန်မှာ ဝန်ကြီးချုပ်ဟောင်း အာဘေး လုပ်ကြံခံရလို့ သေဆုံး၊ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန် ရာထူးကနေ နုတ်ထွက်ဖို့ သဘောတူ၊ ပင်လယ်နက်ထဲက ဗျူဟာကျမြွေကျွန်းကို ယူကရိန်းတပ်တွေ ပြန်လည်ထိန်းချုပ်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က ပြောပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်