အမေရိကန်ပြည်ထောင်စုမှာ စစ်သားတွေအတွက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဆု Medal of Honor ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗီယက်နမ်စစ်ပြန် အမေရိကန်စစ်သား ၄ ယောက်ကို ချီးမြှင့်လိုက်ပါတယ်။ ပင်တဂွန်ဆိုင်ရာ VOA သတင်းထောက် Carla Babb ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင်က တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာထင်းမီးသွေးသုံးပြီးဟင်းချက်တာကြောင့် အိမ်တွင်းလေထုညစ်ညမ်းမှုဖြစ်နေပါတယ်။ ဒါကို ဖြေရှင်းဖို့ အိမ်တွေမှာဟင်းချက်ဖို့ဂက်စ်ဝယ်ဖို့ အစိုးရကထောက်ပံ့ပေးနေပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့ဂက်စ် သုံးဖို့ အစိုးရကရည်ရွယ်ပေမယ့် ဈေးတက်နေတာကြောင့်အခက်ကြုံနေရပါတယ်။ မအိသန့်စင်တင်ဆက်ထားပါတယ်။
ယူကရိန်းကို ဥရောပသမဂ္ဂ EU အဖွဲ့ဝင်လောင်းအဖြစ် သတ်မှတ်လိုက်၊ ရေနံနဲ့ လောင်စာဆီ ဈေးကွက်တွေ တည်ငြိမ်အောင် ရုရှားနဲ့ အီရန်တို့ ပူးပေါင်းလုပ်ဆောင်နေကြောင်း ရုရှားပြောဆို၊ အာဖဂန်နစ္စတန်ငလျင် လူထောင်ဂဏန်း သေဆုံး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
၆ လကနေ ၅ နှစ်အရွယ် ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ကို အမေရိကန် ဆေးဝါးကွပ်ကဲရေးအဖွဲ့က ခွင့်ပြုချက်ပေးလိုက်ပြီးတဲ့နောက် ဒီသီတင်းပတ်ထဲ ကလေးအငယ်ဆုံးလေးတွေ ကာကွယ်ဆေးထိုးခဲ့ကြပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
ဥရောပခေါင်းဆောင်တွေ ယူကရိန်းကို သွားရောက်ပြီး ယူကရိန်းပြည်သူတွေ အတူရပ်တည်မှုပြသ၊ မြောက်ကိုရီးယားနိုင်ငံမှာ အမျိုးအမည်မသိတဲ့ ကူးစက်ရောဂါသစ် တမျိုး ပြန့်ပွား၊ ကန်မှာ အတိုးနှုန်းတက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ပြထားပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ အစ္စရေး၊ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းနဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေကို သမ္မတတာဝန်ယူပြီး ပထမဆုံး ခရီးစဉ်အဖြစ် သွားရောက်ဖို့ စီစဉ်ထားပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြီးတွင်းစစ်အပြီး အာဖရိကန် အမေရိကန်တွေရဲ့ လွတ်လပ်ရေး ရရှိခဲ့တဲ့ ကျွန်စနစ် အဆုံးသတ်သွားတဲ့ Juneteenth နေ့ဖြစ်လာပုံကို မအိသန့်စင်ပြောပြပေးပါလိမ့်မယ်။
“၅ ရက်နေ့က စပြီးတော့ မီးရှို့တာပဲဗျ။ (အိမ်အပြင်) အများဆုံးကတော့ စပါးတိုက်တို့ တောင်သူသုံးပစ္စည်းတွေပေါ့ဗျာ။ ထွန်စက်လိုဟာမျိုးတွေပေါ့။ အလယ်ခုံမှာက ၁၆၂ အိမ်။ အဲ့ဒီမှာ စပါးတိုက်ကို ၁၆၂ အပြင်ကို ၁၆၄ လောက်ရှိတယ်။ အဲ့လောက်စပါးတိုက်ကို တဦးကို စပါးတင်း ၁,၅၀၀ လောက်ထိအောင်ကို ပါသွားတဲ့သူရှိတယ်။” (ဒေသခံ)
၃ လခွဲလောက် ရုရှားတပ်တွေ ထိုးစစ်ဆင်နေတဲ့ ယူကရိန်းအရှေ့ပိုင်းက မြို့ကို ရုရှားတွေ ထိန်းချုပ်လိုက်နိုင်၊ ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို တရားဝင် စိုက်ပျိုး ရောင်းချခွင့်ပေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
အမေရိကားနိုင်ငံတွေရဲ့စီးပွားရေး တိုးတက်စေဖို့နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ များပြားလာတာကို ထိန်းညှိဖို့ ရည်ရွယ်ပြီး ပုဂ္ဂလိက ကဏ္ဍမှာ ဒေါ်လာ ၃.၂ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ့်အကြောင်း အမေရိကန် ဒုသမ္မတ Kamala Harris က အမေရိကားတိုက်နိုင်ငံများ အစည်းအဝေး မှာကြေညာလိုက်ပါတယ်။ မအိသန့်စင်က တင်ပြပေးပါမယ်။
