တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်မှာ မိုးများရေကြီးမှုတွေကြောင့် စာသင်ကျောင်းတချို့ ပိတ်ထားရပါတယ်။ မိုးသည်းထန် လေပြင်းတိုက်ခိုက်မှုတွေကြောင့် မြေပြိုမှုတွေကြုံခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ အရေးပေါ် အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒီ
ကမ္ဘာတဝှမ်း မိခင်နဲ့ကလေးသေဆုံးမှု လျှော့ချနိုင်ရေးနဲ့ မြန်မာနိုင်ငံတွင်းက လိုအပ်နေသူတွေကိုလည်း အိန္ဒိယရုံးခွဲကတဆင့် ထောက်ပံ့ကူညီနေကြောင်း စက်တင်ဘာလ ၁၉ -၂၀ ရက်နေ့တွေမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ Goalkeepers ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ ဒေါက်တာ မျိုးမြင့်အောင်က ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် အပါအဝင် အာဆီယံနိုင်ငံတချို့က အထွေထွေညီလာခံ မိန့်ခွန်းမှာ တခုတ်တရ ထည့်သွင်းပြောဆိုသွားကြပါတယ်။ အထွေထွေညီလာခံကို သွားရောက် သတင်းယူတဲ့ မအိသန့်စင်ကတော့ အခုလို သတင်းပေးပို့ထားပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ သူ့အကျိုးစီးပွားအတွက် ကုလသမဂ္ဂကို အသုံးမချနိုင်အောင်နဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို နိုင်ငံတကာက ကြားသိအောင် ဆက်လက်လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ မအိသန့်စင်က နယူးယောက်မြို့မှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
လက်ရှိ ကျင်းပနေတဲ့ကုလသမဂ္ဂအထွေထွေညီလာခံကနေမြန်မာ့အရေး ဆုံးဖြတ်ချက်ချတဲ့အခါ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖေါက်မှု ကျုးလွန်သူတွေအပေါ်အရေးယူနိုင်တဲ့အထိ ပိုမိုအားကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်ဖို့ ကြိုးပမ်းနေတယ်လို့သံအမတ်ကြီးဦးကျော်မိုးထွန်းက VOA ကိုပြောပါတယ်။မအိသန့်စင်တွေ့ဆုံမေးမြန်းထားပါတယ်။
ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြု သံအမတ်ကြီးစိစစ်ခန့်ထားရေးကိစ္စမှာ မနှစ်ကအတိုင်းလိုပဲ ဆိုင်းငံ့ထားနိုင်ခြေရှိတယ်လို့ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်တာဝန်ယူနေတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ဗွီအိုအေကို ပြောပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ရောက်ရှိနေချိန်မှာပဲ အထွေထွေညီလာခံကို သတင်းယူဖို့ ဗွီအိုအေမြန်မာပိုင်းအစီစဉ်က မအိသန့်စင်လည်း နယူးယောက်မြို့ကို ရောက်နေပါတယ်။ မအိသန့်စင်ကို ဗွီအိုအေ စတူဒီယိုကနေ မအင်ကြင်းနိုင် တိုက်ရိုက်မေးမြန်းထားပါတယ်။
ဂျော်ဒန်နိုင်ငံမှာ အင်ဂျင်မပါတဲ့ ဒီဇိုင်းဆန်းကားပြိုင်ပွဲကို ကျင်းပ၊ ဂျာမနီနိုင်ငံက ကလေး ၂ ယောက် အမေ ခရု ပက်ကျိအကြောင်း မျှဝေရင်း အွန်လိုင်းမှာ နာမည်ကြီး၊ စကော့တလန်နယ်မှာ ဒဏ္ဍာရီထဲက ရေနဂါးကြီး ရှာဖွေပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ပေးထားပါတယ်။
မြန်မာ့ပဋိပက္ခဖြေရှင်းရေးမှာ အာဆီယံတခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင် စွမ်းရှိမှာမဟုတ်လို့ အမေရိကန် အီးယူအပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ သဘောထားတူသူတွေကြား မြန်မာ့မိတ်ဆွေနိုင်ငံများဆိုတာ စုစည်းပြီးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကပြောပါတယ်။
မြန်မာ့ပဋိပက္ခဖြေရှင်းရေးမှာ အာဆီယံတခုတည်းအနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိမှာမဟုတ်လို့၊ အမေရိကန် အီးယူအပါအဝင် မြန်မာ့အရေးဖြေရှင်းဖို့ သဘောထားတူသူတွေအကြား မြန်မာ့မိတ်ဆွေနိုင်ငံများဆိုတာ စုစည်းပြီးကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ HRW အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှုး Phil Robertson ကပြောဆိုပါတယ်။
