ခရစ္စမတ်ရာသီမှာ အလုပ်များတဲ့ ဆန်တာဘိုးဘိုးတွေ ဘယ်သွားနေကြပါလဲ။ တချို့က မီးပုံပျံနဲ့ ရောက်လာကြသလို တချို့က လှေလှော်၊ မြည်းစီး၊ ဟာလီဒဗစ်ဆင်ဆိုင်ကယ်နဲ့ ရောက်လာခဲ့ကြတာပါ။ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင် တင်ဆက်ထားပါတယ်။
၂၀၂၂ ခုနှစ် အတွင်း အမေရိကန် ပါကစ္စတန် ဆက်ဆံရေး ပြောင်းလဲလာပုံနဲ့ တောင်အာရှမှာ အမေရိကန်နဲ့ တရုတ် အားပြိုင်မှုကြား ပါကစ္စတန်နိုင်ငံရဲ့ ကဏ္ဍအကြောင်း VOA သတင်းထောက် Sarah Zaman သုံးသပ်ရေးသားထားတာကို မအိသန့်စင် တင်ဆက်ပေးပါမယ်။
အိန္ဒိယနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့ စွမ်းအင်စီမံကိန်းတွေ တိုးလုပ်နေပေမယ့် ဒီနှစ်အတွင်း ကျောက်မီးသွေးအသုံးပြုမှု တိုးနေဆဲပါ။၂၀၇၀ ပြည့်နှစ်ကျရင် zero carbon ဖြစ်ဖို့အိန္ဒိယနိုင်ငံက ရည်မှန်းထားပေမယ့် စိန်ခေါ်မှုတွေ ရှိနိုင်ကြောင်း မအိသန့်စင်တင်ဆက်ထားပါတယ်။
အီရန်ဆန္ဒပြပွဲမှာ ဖမ်းခံရသူတဦးကို အီရန်အစိုးရ ပထမဆုံးကွပ်မျက်၊ တရုတ်သမ္မတရှီကျင်းပင် ဆော်ဒီအာရေးဗျနိုင်ငံကို သွားရောက်၊ အင်ဒိုနီးရှားမှာ အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်ဆက်ဆံမှု ရာဇဝတ်မှုမြောက် လွှတ်တော်သတ်မှတ်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် တင်ဆက်ထားပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ရာကဥရောပမှာ မြေပြင်စစ်ပွဲတွေ ကျယ်ပြန့်လာခဲ့သလို နျူကလီးယားစစ် ဖြစ်မယ့်အရေးစိုးရိမ်မှုတွေလည်းတိုးလာပါတယ်။အနောက်နိုင်ငံတွေကတော့ ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ပြီး ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေပါတယ်။ မအိသန့်စင် တင်ပြထားပါတယ်။
ရုရှားကျုးကျော်မှုကို ရှုတ်ချခြင်းမရှိတဲ့အပြင် ရုရှားနိုင်ငံထုတ် စွမ်းအင်တွေကိုလည်း တင်သွင်းနေဆဲ ဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ အမေရိကန်ကြား ဆက်ဆံရေးမှာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ မအိသန့်စင် တင်ဆက်ထားပါတယ်။
ရုရားရဲ့ ယူကရိန်းစစ်ရာဇဝတ်မှုများအရေးယူရေး အထူးတရားရုံးဖွဲ့စည်းဖို့ ဥရောပကော်မရှင် တိုက်တွန်း၊ တရုတ်ဆန္ဒပြပွဲနောက် ကိုဗစ်ကန့်သတ်ချက်တွေ လျှော့ချ၊ ကမ္ဘာ့ဖလားဘောလုံးပွဲ ပထမဆုံးအမျိုးသမီးကွင်းလယ်ဒိုင် ခန့်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ ကပ်ရောဂါကာလနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် ကျောင်းတွေ ယာယီပိတ်လိုက်ရတဲ့အချိန်မှာ 360ed ဓာတ်သင်ပုန်း သုံးပြီး လေ့လာသူဦးရေ တိုးလာတဲ့အကြောင်း 360ed တည်ထောင်သူ မလှလှဝင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိသန့်စင်က Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံရဲ့ အနာဂတ်ကလေးငယ်တွေရဲ့ ပညာရေးမှာ ရင်းနှီးမြှုပ်နှံကြဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ 360ed ဓာတ်သင်ပုန်းတည်ထောင်သူ မလှလှဝင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိသန့်စင်က Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။
မလေးရှားရွေးကောက်ပွဲ အန်နွာအီဘရာဟမ်အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်၊ အင်ဒိုနီးရှား အနောက်ဂျားဗားကျွန်းငလျင် လူ ၂၇၀ ကျော်သေဆုံး၊ တရုတ်နိုင်ငံ ကိုဗစ်ကူးစက်မှု မြင့်တက်၊ ဒီလို သီတင်းပတ်တွင်း ထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတသက်တမ်းဝက်လွှတ်တော်ရွေးကောက်ပွဲတွေ ပြီးဆုံးသွားချိန်မှာ ၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲဖက်ကို ပြည်သူတွေ အာရုံစိုက်လာကြပါတယ်။ VOA သတင်းထောက် Michelle