ယူကရိန်းမှာ ကလေးငယ်တွေ ကျောင်းမတက်ရတာကြောင့် ကျောင်းကြိုကားတွေမှာ လိုက်ပါစီးနင်းသူမရှိဖြစ်နေပါတယ်။ Lviv မြို့က ကျောင်းကားမောင်းသူတွေကတော့ ကားထိုင်ခုံနေရာတွေမှာ အရုပ်လေးတွေတင်ပြီး စစ်ပွဲအတွင်းသေဆုံးရတဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေကို အောက်မေ့အမှတ်တရ ဂုဏ်ပြုခဲ့ကြတဲ့ အကြောင်း မအိသန့်စင် ပြောပြပေးပါမယ်။
ကိုဗစ် ကူးစက်မှုတွေကြားက ရုန်းကန်ထွက်ပေါ်လာတဲ့ ကမ္ဘာနိုင်ငံတွေဟာ ငွေကြေးဖေါင်းပွဲမှု ပြသနာကို ထပ်ပြီး ရင်ဆိုင်နေရပါတယ်။ အမေရိကန်မှာလည်း အစားအသောက်၊ လောင်စာဆီဈေးတွေ တက်လာနေတဲ့ ပြသနာ အရင်းအမြစ်ကို ဖြေရှင်းဖို့ သမ္မတ Joe Biden အပေါ် ဖိအားပေးမှုတွေ တိုးလာနေပါတယ်။ မအိသန့်စင် ပြောပြပါလိမ့်မယ်။
ရဲကိုလှမ်းအကြောင်းကြားတော့လည်း သူတို့ အသက်ကိုတောင် သူတို့လုံခြုံအောင် မနည်းနေနေရတာ ဘယ်သူကိုမှလည်း သူတို့မစောင့်ရှောက်ပေးနိုင်ဘူး။ အခု ကိုယ်နဲ့ရင်းနှီးတဲ့ အရင်းအခြာတွေပဲစုပြီးတော့ ညဘက်ကျရင် ဖုန်းဖွင့်ထား၊ အရေးအကြောင်းရှိရင် လှမ်းခေါ်ဆိုတဲ့ပုံစံနဲ့ ကိုယ့်ဘာကိုယ်ပဲ ကာကွယ်နေရတဲ့သဘော။" (ရန်ကုန်ဒေသခံတဦး)
ယူကရိန်းကို အဆင့်မြင့်ဒုံးလက်နက်စနစ်နဲ့ စစ်လက်နက် ဒေါ်လာသန်း ၇၀၀ ဖိုး အမေရိကန်က ပေးဖို့ရှိ၊ ကိုဗစ်ကြောင့် ၂ လ ပိတ်ထားတဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ပြန်ဖွင့်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။
ယူကရိန်းမှာ ကျန်းမာရေးအဆောက်အအုံနဲ့ ကျန်းမာရေးဝန်ထမ်း အခု ၂၅၀ ထက်မနည်း တိုက်ခိုက်ခံရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါကိုအကူအညီပေးဖို့ ရွေ့လျားဓာတ်ခွဲခန်းတွေကို အမေရိကန်ကုမ္ပဏီတခုက တည်ဆောက်ပေးနေပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
ရုရုားကျူးကျော်စစ် ရပ်တန့်ရေး သမ္မတပူတင်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ဆန္ဒ ယူကရိန်းသမ္မတပြော၊ အမေရိကန်ပြည်ထောင်စု သေနတ်သမားလက်ချက်ကြောင့် မူလတန်းကလေး အများအပြား သေဆုံး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာ သတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကုလအတွင်းရေးမှူးချုပ် ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ တွေ့ဆုံ၊ ပြင်သစ်မှာ လက်ရှိသမ္မတ မက်ခရွန်း ၂၀၂၂ ရွေးကောက်ပွဲ အနိုင်ရ၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ရုရှားက မြန်မာစစ်ကောင်စီကို ထောက်ခံကြောင်း ပြသဖို့အာရုံမစိုက်နိုင်ချိန်မှာ တရုတ်ကတော့ မြန်မာစစ်ကောင်စီကိုအစိုးရအဖြစ် အသိအမှတ်ပြုဖို့ တိုးမြှင့်လုပ်ဆောင်နေတာတွေ့ရကြောင်း အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ USIPက မြန်မာနိုင်ငံလုံးဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower က ပြောပါတယ်။ မအိသန့်စင်မေးမြန်းထားပါတယ်
စက်မှုထိပ်သီးနိုင်ငံ ၂၀ အစည်းအဝေးမှာ ရုရှားကို ဆန့်ကျင်ကြောင်းပြပြီး အမေရိကန်နဲ့ တခြားကိုယ်စားလှယ်တွေ အစည်းအဝေးခန်းထဲကနေ ထထွက်သွားခဲ့၊ ရုရှားတိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်၊ အိန္ဒိယမှာ ကိုဗစ်ကူးစက်မှု ပြန်မြင့်တက်၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင် တင်ဆက်ထားပါတယ်။
“မြောက်ဦးမြို့နယ်နဲ့ဆိုရင် စခန်းတိုင်းလိုလိုက ပြိုတယ်ဗျ။ စခန်းတခုစီမှာ ၁၅၀ ပတ်ဝန်းကျင်လောက်တော့ ပါသွားတယ်ပေါ့။ အနည်းဆုံးက ၅၀၀ ကျော်ကျော် ၆၀၀ လောက်တော့ ပါသွားမယ်ပေါ့။ တချို့အိမ်တွေဆိုရင် လုံးဝပြိုသွားတာရှိတယ်။ တချို့အိမ်တွေကတော့ ခေါင်မိုးတွေက ပွင့်ထွက် သွားတာရှိတယ်။” (မြတန်ဆောင်းဆရာတော် အရှင် နန္ဒသာရ)
နောက်ထပ်ကြည့်ရှုရန်