နေ့လည်နေ့ခင်း မလှဲဘဲ မတ်တပ်ရပ်သလိုနဲ့ တရေးအိပ်နိုင်မယ့် ဂျပန်ကော်ဖီဆိုင်၊ ဒေါ်လာ တထောင် ကျော်တန် အီတလီဒိန်ခဲ အတုမလုပ်အောင် ကွန်ပြူတာချစ်ပ်ပြားထည့်၊ ရဝမ် မျောက်ဝံတွေ စုပေါင်းကင်ပွန်းတပ်ပွဲ ကျင်းပ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို မအိသန့်စင်နဲ့ ကိုဝင်းခန့်မောင်တို့ တင်ဆက်ပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၂၄ အစိုးရအသုံးစရိတ်ကနေ မြန်မာ့အရေးသုံးဖို့ အထက်လွှတ်တော် အဆိုပြုချက်အရ နောင်နှစ်မှာ မြန်မာ့အရေးထောက်ပံ့မှု အလားအလာကောင်းကြောင်း မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့အစည်း CAM က သုံးသပ်ပါတယ်။ CAM အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်ကို မအိသန့်စင် ဆက်သွယ် မေးမြန်းထားပါတယ်။
ဗြိတိန်နိုင်ငံက အိမ်တွေမှာ အပူချိန် ထိန်းညှိပေးတဲ့ စက်တွေနဲ့ နေရောင်ခြည်စွမ်းအင် ဆိုလာ ပြားတွေကို တပ်တာ ပိုများလာတဲ့အကြောင်း စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်
မြန်မာနွယ်ဖွား အမေရိကန်ကျောင်းသူကျောင်းသားတွေရဲ့ ပညာရေးစွမ်းဆောင်ရည်က ကောင်းမွန်တဲ့ အခြေအနေမှာ ဆက်လက်ရှိနေကြောင်း သြဂုတ်လ ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ Indiana ပြည်နယ်အခြေစိုက် မြန်မာ-အမေရိကန် လူမှုရေးအသင်း BACI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက် နယ်မြေရှင်းလင်းပြီး ဒေသခံတဦးကို သတ်ဖြတ်ခဲ့သလို၊ ဒီပဲယင်းနယ်ထဲမှာလည်း ရွာတရွာကို မနေ့က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကမ္ဘာ့လူဦးရေက သန်း ၈ထောင်ပြည့်သွားပြီလို့ မကြာသေးခင်ကပဲကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာဖော်ပြပါတယ်။၂၀၅၀ ပြည့်နှစ်ကျရင်လူဦးရေသန်း ၉ ထောင့် ၇ရာထိ ဖြစ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ကင်ညာနိုင်ငံမှာတော့ လူဦးရေက ၅၃ သန်းကျော် ရှိနေပြီး ဒီထက်လည်းပိုတိုးလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။မအိသန့်စင် တင်ဆက်ထားပါတယ်။
လေဆာအလင်းတန်းသုံးပြီး အင်တာနက်ကွန်ရက် ဖြန့်လို့ရနေပါပြီ၊ လက် ၂ ဘက်နဲ့ မနိုင်မနင်း ဖြစ်နေသူတွေ ရေဘဝဲလို လက်အများကြီးတပ်ထားနိုင်အောင် ဂျပန်မှာ တီထွင်နေကြပါတယ်။ အခုလို သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ မအိသန့်စင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့ တင်ဆက်ထားပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်က မြို့တော် လွိုင်ကော် အပါအ၀င် နေရာဒေသ အတော်များများမှာ ဇွန် ၂၇ ရက် မနက်ပိုင်းကစလို့ ဖုန်းခေါ်လို့ မရတော့တဲ့အပြင် မိုဘိုင်းအင်တာနက်ရော Wifi အင်တာနက်တွေပါ အသုံးပြုလို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ MPT နဲ့ Mytel ဖုန်းတွေတော့ ဖုန်းခေါ်လို့ရတယ်လို့ ..
ထိုင်ဝမ်အထက်တန်းကျောင်းက သေနတ်ပစ်ကွင်းမှာ မောင်းပြန် ရိုင်ဖယ်သေနတ်နဲ့ တခြားလက်နက်တွေကို ကျောင်းသူကျောင်းသားတွေ ခုခံကာကွယ်ဖို့အနေနဲ့ လေ့ကျင့် ပစ်ခတ်နေကြပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။
အသက်ရှည်ဆေး ပေါ်တော့မလား၊ ၁၉ ရာစုထဲက ကွယ်လွန်သွားတဲ့ ပန်းချီဆရာကြီးဗန်ဂိုး နဲ့ မျက်နှာချင်းဆိုင် စကားပြောနိုင်အောင် ပြင်သစ်ကုမ္ပဏီတခုက လုပ်ထားပြီ စတဲ့သတင်းဆန်းလေးတွေကို ထူးခြားဆန်းပြား သတင်းများ အစီအစဉ်မှာ မအိသန့်စင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်