သက်တမ်းရှည်မြန်မာစစ်တပ်ဟာ အကျင့်ပျက်ချစားမှုတွေကြောင့် ဖွဲ့စည်းပုံယိမ်းယိုင်လာပြီ၊ စစ်ဘက်၊ အရပ်ဘက် ပြန်လည်သင့်မြတ်နိုင်ဖို့ တာဝန်ခံမှုရှိပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့လိုတယ်လို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က သုံးသပ်ပါတယ်။ မအိသန့်စင် တွေ့ဆုံမေးမြန်းထားပါတယ်။
"...ကျနော် သိရသလောက်တော့ မတူပီရော၊ ချင်းပြည်နယ် တခုလုံးဆို အလုံး ၇၀၀ ဝန်းကျင်လောက်တော့ ဆုံးရှုံးမယ်။ လောလောဆယ်တော့ မြေပြင်အခြေအနေက (ဖုန်း)လိုင်းတွေဖြတ်တောက် ထားတာဆိုတော့လေ အဆက်အသွယ်တော့ လုပ်လို့မရသေးဘူး။ တဆင့်စကား တဆင့်နဲ့ ဒီလိုသတင်းတွေ ရနေတာပေါ့။"
ပင်လယ်သမုဒ္ဒရာကို အသုံးချပြီး လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ဖယ်ရှားတဲ့ စီမံကိန်းတခုကို ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသီတွေက လုပ်ဆောင်နေပါတယ်။ မြေကမ္ဘာပူနွေးလာမှုကို လျှော့ချပြီး ဥတုရာသီပြောင်းလဲမှုကို ထိန်းနိုင်ဖို့ ရည်ရွယ်တာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ပိုင်းမှာ မကြာသေးခင်ကစလို့ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံတွေ လုံခြုံရေး စိုးရိမ်ပြီးထွက်ပြေးနေကြရပါတယ်။
အာဖရိကတိုက်နိုင်ငံတွေထဲ နည်းပညာပိုင်း အောင်မြင်သူ အများဆုံးထွက်တဲ့နိုင်ငံထဲ ကင်ညာနိုင်ငံလည်း ပါပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ကွန်ပြူတာနည်းပညာနဲ့ ကိုယ်ပိုင် အင်တာနက်စာမျက်နှာ ထောင်နိုင်အောင် သင်ပေးတဲ့ Code with Kids အစီအစဉ်ကို တည်ထောင်ထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီးကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် လူ ၁၇၀ ကျော် သေဆုံးစေခဲ့ပြီးတဲ့နောက် ဧပြီ ၁၉ ရက်နေ့ကစပြီး စစ်တပ်က စစ်ကြောင်း ၄ ကြောင်းနဲ့ ကန့်ဘလူမြို့နယ် တစ်ခုလုံးကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူတွေ မကြားနိုင်ပေမယ့် ဖိစီးမှုများတဲ့ အခြေအနေမှာ အပင်တွေက အော်တတ်ကြတယ်လို့ အစ္စရေးသုတေသီတွေက ပြောပါတယ်။ ဂျုံ၊ စပျစ်နွယ်ပင်၊ ဆေးရွက်ကြီးနဲ့ ခရမ်းချဉ်သီးပင်တွေအပါအဝင် အပင်တွေကို သုတေသီ တဖွဲ့ကလေ့လာနေတာ ၆ နှစ် ရှိပါပြီ။ အေပီသတင်းဆောင်းပါးကို မအိသန့်စင်က ပြန်ပြောပြမှာပါ။
ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ နေ့အပူချိန် တိုးလာနေပြီး၊ အခု ဧပြီလထဲမှာ အပူချိန်သိသိသာသာ ထပ်တိုးလာတာကို ခံစားနေရတာပါ။ မိုးလေဝသနဲ့ ဇလဗေဒဌာနရဲ့ အမြင့်ဆုံးအပူချိန် ခန့်မှန်းချက်တွေနဲ့အတူ အပူဒဏ်ကြောင့် ရုတ်တရက်ဖြစ်လာနိုင်တဲ့ ကျန်းမာရေး သတိပေးချက်တွေလည်း ရှိနေပါတယ်။
ဘိုးဘွားရိပ်သာကို ပြောင်းရွှေ့နေထိုင်ဖို့လိုတဲ့ သက်ကြီးရွယ်အိုတွေက သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ချန်ထားရစ်ကြရပါတယ်။ ဒါပေမယ့် သက်ကြီးရွယ်အိုတွေအတွက် အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဆက်နေတာက အထောက်အကူဖြစ်နိုင်ကြောင်း သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။မအိသန့်စင် တင်ဆက်ထားပါတယ်။
သြစတြေးလျနိုင်ငံ Darwin ဒါဝင်ဒေသမှာ လူငယ်တွေရဲ့စိတ်ကျန်းမာရေး ကုထုံးအတွက် ပုံရိပ်တုနည်းပညာ VR ကို သုံးပြီး ကုလာကြပါတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ရောစပ်ထားတဲ့ ဒီဂျစ်တယ်ကမ္ဘာတွေ ဖန်တီးပြီး စိတ်ကျန်းမာရေးကို ကုသကြတာပါ။ အေပီသတင်းဆောင်းပါးကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ကယားပြည်နယ်(ဒေသအခေါ် ) ကရင်နီဒေသ လွိုင်ကော် - ဘောလခဲကားလမ်းမ သွားလာခွင့်ပိတ်ပင်ထားလို့ ဒေသတွင်းကုန်စည်စီးဆင်းဖို့ အခက်ကြုံနေပြီး၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲ အခြေအနေတွေကြောင့် အဓိကလမ်းပိုင်း အသုံးမပြုနိုင်ချိန်မှာ ခရီးကုန်ကျစရိတ်ကလည်း သိန်းဂဏန်းအထိ ဈေးပေါက်နေတာပါ။