Quinn ပေးပို့တဲ့ သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ရှမ်းနဲ့ကယားပြည်နယ် နယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ဖယ်ခုံမြို့နယ်က စစ်ပြေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ နေရာတွေမှာ ပြီးခဲ့တဲ့ ၂ ရက်က မြန်မာစစ်တပ် ဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေကြောင့် အရပ်သားကလေးငယ် ၁ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့ ဒေသခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေ ပြောပါတယ်။
ကန်သက်တမ်းဝက် ရွေးကောက်ပွဲ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပ၊ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး စာချုပ် TAC ကို ယူကရိန်းလက်မှတ်ထိုး၊ ကမ္ဘာ့ဥတုရာသီပြောင်းလဲမှုကိစ္စများ အီဂျစ် ကုလညီလာခံ COP27 မှာ ဆွေးနွေး၊ ဒီလို တပတ်အတွင်း ထိပ်တန်းရောက်နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းတို့ တင်ဆက်ထားပါတယ်။
မကြာခင်တုန်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ကို ပစ်မှတ်ထားပြီး သူ့အိမ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သလိုပဲ အမေရိကန်ပြည်ထောင်စု သက်တမ်းဝက်ရွေးကောက်ပွဲ နီးလာလေလေ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေဖြစ်လာမှာ စိုးရိမ်စရာရှိနေပါတယ်။ Anita Powell ပေးပို့တဲ့သတင်း မအိသန့်စင် ပြောပြပါမယ်။
အမေရိကန်မှာ ဒီမိုကရေစီ အတိုက်အခိုက်ခံနေရတယ်လို့ သက်တမ်းဝက်ရွေးကောက်ပွဲ မတိုင်ခင် သမ္မတဘိုင်ဒန်ပြော၊ မြောက်ကိုရီးယား ဒုံးကျည်အစင်းပေါင်းများစွာ ပစ်၊ တိုက်လေယာဉ်တွေ ပျံသန်းမှု ဒေသတွင်းတင်းမာမှုမြင့်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက်နိုင်ငံတကာ သတင်းတွေကို မအိသန့်စင်နဲ့ ကိုငြိမ်းချမ်းတို့ တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် နယ်စပ် လွိုင်ကော်မြို့နယ် ဆောင်ကန်း ကျေးရွာတဝိုက်မှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးလာတဲ့ မြန်မာစစ်တပ်တွေနဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေကြား မနေ့ကအထိ ၅ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုပ်အားခ တိုးပေးရေးတောင်းဆိုတဲ့ ရွှေပြည်သာမြို့နယ် ပေါင်ချိန်ဘိနပ် စက်ရုံက အလုပ်သမား နှစ်ဒါဇင်ကျော် ပြီးခဲ့တဲ့ရက်ပိုင်းက အလုပ်ဖြုတ်ခံခဲ့ရတာကြောင့် အလုပ်သမားတချို့ ဆန္ဒပြခဲ့ကြပါတယ်။ အလုပ်သမား အခွင့်အရေး အခြေအနေ သတင်းပေးပို့ချက်ကို မအိသန့်စင် က တင်ပြပေးပါမယ်။
အမေရိကန်လွှတ်တော်မှာ ဒီမိုကရက် အများစု နေရာဆက်ယူထားမလား၊ ရီပါဘလစ်ကန်တွေ ပိုအားသန်လာမလားဆိုတာကို နိုဝင်ဘာလ ၈ ရက်နေ့ သက်တမ်းဝက် ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာပါ။ VOA သတင်းထောက် Arash Arabasadi ပေးပို့တဲ့သတင်းလွှာကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ရုရှားက လျှပ်စစ်စက်ရုံတွေကို တိုက်ခိုက်တဲ့အတွက် ယူကရိန်းတနိုင်ငံလုံးမှာ ခွဲတန်းနဲ့ လျှပ်စစ်မီးပေး၊ တောင်နဲ့မြောက်ကိုရီးယား၂ နိုင်ငံကြား အပြန်အလှန် စစ်ရေးလေ့ကျင့် ပစ်ခတ်စမ်းသပ်မှုလုပ်၊ ဗြိတိန်မှာ ဝန်ကြီးချုပ်သစ် တက်၊ ဒီလိုသီတင်းပတ်တွင်း နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် ပြောပြပေးပါမယ်။
ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်း တခုအတွင်း မနေ့ညက လက်နက်ကြီးကျလို့ မိသားစုသုံးဦးထဲက တဦးသေဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ စစ်ရှောင်တွေက VOA ကို ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်