စစ်တပ်က အာဏာသိမ်းထားပြီး အကျပ်အတည်းတွေ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ထပ်မဖြစ်အောင် တားမြစ်နိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ် ရှိဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့ဖွဲ့စည်းပုံ အခြေခံဉပဒေကို လေ့လာနေတဲ့ ပညာရှင်တွေက ထောက်ပြပါတယ်။ မအိသန့်စင်က တင်ဆက်ထားပါတယ်။
အသက်ရင်းပြီး အန္တရာယ်များတဲ့ ပင်လယ်ပြင်ဖြတ်ကျော် ထွက်ပြေးကြတဲ့ ရိုဟင်ဂျာဦးရေ တိုးလာတဲ့အကြောင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ရေး ပညာရှင်တွေနဲ့ ဆွေးနွေးပွဲတရပ်ကို ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာအဖွဲ့ တို့ ပူးတွဲကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ကိုယ်တိုင် သတင်းယူခဲ့တဲ့ မအိသန့်စင်က ပြောပြပေးမှာပါ။
စစ်အာဏာသိမ်းချိန် တရားမျှတမှုမရှိဘူးလို့ခံစားရချိန်မှာလွတ်မြောက်နေသူတွေရဲ့ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်ပေါ်တတ်ကြောင်းကုသမှုဆိုင်ရာစိတ်ပညာပါရဂူကျောင်းသူတယောက်က VOAကိုပြောပါတယ်။စိတ်ဒဏ်ရာကုစားရာမှာ အထောက်အကူဖြစ်နိုင်တဲ့အချက်တွေကိုလည်းဝေမျှထားတာကို အာဏာသိမ်းမှု ၂နှစ်ပြည့်မှာ မအိသန့်စင်ကမေးမြန်းတင်ဆက်ထားပါတယ်။
ယူကရိန်းမှာ စစ်ရေးအရ ထိခိုက်ပျက်စီးခဲ့တဲ့ သမိုင်းဝင် အဆောက်အအုံဟောင်းတွေကို ပြင်ဆင်ဖို့ ၂၀၁၄ ခုနှစ်ကတည်းက ကူညီနေတဲ့ Lviv Knights စေတနာ့ဝန်ထမ်းအဖွဲ့က အခုတော့ ယူကရိန်း စစ်သားတွေကိုပါ အကူအညီပေးနေပါတယ်။ Omelyan Oshchudlyak သတင်းပေးပို့ထားတာကို မအိသန့်စင် ပြောပြပါ့မယ်။
အွန်လိုင်းကနေ ဗွီဒီယိုနဲ့ ဖုန်းခေါ်တဲ့အခါ ၂ ဖက်မြင် ပုံရိပ်ချည်းပဲ မြင်ရတာ ရိုးနေပြီဆိုရင် Wehead ကုမ္ပဏီက ထုတ်တဲ့ ၃ ဖက်မြင် ဗွီဒီယိုဖုန်းပြောရင်းနဲ့ အဝေးရောက်နေတဲ့သူနဲ့ အခန်းထဲမှာ အတူတူရှိနေသလို ခံစားရနိုင်ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
ရှေးရိုးစွဲ အော်သိုဒေါက်စ် ခရစ်ယာန်တွေရဲ့ ခရစ္စမတ်အခါသမယ အထိမ်းအမှတ် သမ္မတပူတင် ယူကရိန်းမှာ ယာယီအပစ်ရပ်ခိုင်းခဲ့၊ တရုတ်ကိုဗစ်ကူးစက်မှု ကုတင်မလောက်တဲ့ ထိဖြစ်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် တင်ဆက်ထားပါတယ်။
ရုရှားသမ္မတ Vladimir Putin ဘဲလာရုစ်နိုင်ငံကို သွားရောက်ခဲ့တာဟာ ဘဲလာရုစ်အာဏာရှင် Alexander Lukashenko နဲ့ ပူးပေါင်းပြီးယူကရိန်းကို တိုက်ခိုက်ဖို့ ဖိအားပေးတာလို့ ယူကရိန်းအာဏာပိုင်တွေက မြင်ပါတယ်။ ဒီအခြေအနေအတွက် ယူကရိန်းစစ်တပ်က လနဲ့ချီ ပြင်ဆင်နေတာပါ။ မအိသန့်စင် တင်ဆက်ထားပါတယ်။
နှစ်ကုန်ချိန် ရုရှားက ယူကရိန်းကို စစ်ထိုးဆဲ၊ မြောက်ကိုရီးယားဒရုန်းလို ကျူးကျော်မှုတွေချေမှုန်းဖို့ တောင်သမ္မ စစ်တပ်ကို အမိန့်ပေး၊ တရုတ်ကနေ အမေရိကန်ကို လာရောက်သူအားလုံး ကိုဗစ်ကင်းရှင်းကြောင်း ပြသဖို့လိုအပ်၊ ဒီလို တပတ်အတွင်းထိပ်တန်းရောက် နိုင်ငံတကာသတင်းတွေကို မအိသန့်စင်နဲ့ ကိုအောင်အောင် တင်ဆက်ထားပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ အိမ်မွေးတိရိစ္ဆာန်နဲ့ သူ့သခင်တွေ တခြားသူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့နိုင်ဖို့ ပွဲတခု စီစဉ်ကျင်းပခဲ့ပါတယ်။ ခွေးတွေ၊ ကြောင်တွေသာမက ဖွတ်ကောင်တွေပါ ပါဝင်တဲ့ နယူးဒေလီမြို့တော်က အိမ်မွေးတိရိစ္ဆာန်ပွဲတော်အကြောင်း အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်